Main menu

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ် မတ်လ ပထမပတ်အတွင်း မုံရွာမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်း ဆန်တစ်ပြည်အဟောင်း (၃၄၀၀) ကျပ်နှင့် ဧရာမင်း ဆန်တစ်ပြည်အသစ်(၃၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၇၆၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာ လျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ဂျင်းတက် တစ်ပိဿာ လျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၈၀၀၀)  ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၂၆၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်တို့ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းအနေဖြင့်  တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀)ကျပ်၊ သေးတစ်လုံး(၃၀၀)ကျပ်ရှိပါသည်။ သား/ ငါးဈေးနှုန်းမှာ ကြက်သား (CP) တစ်ပိဿာ( ၁၀၀၀၀)ကျပ်မှ  (၁၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၇၀၀၀)ကျပ်မှ (၁၈၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မတ်လ ပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ (၁၀၀)ကျပ် ဈေးနှုန်းတက်လျက်ရှိကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာဈေးနှုန်းမှာ (၃၀၀)ကျပ် ဈေးကျလျက်ရှိကြောင်း၊ ကျန်အခြေခံစားကုန်များ ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့ရှိဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)