Main menu

မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း၌ကျင်းပပြုလုပ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၁၆-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မုံရွာမြို့၊  ဒေါနခြံရပ်ကွက်ရှိ ရက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်စန်းစန်းဝေက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များကိုရှင်းလင်းကာ စားသုံးသူများ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ရာ အခန်းပေါင်း (၂၅) ခန်းနှင့် ပုဒ်မပေါင်း (၈၄) ခုပါဝင်ကြောင်း၊ ဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ ကျေးရွာများ၊  တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ရသည့်အကြောင်းများ၊  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center (၁၅၃၅) ကို ဖွင်းလှစ်ထားရှိပါသည်။ ထို့နောက် တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့ရာ ဆရာ/ဆရာမ (၅) ဦး၊ သင်တန်းသား/သူ (၂၅) ဦး၊ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ပြီးနောက် သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်ခြင်း၊ ဖြေကြားခြင်း၊  စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)