Main menu

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသောဆန်ဈေးနှုန်းများ

Powered by Drupal

      ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်ရာဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ပခုက္ကူမြို့သို့ ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူဒေသများမှလည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

      လူအများစားသုံးသောဆန်ဖြစ်သည့် ဧရာပဒေသာဆန်မှာ ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် မြောင်းမြဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၇၄၀၀၀)၊ စလင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနှင့် ရှောက်တောမှလာသော ဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဧည့်မထဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်(၆၇၀၀၀-၇၀၀၀၀)၊ မနောသုခဆန်တစ်အိတ်လျှင် ကျပ်(၇၁၀၀၀)၊ ဧရာမင်းဆန်တစ်အိတ်လျှင် ကျပ်(၉၈၀၀၀)၊ ဝန်ကြီးပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ မနောဖြူဆန်တစ်အိတ်လျှင် ကျပ်(၇၁၀၀၀)စသည့်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက်သကဲ့သို့ ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေးကောင်းမွန်ပြီး ပထမအပတ်တွင် တစ်အိတ်လျှင် ကျပ်(၈၅၀၀၀ - ၉၀၀၀၀)မှ ယခုမေလ(ဒုတိယပတ်)တွင် ကျပ်(၁၀၅၀၀၀)ထိဈေးတက်လာခဲ့ပါသည်။ မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်(၈၃၀၀၀ - ၈၅၀၀၀)မှ ကျပ်(၈၇၀၀၀ - ၉၅၀၀၀)ထိဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)