Main menu

HighLight News

Powered by Drupal

ပခုက္ကူမြို့ပေါ်ရှိ “ စံထူး ” အာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်နှင့် ထုတ်လုပ်မှုအဆင့်ဆင့်အား မေးမြန်းဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည်  ပြည်တွင်း MSMEs ကဏ္ဍလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ (၁၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ “ စံထူး “ အာလူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ဈေးနှုန်း၊ ဈေးကွက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းမေးမြန်းရာတွင် အာလူးကြော်လုပ်ငန်းရှင်က ယခုလက်ရှိအချိန်တွင် အာလူးကြော်များ ရောင်းအားသွက်လျက်ရှိပါကြောင်း၊ ရှမ်းအာလူး(ရှယ်)များကို အောင်ပန်းမြို့မှ ကျောက်ပန်းတောင်းမြို့သို့ရောင်းချပြီး  ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ဝယ်ယူကြောင်း၊ အာလူး(၁)ပိဿာကို ပခုက္ကူမြို့အရောက် ကျပ် (၂၅၀၀) ဖြင့် ဝယ်ယူရကြောင်း၊ အာလူးတစ်ပိဿာကြော်လျှင် အာလူးကြော်(၂၅)ကျပ်သားထွက်ရှိကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှပိဿာအချိန်(၃၀)ပါ (၂)အိတ်ကြော်ရကြောင်း၊ ကျပ်(၂၀၀)တန်နှင့် ကျပ် (၁၀၀၀)တန်များထုတ်လုပ်ရောင်းချကြောင်း၊ ပခုက္ကူမြို့မဈေးတွင် အဓိကထားရောင်းချကြောင်း၊ ယခင်အချိန်က ရန်ကုန်နှင့် မုံရွာမြို့သို့ တင်ပို့ရောင်းချပြီး လက်ရှိအချိန်တွင် မြို့ပေါ်တွင်သာရောင်းချရကြောင်း၊ အာလူးကြော်လုပ်ငန်းမှာ စဉ်ဆက်မပြတ်ကြော်နေရပြီး ဖောက်သည်များလည်းရှိပါကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်၍ လုပ်သားများအနည်းငယ်သာထားရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဝင်ငွေမှာ မိသားစုစားဝတ်နေရေးအဆင်ပြေ၍ တွက်ခြေကိုက်မှုရှိပါကြောင်း လုပ်ငန်းရှင်၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)

 

ဘေးအန္တရာယ်ရှိသောကုန်စည်များ လျော့နည်းပပျောက်စေရေး စီးပွားရေးလုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံအသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင်များထံသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။  

          ထိုသို့ဆွေးနွေးရာတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေသည့်ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း (သို့) သွယ်ဝိုက်ရောင်းချခြင်းကိုရှောင်ကြဉ်ရန်နှင့် အာမခံပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးရန် စသည့်အချက်များမှာ မိမိတို့၏တာဝန်များဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ထုတ်ကုန်များမှာ စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားမည်ဖြစ်သောကြောင့် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများအား စားသုံးသူများက စားသုံးသူကာကွယ်ရေးဥပဒေအား လိုက်နာဆောင်ရွက်ခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းရှင်အဖြစ် ယုံကြည်မှုရရှိ၍ ဈေးကွက်များပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ပြီး စားသုံးသူသာမက လုပ်ငန်းရှင်ပါ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းသည့် (Win……Win) စနစ်အား လိုက်နာစေချင်ကြောင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့၊ နောက်လယ်ရပ်ရှိ အခြေခံစားသောက်ကုန်များအား ကွင်းဆင်းစုံစမ်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စျေးနှုန်းများ စျေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် စျေးကစားမှုမဖြစ်စေရန်တို့အတွက် စျေးနှုန်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ်၊ မေလ(၂၀)ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ လက်ကားကုန်စုံဆိုင်များသို့သွားရောက်၍ အခြေခံစားကုန်စျေးနှုန်းများအား ကွင်းဆင်းစုံစမ်းခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစုံစမ်းရာတွင် ဆန်၊ ဆီ၊ ကုန်မျိုးစုံ၏အချက်အလက်၊ စျေးနှုန်းများကိုမေးမြန်းခဲ့ပြီး စားအုန်းဆီများအား ကျပ်သား/ ပိဿာ မှန်ကန်စွာသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေမှု၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စျေးနှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့် စျေးကစားခြင်းများမပြုလုပ်ရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံနှင့်  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် မေလ (၁၇)ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အအမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များ ပြည့်စုံခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့်  ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့်အမိန့်အမှတ်(၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များအားအသိပညာပေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုတာဝန်ခံနှင့်  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် မေလ (၁၇)ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိစားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင်မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အအမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များ ပြည့်စုံခြင်းရှိ/ မရှိ၊  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့်  ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့်အမိန့်အမှတ်(၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များအားအသိပညာပေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

သင့်မြတ်ဆေးဆိုင်အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

        ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုဝေ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)မှ ဒေါက်တာအောင်ကိုကို စသည့်ဌာနများပူးပေါင်း၍ (၁၇-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၁၈)၊ စည်ပင်လမ်း၊ (၁၉)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်ရှိ သင့်မြတ်ဆေးဆိုင်မှ  ဆိုင်တာဝန်ခံ‌ဒေါက်တာကေခိုင်ငြိမ်းနှင့်   သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင်ဆေးအမျိုးပေါင်း (၁၀၀) ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဒေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး AA, DKSH, UP, Mega စသည့်ဆေးကုမ္ပဏီများမှပေးပို့သည့် ဈေးနှုန်းများအပေါ်၅% မှ 10% အထိ အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း အဆိုပါဆေးဝယ် ယူသည့်အရေအတွက်၊ သိုလှောင်ရုံ ပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်ပေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၆-၅-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအတွက် အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ပေးခဲ့ပါသည်။

     ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချကပေးခြင်း၊ ပုဒ်မ(၂၄)ပါ အချက်အလက်များ၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးပါအချက်အလက်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏  www. doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒေါ်မြတ်မြတ်စိုး၊ ဒု-ဦးစီးမှူးသည် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍   မေလ(၁၆)ရက်နေ့၊  နံနက်(၁၀:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (အ.မ.က)ကျွန်းဦးကျောင်းတွင်း ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးမှ ဝန်ထမ်းများသည် စားသုံးသူများနစ်နာဆုံးရုံးမှုမရှိစေရန်ရည်ရွက်၍  စားသုံးသူအခွင့်အရေး(၈) ချက်အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်ပေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၇-၅-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ပေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနရုံးချုပ်၏ www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျိုက်လတ်မြို့၊ (၆) ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

      ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ (၆) ရပ်ကွက်နေ ပြည်သူ(၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါအသိပညာပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့် Call Center No. (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News
a