Main menu

HighLight News

Powered by Drupal

ကန့်ဘလူခရိုင်၏ ဧပြီလအတွင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ (၂-၄-၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ စားသုံးသူအသိပညာပေးဟောပြောခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ (၂၂-၄-၂၀၂၄)ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့နယ်၊ မျိုးသန့်ခြံ၌ စားသုံသူအသိပညာပေးဟောပြောပွဲ(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများအနေဖြင့် “ပြည်သူတိုင်းသည် စားသုံးသူဖြစ်သည်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိသည်” ဆိုသည့်အတိုင်း စားသုံးသူအခွင့်အရေး (၈)ချက်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကြုံတွေ့လာရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို သေချာစိစစ်ရွေးချယ်ဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ လစဉ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ၊  ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း  ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ ဧပြီလ(၁-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ “ပေါ်ဦး” သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံကွင်းဆင်းခြင်း(၁)ကြိမ်၊ ဧပြီလ(၂-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်အတွင်းရှိ “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့် အကြော်စုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်း(၁)ကြိမ်၊ ဧပြီလ(၂-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများနှင် အလုပ်သများများအား စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ (၁) ကြိမ်ကျင်းပပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့လိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် ကုန်အညွှန်းအမှတ်အသားများမပြည့်စုံပါက စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားကြရန်လိုအပ်ကြောင်း၊ ထိုသို့လျှောက်ထားရာ၌ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် ဟောပြောပွဲတွင်လည်း စားသုံးသူပြည်သူများသည်  စားသုံးသူအခွင့်အရေး(၈)ချက်ကိုသိရှိပြီး အခွင့်အရေးများတောင်းဆိုတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့်  စားသုံးသူပြည်သူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်တို့ကို အကျယ်တဝင့်ဟောပြောခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ၎င်းကို  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့ဦးဆောင်၍ ဝန်ထမ်း(၁)ဦးတို့သည် (၂၉-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

       မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်၊ အလေးချိန်နှင့် အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်၊၊

      စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းရောင်းချပေးကြောင်းသိရှိရပါသည်၊၊

      မုံရွာခရိုင်အတွင်း (၁-၄-၂၀၂၄) ရက်နေ့မှ (၁၂-၄-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၂၃၁၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၈၅၀ကျပ်ဖြင့်လည်းကောင်း၊ (၂၂-၄-၂၀၂၄) ရက်နေ့မှ (၂၆-၄-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၁၅၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့်လည်းကောင်း၊  (၂၉-၄-၂၀၂၄) ရက်နေ့မှ (၃၀-၄-၂၀၂၄) ရက်နေ့အထိ စားအုန်းဆီပိဿာချိန် (၄၆၂၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၉၀၀ကျပ်ဖြင့်လည်းကောင်း စုစုပေါင်းပိဿာချိန် (၃၉၂၇၀) ပိဿာခန့်ကို လူစည်ကားရာရပ်ကွက်များ၊ ဈေးအပြင်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၄/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါသည်။

        မုံရွာခရိုင်အနေဖြင့် (၄/၂၀၂၄) လအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗဒုံရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့၊ အောင်ချမ်းသာဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ  လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်ရှိ (၄/၂၀၂၄) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပါသည်။

        မုံရွာခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၅-၄-၂၀၂၄)ရက်နေ့တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “အိအိချွန်" ပဲချောင်း၊ မုန့်ကြိုးလိမ်လုပ်ငန်းရှင်အားလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၂၅-၄-၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “စကားဝါ”အာလူး/ ပြောင်းဖူးကြော်လုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာန၏ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ လျှမ်းလျှမ်းတောက် ပဲကြော်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းလေ့လာ

     စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့တွင် စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ "လျှမ်းလျှမ်းတောက်" ပဲကြော်လုပ်ငန်းသို့သွားရောက်၍ ပိုင်ရှင်ဦးမျိုးသိန်းထွန်းနှင့်တွေ့ဆုံခဲ့ပါသည်။

       "လျှမ်းလျှမ်းတောက်" ပဲကြော်လုပ်ငန်းကို ၂၀၁၄ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၅၀) ကျော်ခန့်ဖြင့် စတင်ခဲ့ကြောင်း၊ ကုန်ကြမ်းပဲများကို မန္တလေးကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူပြီး  ကုန်ချောပဲကြော်များကို တံတားဦး၊ ဆားတောင်၊ မြင်းမူ၊ ရွှေဘို၊ လားရှိုးနှင့် ကလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ လုပ်သားကျား(၁၀)ဦးနှင့်မ (၈)ဦးတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်ပြီး လုပ်အားခမှာ နေစရိတ်၊ စားစရိတ်ငြိမ်း ကျပ်တစ်သိန်းမှ ကျပ်နှစ်သိန်းနှစ်သောင်းထိပေးချေရကြောင်း၊ တစ်ရက်လျှင် ကုန်ကြမ်း ပဲကြီး၊ ကုလားပဲ၊ နှမ်း၊ မြေပဲစုစုပေါင်း (၁၄) အိတ်ခန့်အသုံးပြု၍ ကြော်ရကြောင်း၊ တစ်လလျှင် (၄)ရက်နားပြီး (၂၆)ရက် လုပ်ငန်းများဆောင်ရွက်ကြောင်း၊ ကုန်ကြမ်းပဲ (၃၀) ပိဿာဝင်အိတ် တစ်အိတ်ကြော်လျှင် ပဲအရည်အသွေးပေါ်မူတည်၍ အချိန်ပိဿာ ( ၃၀မှ ၄၀ ) ထိထွက်ရှိပြီး မြေပဲ (၂၅) ပိဿာဝင်အိတ် တစ်အိတ်ကြော်လျှင်လည်း မြေပဲအရည်အသွေးပေါ်မူတည်၍ အချိန်ပိဿာ ( ၂၄မှ ၂၅ )ထိထွက်ရှိကြောင်း၊ ပဲကြော်လုပ်ငန်းအတွက် စားအုန်းဆီကိုအသုံးပြုပြီး အမျိုးအစား၊ အရည်အသွေးပေါ် မူတည်၍ ပဲကြော်တစ်ပိဿာလျှင် ကျပ် (၆၉၀၀မှ ၁၁၂၀၀ထိ) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချကြောင်း "လျှမ်းလျှမ်းတောက်" ပဲကြော်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များးနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များကိုရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့နယ် ဆီစက်လုပ်ငန်းရှင်များအသင်းအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ ဆွေးနွေးဟောပြော

       စစ်ကိုင်းမြို့နယ် ဆီစက်လုပ်ငန်းရှင်များအသင်းကို ၂၀၁၄ခုနှစ်၊ မတ်လ ၁၈ရက်နေ့တွင်  အလုပ်အမှုဆောင် ၁၅ဦးနှင့် အသင်းသား ၂၀ဦးခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ အချိန်ကာလအားဖြင့် ၁၀နှစ်ခန့်ကြာမြင့်ပြီဖြစ်သည်။ ဆီစက်လုပ်ငန်းရှင်အသင်းသားများစုပေါင်း၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်ရည်ရွယ်ချက်ဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ဧည့်သည်တော်များစုစုပေါင်း ၁၃ဦးအား ဧပြီလ၂၅ရက်နေ့၌ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။

       ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ဖြင့်ပြဋ္ဌာန်းခဲ့ရာ အခန်း ၂၅ခန်းနှင့် ပုဒ်မ ၈၄ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)ပါ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း ၁၁၊ ၁၂၊ ၁၃၊ ၁၄ပါ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းသိကောင်းစရာများ၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ  သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊  ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပါကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စက်မှ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့်ဆီများအား မိမိတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများ ကိုဖော်ပြရမည်ဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများရှိပါကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း၊ Facebook Page၊ Website၊ www. doca. gov. mm တို့တွင် တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center No. (1535) သို့လည်းတိုင်ကြားနိုင်ကြောင်း၊ ၎င်းနောက် တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများပါသော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ အောင်ချမ်းသာဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသောကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ထိုသို့သောပစ္စည်းများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့ဦးဆောင်၍ ဝန်ထမ်း(၁)ဦးတို့သည် (၂၅-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ အောင်ချမ်းသာဈေးရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“စကားဝါ” အာလူးကြော်၊ ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ စားသုံးရေးရာဌာနခွဲတာဝန်ခံ၊ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ  ၂၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “စကားဝါ” အာလူးကြော်၊ ပြောင်းဖူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News