Main menu

HighLight News

Powered by Drupal

သာကေတမြို့နယ်( ယုဇန )ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ် (၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒု-အကောက်ခွန်မှူးတို့ပါဝင်သောအဖွဲ့များသည် ၁၈-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် ( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV 572   ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ အရက်၊ ဘီယာ၊ အထွေထွေကုန်ပစ္စည်းမျိုးစုံများတင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ပင်လုံဈေးအတွင်း စားသုံးဆီ(ဘူးသွင်း)ဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ စက်တင်လ ၁၉ရက်နေ့တွင်  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂) ဦးသည် မြောက်ဒဂုံမြို့နယ်၊ ပင်လုံဈေးအတွင်း စားသုံးဆီအမျိုးမျိုး(ဘူးသွင်းဆီ) ရောင်းချသည့်ဆိုင် (၁၁) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကိုစစ်ဆေးရာတွင် အမေထွားပဲဆီသန့်၊ ရန်ကုန်ပဲဆီသန့်၊ မေဇင်(ဟင်းသီးဟင်းရွက်ဆီ)၊ Goody ပဲပိစပ်ဆီ၊ ပုဇွန်နှစ်ကောင်ဆီအပါအဝင် အခြားဆီဘူးများတို့တွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီဖော်ပြထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကိုရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၁၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး) က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် အကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရှိခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက  Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်း( Online )စနစ်မှတစ်ဆင့်  ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများနှင့် ဈေးဝယ်ရာတွင်  စားသုံးသူများဘက်မှ သိသင့်သိထိုက်သည်များကို ပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀း၄၅)နာရီအချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် မြိတ်မြို့ပေါ်ရှိဆန်ဆိုင်များသို့သွားရောက်၍ ဖြစ်သင့်ဖြစ်ထိုက်သောစျေးများဖြင့် ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအား သတ်မှတ်စျေးအတွင်းရောင်းချမှုရှိစေရေးနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမရှိစေရေး၊ ဒေသအတွက်ရည်ရွယ်၍ သင့်လျော်သောစျေးနှုန်းများဖြင့် ရောင်းချစေရေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ / မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

       ထိုသို့တင်ပြမှုများကို ဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တာမွေမြို့နယ်ရှိ ၂၀၀၀ စက်သုံးဆီဆိုင်၊ သူရိယစွမ်းအင်စက်သုံးဆီဆိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ Max Energy စက်သုံးဆီဆိုင်များသို့ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီကားရောက်ချိန်နှင့် ဆီဈေးနှုန်းတင်ထားသည့် Ledboard များကိုပါစစ်ဆေးခဲ့ပြီး တရားမဝင်စက်သုံးဆီများရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်အညီလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် (၁၇-၈-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။  ထိုသို့စစ်ဆေးခဲ့ကြရာ၌ ယနေ့ခေတ် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စားအုန်းဆီဈေးကွက်တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သည့်  မမှန်မကန်သတင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစဉ်တစ်လျှောက် ထုတ်ပြန်ထားသည့် ရည်ညွှန်း‌ဈေးနှုန်းမျာအပေါ် သယ်ယူပို့ဆောင်ခများအပါအဝင် ၂ %   အမြတ်ဖြင့်သာရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်) 

သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး၊ မြို့သက်ဆိုင်ရာနယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ ၁၆-၈-၂၀၂၄ ရက်နေ့တွင်  မြောက်ဒဂုံမြို့နယ်၊ (၃၅) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၄) ဆိုင်တို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၁:၄၅ နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ Apex စက်သုံးဆီဆိုင်၊ ဆိပ်ကမ်းသာဆီဆိုင်များသို့ စက်သုံးဆီရရှိမှုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ကားများ၊ ဆိုင်ကယ်တွဲများ စက်သုံးဆီဝယ်ယူနေမှုအခြေအနေများအားစစ်ဆေး၍ စက်သုံးဆီများအား အမှန်တကယ်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ မှောင်ခိုရောင်းချမှုမရှိစေရေး၊ စက်သုံးဆီများအား ဝိသမလောဘဇောဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို ဈေးကွက်အတွင်း စာရင်းကောက်ယူ ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စက်တင်ဘာလအတွင်းဖြစ်ပေါ် ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများစာရင်းအား ဈေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရသည်။

      ထိုသို့ ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ရာတွင် ကော့မှူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်တွင် ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဦးချမ်းသာဆန်ဆိုင်၊ ဒေါ်စုခိုင်၊ ဦးဌေးလှိုင်နှင့် ဦးတင့်ဆွေဦးကုန်ခြောက်ဆိုင်၊ ဒေါ်နိုင်နိုင်မော်ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်းဝက်သားဆိုင်၊ ဦးစိုးမင်းထိုက်အမဲသားဆိုင်၊ ဦးဇော်ကြီး၊ ဦးကုလားဆိတ်သားဆိုင်၊ ဒေါ်ဌေးကြည် ရေချို၊ ရေငန်ငါးအရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်နှင့် ဦးသန့်ဇင်ဝင်း ကုန်စိမ်း၊ မျှင်ငါးပိကုန်စုံဆိုင်တို့၏ လက်ရှိအချိန်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်အတွင်း စာရင်းကောက်ယူခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရပ်ကွက်များရှိ ဓာတ်မြေဩဇာဆိုင်များသို့ မြို့နယ်အဆင့်ယူရီယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့သည် စက်တင်ဘာလ ၁၈ရက်နေ့၊ နံနက် ၁၀:၁၅ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့်ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် နိုင်ထူးခန့်ဓာတ်မြေဩဇာအရောင်းဆိုင်၊ ဦးအင်းရွှေနှင့် ညီမဒေါ်အေးကြည်ဓာတ်မြေဩဇာဆိုင်၊ ရွှေညာမြေဓာတ်မြေဩဇာဆိုင်နှင့် ရောင်ခြည်ဦးဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ ဓာတ်မြေဩဇာဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချရမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)        

Pages

Subscribe to RSS - HighLight News