Main menu

HighLight News

Powered by Drupal

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်း(ဒုတိယဦးစီးမှူး)သည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ၂၀၂၄ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၄-၂-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show ကို မြို့နယ်ရုံး၊ လူထုအကျိုးပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်း(ဒုတိယဦးစီးမှူး)က “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဖြစ်ပေါ်လာပုံအကြောင်းများ၊ ဦးစီးဌာနအဆင့်ဆင့်ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်သူများအနေဖြင့် အစားအစာများကိုဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစိတ်ချရသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သော စားသောက်ကုန်များကို ဝယ်ယူစားသုံးသုံးစွဲစေရေး၊ စားသုံးသူများတွင် စားသုံးသူအခွင့်အရေးများရှိပြီး လိုက်နာရမည့်တာဝန်များလည်းရှိကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးခဲ့လျှင် တိုင်ကြားနိုင်သောနည်းလမ်းများရှိကြောင်း၊ တိုင်ကြားရာတွင် အသေးအဖွဲ့မှစ၍ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာ၌လည်း တွန့်ဆုတ်မနေကြဘဲ တိုင်ကြားစေလိုကြောင်း၊ သို့မှသာ မိမိတို့၏အခွင့်အရေးများကို ချိုးဖောက်မှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

 

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

     ၂၀၂၄ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး (Talk Show) ကို (၁၃-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအသိပညာပေး (Talk Show) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ပြည်သူများသိရှိထားသင့်သည့် စားသုံးသူအခွင့်အရေးများဆိုင်ရာ အကြောင်းအရာကဏ္ဍများကိုမေးမြန်းခဲ့ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာမှုသမိုင်းကြောင်း၊ စားသုံးသူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ရရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနအနေဖြင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုသိရှိစေရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ချောက်မြို့မဈေး၌ ပလတ်စတစ်လျှော့ချရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မဈေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရေးရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်းကို ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၁၈-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့၊ မြို့မဈေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

   ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်းနှင့်အပြင်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာဈေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မကွေးမြို့၊ ကန်သာဈေး၌ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁၈-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဈေးကော်မတီများနှင့်ပူးပေါင်းI အပတ်စဉ် တနင်္လာနေ့တိုင်းကို ပလတ်စတစ်မသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်များအစား  ဖက်ရွက်များ၊  စက္ကူအိတ်များအစားထိုးသုံးစွဲရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်အိတ်များဖြင့် ထည့်၍ဝယ်ယူလာသော အသားငါးများအား ဖက်ရွက်များ/ စက္ကူအိတ်များနှင့် အစားထိုးလဲလှယ်ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ဆက်လက်၍ ဈေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် ဈေးအတွင်းရှိ ဒီဂျစ်တယ်ကတ္တားများ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ရန်ကုန်တိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားအား စည်းကားခမ်းနားစွာကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံးသည် (၁၅-၃-၂၀၂၄) ခုနှစ်တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ အစည်းအဝေးခန်းမတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်ဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စုစုပေါင်းလူဦးရေ (၃၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အတွက် သတ်မှတ်ထားသော “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” ဟူသည့် ဆောင်ပုဒ်နှင့်ပတ်သက်သည့် Video Clip ကို ဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့များကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ စားသုံးသူအသိပညာပေးလုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနစ်နာမှုများကိုကာကွယ်ပေးနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်စေလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ စားသုံးသူအခွင့်အရေးများကိုကာကွယ်ပေးနိုင်ရန် စီးပွားရေးရာဝန်ကြီးဦးဆောင်သည့် စားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက တာဝန်ခံဌာနအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်မြို့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက အခြားဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ ခင်းကျင်းပြသထားသည့် စားသုံးသူအသိပညာပေးပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပထမပိုင်းအခမ်းအနားအစီအစဉ် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

        ဒုတိယပိုင်းအခမ်းအနားအစီအစဉ်စတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အခမ်းအနားကျင်းပရသည့်ရည်ရွယ်ချက်နှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကာ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် တိုင်ကြားမှုများအား Video Clip ဖြင့် ပြသခဲ့ပါသည်။ ထို့နောက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်က AI နည်းပညာနှင့်ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ပြည့်ဖြိုးကလည်း AI နည်းပညာအကြောင်းသိကောင်းစရာများကို ဆက်လက်ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြီး ဆုလက်ဆောင်များချီးမြှင့်ကာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ၂၀၂၄ခုနှစ်၊ မတ်လ ၁၅ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင် (၃)ဆိုင်သို့သွားရောက်၍ စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ ဖော်ပြထားခြင်းရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)

“ ကော့မှူးမြို့နယ်၌ စားသုံးဆီအမျိုးမျိုးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီအမျိုးမျိုးကို ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိခြင်းမရှိသော စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့က ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ၏ အဓိကစားသောက်ကုန်များအနက် တစ်ခုဖြစ်သော စားအုန်းဆီအမျိုးမျိုးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသုံးဆီများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုမရှိသော စားသုံးဆီများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုစေရေး စသည့်စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ပမှ တရားမဝင်လမ်းကြောင်းဖြင့် တင်သွင်းဖြန့်ဖြူးနေသောစားသုံးဆီများကို မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန်လိုအပ်ကြောင်း၊ ထိုသို့သော စားသုံးဆီများဖြန့်ဖြူးရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများလုံးဝမပြုလုပ်ကြရန်လိုအပ်ကြောင်း၊ စားသုံးဆီနှင့် အခြားစားသောက်ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ပါရှိသော စားသောက်ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

                                               

“ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များ၏ စပါးကြိတ်ခွဲရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များမှ စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၊ ရပ်ကွက်ကျေးရွာများ၌ ဝယ်ယူဖြန့်ဖြူးလက်လီ/ လက်ကာရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊   စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ၂၀၂၄ခုနှစ်၊ မတ်လ (၁၀)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လတ်တလောနိုင်ငံရေးဖြစ်စဉ်များအပေါ်  သတင်းမှားများကိုအခြေခံ၍ ပြည်တွင်းဆန်ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် ဆောင်ရွက်ရမည့်သတင်းအရ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ကော့မှူးမြို့နယ်အခြေအနေအရ ရေလမ်းကြောင်းဖြင့်မဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီးဘက်မှ ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသည့် ဆန်ကုန်တင်ယာဉ်များအား သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအနေဖြင့် ဝင်ပေါက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့်လည်းကောင်း၊ မြို့နယ်အတွင်းရှိ ဆန်စက်၊ သိုလှောင်ရုံများ၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းအရောင်းဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမရှိစေရန် ပူးပေါင်းအဖွဲ့ဖြင့် ထမ္မနိုင်ကျေးရွာရှိ အောင်ချမ်းညွှန်းဆန်စက်၊ သုခပြည့်စုံ ဆန်စက်တို့တွင် ဆန်စပါးကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းများမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ဖြန့်ဖြူးရောင်းရောင်းချခြင်းများမပြုလုပ်ကြရန်လိုအပ်ကြောင်း၊ တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိလိုက်နာကြရန် ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

                                                           

“ ဒလမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးအောက်ရှိ ဒလမြို့နယ်အတွင်း စားသုံးသူပြည်သူများ စားအုန်းဆီအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မိမိတို့ဈေးဆိုင်များရှိ စားအုန်းဆီအမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားသာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီအမျိုးမျိုးတို့ကို ရောင်းချခြင်းမပြုလုပ်စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်အတွက် စားသုံးသူဆိုင်ရာသိကောင်းစရာများကို အကြံပြုပြောကြားခဲ့ပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်(၃)သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် (၃) သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းရာတွင် အမှတ်(၁၈)၊ ဦးဖိုးလှိုင်လမ်းရှိ Colour Care Business Group ၏ မုန့်မျိုးစုံလုပ်ငန်းနှင့် အမှတ် (၁+၁၄+၁၅)ဦးဖိုးလှိုင်လမ်းနှင့် လှသိင်္ဂီလမ်းထောင့်ရှိ စိန်ခဲရွှေခဲ အမှတ်တံဆိပ် ငံပြာရည်၊ ခရုဆီနှင့်ငရုတ်ဆီထုတ်လုပ်သော စက်ရုံများရှိ စက်ရုံမန်နေဂျာများနှင့်တွေ့ဆုံ၍ လုပ်ငန်းအမျိုးအစား၊ တစ်လထုတ်လုပ်သည့်ပမာဏ၊ ရင်းနှီးမြှုပ်နှံမှု(ကျပ်သန်း)၊ လုပ်သားဉီးရေ၊ ဖြန့်ဖြူးသည့်ဒေသနှင့် စက်ရုံတွင် တွေ့ကြုံရသည့်အခက်အခဲ (ကုန်ကြမ်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ လုပ်သား၊ အခြား) ပတ်သက်သည့် အကြောင်းအရာများကိုမေးမြန်းခဲ့ရာတွင် စက်ရုံအများစုသည် လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းနှင့် သွင်းကုန်လိုင်စင်အခက်အခဲများရှိကြောင်း ပြောကြားခဲ့ကြပြီး မိမိတို့ဌာနအနေဖြင့်လည်း ထုတ်လုပ်သည့်ကုန်ပစ္စည်းတွင် အရည်အသွေး ပြည့်မီအောင်ထုတ်လုပ်စေရန်နှင့် စက်ရုံသန့်ရှင်းရေးကိုအဓိကထား၍ ဆောင်ရွက်ပေးရန် ဖြည့်စွက်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News