Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ ပေါင်မြို့နယ်တာဝန်ခံ တက်ရောက်

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ၁၁.၇.၂၀၂၅ ရက်နေ့ ၊နေ့လယ်  (၁၄:၀၀)နာရီက ကန်ဖြူကျေးရွာ၊ ကျေးလက်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သထုံခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပေါင်မြို့နယ် ဌာနဆိုင်ရာ များ၊ သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။

    ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည် ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ အဆိုပါ သင်တန်းကို သင်တန်းဆရာ (၂)ဦး၊ သင်တန်းသား (၁၀)ဦးတို့ဖြင့် (၇)ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

     ၁၁.၇.၂၀၂၅ ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ တောင်သူစု ရပ်ကွက်ရှိ သီရိမြိုင်(၅)လမ်း၊ ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

     အဆိုပါ ဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ဝယ်ယူတတ်စေရန် အကျယ်တစ်ဝင့်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၌ ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

    ၁၀.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေး (Talk Show) ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

        ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ငွေကြေးဝန်ဆောင်မှုနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်းတွင်ဝယ်ယူခြင်းမပြုမီ သတိပြုရ မည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာနှင့် နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“တံတားဦးမြို့ပေါ်ရှိဆီစက်များအားကွင်းဆင်း”

    ပြည်တွင်းစားသုံးဆီဖူလုံမှုနှင့်ပြည်ပမှစားသုံးဆီများတင်သွင်းမှုတို့ကို ညီညွတ်မျှတစွာ တွက်ချက်လုပ်ဆောင်နိုင်ရေးအတွက် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင်လ(၁၀)ရက်နေ့တွင် တံတားဦးမြို့နယ်ရှိ ဆီစက်များအား သီးနှံအမျိုးအစားအလိုက် ကုန်ကြမ်း၊ကုန်ချောသိုလှောင်နိုင်မှုအခြေအနေနှင့်သိုလှောင်နိုင်မှုပမာဏ၊ (၁)လကြိတ်ခွဲနိုင်မှုအခြေအနေများအား သိရှိရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ယခုအချိန်တွင် တံတားဦး မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း ၊ မြေပဲ နှင့် နေကြာသီးနှံများ ထွက်ပေါ်နေပြီး လျှပ်စစ်မီးမှာလည်း ယခင်ထက်စာလျှင် ပိုမိုရရှိခြင်းတို့ကြောင့် ဆီစက်များမှာလည်း ရာသီချိန်၌ ယခင်ထက်စာလျှင် ပိုမိုလည်ပတ်နိုင်ကြောင်း သိရှိရပြီး တံတားဦးမြို့နယ် ၌ဆီထွက်သီးနှံကြိတ်ခွဲသည့်စက်(၇)လုံးရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၈.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ ကျွန်းရွာလမ်းရှိ “ရွှေကဗျာ” ကလေးကစားစရာအရုပ်နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန် ဖောက်ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် တွဲဖက်ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ သထုံမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ (၈.၇.၂၀၂၅) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ သွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းနှင့်ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ သထုံမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များ၌ အရောင်းအဝယ်အခြေအနေများအား သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ၁၀.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ၁၀.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေးအခြေခံစားသောက်ကုန်စည်များရောင်းချပေးလျက်ရှိ

    ၁၀.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ် ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေးခြင်းကို ကဒါရပ်ကွက် မင်္ဂလာဈေး တွင်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံစားသောက် ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၆၇၆၅) ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၂၀၀၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

    အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ ပြုလုပ်

     ၈.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်သည်။

      အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်မင်း (ဦးစီးအရာရှိ)က အမှာစကားပြောကြားပြီး အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင် သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

   ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို စားသုံးသူရေးရာဦးစီးဌာန နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ဦးဆောင်၍ စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ကြသည်။

     အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို ဘီးလင်းမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၃) ဦး စုစုပေါင်း (၉) ဦးတိုဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ