စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ် ဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊
တမူးခရိုင်ဦးစီးမှူးရုံး (၅၀’× ၃၅’× ၂၄) RC ( ၂ )ထပ် (အတွင်း ရေ၊ မီး၊ မိလ္လာ)၊ (Apron & Drain အပါ) ဆောက်လုပ်ခြင်းအတွက် အိတ်ဖွင့်တင်ဒါများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
( က ) တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီးပွားရေးတက္ကသိုလ်၊ အနောက်ဖက်လမ်းနှင့် ရသုံးမှန်းခြေလမ်းထောင့်၊ မုံရွာမြို့
( ခ ) တင်ဒါလျှောက်လွှာပုံစံရောင်းချမည့် နေ့ရက်/အချိန် - (၃.၁၁.၂၀၂၀ မှ ၃.၁၂.၂၀၂၀)
(ရုံးချိန်အတွင်း )
( ဂ ) တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေ့ရာ - စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မုံရွာမြို့
( ဃ ) နောက်ဆုံးတင်ဒါပေးသွင်ရမည့် ရက်စွဲ/အချိန် - (၃.၁၂.၂၀၂၀) (၁၃:၀၀)နာရီ
( င ) တင်ဒါဖွင့်မည့်နေရာ - စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မုံရွာမြို့
၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများ အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးတက္ကသိုလ်အနောက်ဖက်လမ်း၊ မုံရွာမြို့၊ ဖုန်း ၀၇၁ - ၂၁၀၂၀ ၊ ၀၇၁ - ၂၃၅၉၅ သို့ ရုံးချိန်အတွင်း
ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါခေါ်ယူ လက်ခံရေးနှင့်စိစစ်ရွေးချယ်ရေးအဖွဲ့
စစ်ကိုင်းတိုင်းဒေသကြီး