Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျုံပျော်မြို့နယ်၊ အ.ထ.က မိုးကြိုးပစ်ကျောင်းမုန့်စျေးရောင်းချမှုအား စစ်ဆေးခြင်း

    ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၂:၀၀)နာရီအချိန်တွင်  ကျောင်းအုပ်ဆရာမကြီး နှင့် ကျောင်းမုန့်စျေးတန်းကြီးကြပ်ကော်မတီ ဆရာမများနှင့်အတူ အထက-မိုးကြိုးပစ်၏ ကျောင်း မုန့်စျေး ဆိုင်များသို့ သွားရောက်၍ ရောင်းချလျှက်ရှိသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး ရက်လွန်မုန့်များ၊ FDA မှ တားမြစ် မုန့်များ မဖြစ်စေရေး မှာကြားခဲ့ပါသည်။ ပြီးနောက် သန့်ရှင်းလတ်ဆတ်သော ဒေသထွက် မာလကာသီးများ ရောင်းချနေမှုအား ကြည့်ရှု့ စစ်ဆေးပြီး စားသုံးသူ ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစေမည့် မုန့်များကိုသာ ရောင်းချစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ နတ်မော်လမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာ ဝန်ခံသည်(၃၀.၁၀.၂၀၂၅)ရက်နေ့နံနက်(၀၉:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ ဟင်္သာတမြို့နတ်မော်လမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကိုဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ က  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန် အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုစေရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန် စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ အခြေခံပညာအထက်ကျောင်း စားသုံးသူအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်း

  ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၅.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း၊ မိုးကြိုး ပစ် ရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမ (၁၅)ဦး ကျောင်းသား၊ကျောင်းသူ (၂၅၀)ဦး သို့ စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မြို့နယ်တာဝန်ခံမှ ရှေးဦးစွာ ဌာနနှင့်မိတ်ဆက်ပြီး စားသုံးသူ၏ အဓိပ္ပါယ် ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ဌာနမှ ဆောင်ရွက် လျှက်ရှိသော လုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ Online Sales မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊  ဆန်၊စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများနှင့် စားအုန်းဆီ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများအား ကြီးကြပ် ဆောင်ရွက်နေမှုများအကြောင်း အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထူးကြီးမြို့ရှိ စားအုန်းဆီလက်ကား၊ လက်လီကိုယ်စားလှယ်ဆိုင်များ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အင်္ဂပူမြို့နယ်တာဝန်ခံတို့ သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ ညနေ (၄:၂၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ လက်ကား၊ လက်လီကိုယ်စားလှယ် ဦးစိုးဝင်းသိန်း ရောင်းချနေသည့်အမှတ်(၁)နှင့်(၂)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမူအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလ အတွင်း သတ်မှတ် ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာရောင်းချမှု ရှိ/မရှိ နှင့်စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်၊ ကမ်းနားလမ်းရှိ အသင့်စားမုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၂၄.၁၀.၂၅ ရက်နေ့၊ နံနက် ၀၉း၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မြတ်စိုးသည် အမှတ်(၂) ရပ်ကွက်၊ ကမ်းနားလမ်း ရှိ ဦးသက်ထိုက်ထွေး (ကုန်မျိုးစုံ) ဆိုင်မှ အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိနှင့်  သန့်ရှင်းလတ်ဆက်၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်စည်များသာ ရောင်းချရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေး သာပေါင်းမြို့နယ်ရှိ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၂၅.၁၀.၂၀၂၅ ရက်နေ့တွင် လှေကြီးတက်ကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆီကိုယ်စားလှယ်ဦးဇော်မျိုးထွန်း စားအုန်းဆီ အရောင်းဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူများလက်ဝယ်အရောက်လစဉ်ပုံမှတ်ရောင်းချပေးရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် အလေးချိန်မှန်ကန်စွာရောင်းချပေးရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ MYRO တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံများမှ စပါး/ဆန် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ဆန်စက်ကြီး (၄) လုံးနှင့် ငါးပုံဟာလာဆန်စက် (၇၆) လုံးရှိသည်ဟု စက်မှုကြီးကြပ်စစ်ဆေးရေးဌာန၏ စာရင်းများအရ သိရှိရပြီး MYRO တွင် မှတ်ပုံတင်ထားသော စပါး/ဆန် များသိုလှောင်ထားရှိမှု အခြေအနေမှာ ဆန်စက််ကြီးများဖြစ်သော ရုံးပင်ကျေးရွာရှိ မယ်ထွေးလေးဆန်စက်တွင် စပါး (၃၀၀၀၀) တင်း၊ ဆန် (၁၀၀၀) အိတ်၊ နေယုဆန်စက်တွင် စပါး (၁၀၀၀၀) တင်း၊ ဆန်(၄၀၀) အိတ်၊ သစ်ပုတ်ကုန်းကျေးရွာရှိ စိန်ရွှေဖြိုးဆန်စက်တွင် စပါး (၉၀၀) တင်း၊ ဆန် (၂၀) အိတ်နှင့် ကြက်သွန်ကွင်းကျေးရွာရှိ ပြည့်ဖြိုးကျော်ဆန်စက် မှာ မှတ်ပုံတင်ရရှိရန် ဆောင်ရွက်ဆဲဖြစ်ပြီး စပါး (၃၀၀၀) တင်းနှင့် ဆန် (၂၀၀) အိတ် သိုလှောင်ထားရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ စားအုန်းဆီလက်ကား၊ လက်လီကိုယ်စားလှယ်ဆိုင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅)ရက် နေ့ ညနေ (၁၆:၂၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ စားအုန်းဆီလက်ကား၊ လက်လီ ကိုယ်စားလှယ် ဦးအောင်မျိုးမင်း ရောင်းချနေသည့် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူ များသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ဆီရောင်းချမူအခြေအနေ၊ သတ်မှတ် ရည်ညွှန်း ဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများ သို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ် ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ရောင်းချမှု ရှိ/မရှိ နှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန် စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူး ပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိ များက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

      ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဈေးကွက်စောင့် ကြည့် စစ်ဆေးခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ၂၀၂ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၀၉:၀၀) နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ ကျီကုန်းစံပြကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ(၁၇)ရက်နေ့ နံနက် (၁၀;၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက် အတွင်းရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၂၀၂ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက် (၀၈;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်(၁)ကြိမ် နှင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့ နံနက်(၁၀:၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ  ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်တို့ကို အဖွဲ့စုံဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီ မှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေး နှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန် အတွယ်နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေး စိတ်စိစစ်ချက်များ အတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကို သာ ရောင်းချရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာန ဥပဒေနှင့် ညွန်ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ