Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အိမ်ဖြူတော်ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှိ ဈေးနှုန်းများ ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

    ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာ အဆောက်အဦများပြိုကြခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ ဖြစ်သော သွပ်၊ သံ၊ သံချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများ ဝယ်လိုအား မြှင့်တက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်း သိုလှောင် ဖြန့်ဖြူးသည့် စက်ရုံ/အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင် ကွင်းဆင်းစစ်ဆေး ကြပ်မတ်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ၁၅.၅.၂၀၂၅ ရက်နေ့၊ (၉:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၂၉၉) သံသုမာ လမ်း၊ (၅)ရပ်ကွက်ရှိ အိမ်ဖြူတော် ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းများ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေးနှင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမရှိစေရေးတို့ကို ကွင်းဆင်းအသိပညာပေးကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ကော့မှူးမြို့နယ်၌ဆန်စပါးလုပ်ငန်းများစဉ်ဆက်မပြတ်တိုးတက်စေရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ(၁၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် ဆန်စပါးကဏ္ဍတွင် ဆန်စပါးဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆန်စက်၊ သိုလှောင်ရုံ စစ်ဆေး ရေးအဖွဲ့များ၊ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ၎င်းအဖွဲ့၏ လုပ်ငန်းတာဝန်များ ဖြစ်သော သိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း၊ ဈေးနှုန်းစိစစ်ခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ အလေးချိန်စိစစ်ခြင်း၊ ဈေးကစားမှုကာကွယ်ခြင်း၊ ဆန်စက်များ၏ သိုလှောင်မှု စနစ်နှင့်သန့်ရှင်းရေးစနစ်များအား စစ်ဆေးခြင်းဆောင်ရွက်ရန်၊ ဆန်စက်နှင့် သိုလှောင်ရုံ စစ်ဆေးမှု များသည် ဈေးကွက်တည်ငြိမ်ရေး၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးနှင့် နိုင်ငံတကာစံနှုန်းများ နှင့်ကိုက်ညီမှု ရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online (MyRo) တွင်မှတ်ပုံတင်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်ရန် ဆန်စပါးဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အတွက် ထိန်းကျောင်းဆောင်ရွက်သွားရန် ပြည်ပသို့ဖြစ်စေ၊ အခြားတိုင်းဒေသကြီး/ပြည်နယ် သို့ဖြစ်စေ သယ်ယူပို့ဆောင်မှု လုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေး ထိန်းကျောင်းဆောင်ရွက် သွားရန်၊ ဒေသတွင်း ဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရေးတို့အတွက် စက်မှုလုပ်ငန်းရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ တောင်သူလယ် သမားအစုအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (ရန်ကုန်)

 

ကျိုက်လတ်မြို့နယ်တွင် စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ (၇:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

   ကျိုက်လတ်မြို့နယ်အတွင်းရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံး ဆီပြတ်လပ်မှုမရှိစေရေး၊ သိုလှောင်ထားရှိမှုအခြေအနေ၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး၊ သတ်မှတ် ထားသော ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန် နှင့် မီးဘေးအန္တရာယ်အတွက် စီစဉ်ထားရှိမှု အခြေအနေများနှင့် အလေးချိန် အချိန်အတွယ် ပြည့်မီစွာ ရောင်းချနေမှုရှိ/မရှိ တို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ကော့မှူးမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကော့မှူးမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ(၁၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရပါသည်။

    အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်းက ၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြီးလှုပ်ခတ်မှုနှင့် ပတ်သတ်၍ ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်လိုအားမြင့်တက်ခဲ့သဖြင့် အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ပါက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခြင်းနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းအား စစ်ဆေး တွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မ ၁၃၀၊ ပုဒ်မခွဲ က အရ မည်သူမဆို ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ ခ ၌ စီးပွားရေးလုပ်ငန်းများတွင်  တရားသဖြစ် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းတို့ကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာကြောင်း ပြဌာန်းထားသော တားမြစ်ထားသည့် ပြုလုပ်မှုကို ဆောင်ရွက်ထားကြောင်း တွေ့ရှိရပါက ဥပဒေပုဒ်မ ၁၃၀၊ ပုဒ်မခွဲ ကအရ ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည် ဖြစ်သောကြောင့် ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ ပြန်လည်ဖြန့်ဖြူးရောင်းချပေး ကြရန် ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (ရန်ကုန်)

 

ကျိုက်လတ်မြို့နယ်တွင် စားသုံးဆီ(ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးဆီ(ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ(ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိမှု၊ ပါဝင်ပစ္စည်း၊ အလေးချိန် ကို  ပိဿာ/ကျပ်သားဖြင့် ဖော်ပြထားရှိမှု ၊ ထုတ်လုပ်သည့် ရက်စွဲ ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ဓာတ်မတည့်ကြောင်း ဖော်ပြထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုက်ကြီးမြို့နယ်ရှိ မြို့မဈေးသို့ သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    (၁၅.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၅၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် ရပ်ကွက် အတွင်းရှိ စတိုးဆိုင်များတွင် သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အိုးတန်းရပ်ကွက်နှင့်ဘူတာရပ်ကွက်ရှိ စတိုးဆိုင် (၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဆိုင်အားလုံးတွင် သွားတိုက်ဆေးအမျိုးအစား (၁၀)မျိုးရောင်းချပြီး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း၊ မြန်မာလို၊ အလေးချိန်ကို ဂရမ်ဖြင့် ဖော်ပြထားကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားချက်များကို လည်း လိုက်နာဆောင်ရွက်ပါ ကြောင်း၊ မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချ ရန်နှင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရ ပါသည်။

DOCA (ရန်ကုန်)

 

ဒေးဒရဲမြို့နယ်တွင် သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေး

   ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ (၂၂.၄.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ သောက်ရေသန့်ဘူးများတွင် မြန်မာဘာသာ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော သောက်ရေသန့်ဘူးများတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ပြီး FDA ထောက်ခံချက်များပါရှိကြောင်းနှင့် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ရေသန့်ဘူးများ ရောင်းချခြင်း မပြုကြရန် ရေသန့်ဘူးများကို အမိုးအကာအောက် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့နိုင် သော နေရာများတွင်ထားရှိရန် အလေးထားမှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၇) ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများတွင် ဈေးနှုန်း ကြီးမြှင့်မှုမရှိစေရေးနှင့် လက်ရှိ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းခြင်းနှင့် ပစ္စည်းလက်ကျန်စာရင်းများကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးတို့အတွက် ပူးပေါင်း အဖွဲ့များနှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ကျင်းပပြုလုပ်ခြင်း

   ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်း ဌာနခွဲ တာဝန်ခံ အကြီးတန်းစာရေး ဦးဇင်ဘိုရှိုင်းနှင့် ဝန်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊ဧပြီလ (၂၂) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍  သတင်းလုပ်ငန်းတာဝန်များ အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ‌ ရေးဌာနခွဲအနေဖြင့် ဆန်စပါးသိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရှိနိုင်ရေး သက်တမ်းကုန်ဆုံး သွားသည့် သိုလှောင်ရုံများ သက်တမ်းတိုးစနစ် ပြန်လည်လျှောက်ထားသည့် ဆန်စက် နှင့်သိုလှောင်ရုံ များအား စာရင်းပြုစုထားပြီး အသစ်ထပ်လျှောက်ထားလိုသည့် သိုလှောင်ရုံများကိုလည်း ဆက်လက် စာရင်းထားရှိခြင်း၊ (၁၅)ရက် တစ်ကြိမ် ပေါင်းဆန်ကြိတ်ခွဲ ထုတ်လုပ်မှု စာရင်း လစဉ်  ပြုစုပေးပို့ခြင်း ၊ အသေးစားလုပ်ငန်းများ ပိုမိုကျယ်ပြန့်လုပ်ကိုင် နိုင်အောင် သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဒေသထွက်ကုန်များအကြောင်း ကွင်းဆင်း လေ့လာ ၍ သတင်းအချက်အလက်များ မျှဝေပေးခြင်း တို့ကို လုပ်ဆောင်လျှက်ရှိပါသည်။ သတင်းပါဝင် ရေးသားမှုအနေဖြင့် လစဉ်ထုတ်ကောမက်ဂျာနယ်တွင် သတင်းပါဝင်နိုင်ရေး အတွက် ဆောင်းပါးများရေးသား ပြုစုပေးပို့ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် လုပ်ဆောင် လျှက်ရှိသော အသိပညာပေး ဟောပြောပွဲများ၊ အခြေခံစားကုန်များ၊ ဆေးဝါးများ ကွင်းဆင်းစစ်ဆေးမှု သတင်းများ၊ ‌ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးသည့် သတင်းများ၊ ဆန်လိုတိုင်းများသို့ ဆန်တင်ပို့မှု အခြေအနေ သတင်းများကို ရေးသား ပေးပို့လျက်ရှိပြီး စားသုံးရေးရာဦးစီးဌာန၏ website များအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၁.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၉စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်တာဝန်များအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ တွင်ပါဝင် သည့်အချက်(၇)ချက် အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များ စားသုံး သူက တောင်းဆိုနိုင်သည့် အခွင့်အရေး(၄)ချက် တို့အား အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါသည်။  ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံး သူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှု့ နိုင်ပါကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ