Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီးမြို့နယ်ရှိ မြို့မဈေးသို့ သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    (၁၅.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၅၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် ရပ်ကွက် အတွင်းရှိ စတိုးဆိုင်များတွင် သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အိုးတန်းရပ်ကွက်နှင့်ဘူတာရပ်ကွက်ရှိ စတိုးဆိုင် (၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဆိုင်အားလုံးတွင် သွားတိုက်ဆေးအမျိုးအစား (၁၀)မျိုးရောင်းချပြီး ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း၊ မြန်မာလို၊ အလေးချိန်ကို ဂရမ်ဖြင့် ဖော်ပြထားကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှ ညွှန်ကြားချက်များကို လည်း လိုက်နာဆောင်ရွက်ပါ ကြောင်း၊ မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချ ရန်နှင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရ ပါသည်။

DOCA (ရန်ကုန်)

 

ဒေးဒရဲမြို့နယ်တွင် သောက်ရေသန့်ဘူးများအား ကွင်းဆင်းစစ်ဆေး

   ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ (၂၂.၄.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ သောက်ရေသန့်ဘူးများတွင် မြန်မာဘာသာ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော သောက်ရေသန့်ဘူးများတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ပြီး FDA ထောက်ခံချက်များပါရှိကြောင်းနှင့် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ရေသန့်ဘူးများ ရောင်းချခြင်း မပြုကြရန် ရေသန့်ဘူးများကို အမိုးအကာအောက် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့နိုင် သော နေရာများတွင်ထားရှိရန် အလေးထားမှာကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၇) ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများတွင် ဈေးနှုန်း ကြီးမြှင့်မှုမရှိစေရေးနှင့် လက်ရှိ ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းခြင်းနှင့် ပစ္စည်းလက်ကျန်စာရင်းများကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးတို့အတွက် ပူးပေါင်း အဖွဲ့များနှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ကျင်းပပြုလုပ်ခြင်း

   ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သတင်း/နည်း ဌာနခွဲ တာဝန်ခံ အကြီးတန်းစာရေး ဦးဇင်ဘိုရှိုင်းနှင့် ဝန်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊ဧပြီလ (၂၂) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍  သတင်းလုပ်ငန်းတာဝန်များ အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ‌ ရေးဌာနခွဲအနေဖြင့် ဆန်စပါးသိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရှိနိုင်ရေး သက်တမ်းကုန်ဆုံး သွားသည့် သိုလှောင်ရုံများ သက်တမ်းတိုးစနစ် ပြန်လည်လျှောက်ထားသည့် ဆန်စက် နှင့်သိုလှောင်ရုံ များအား စာရင်းပြုစုထားပြီး အသစ်ထပ်လျှောက်ထားလိုသည့် သိုလှောင်ရုံများကိုလည်း ဆက်လက် စာရင်းထားရှိခြင်း၊ (၁၅)ရက် တစ်ကြိမ် ပေါင်းဆန်ကြိတ်ခွဲ ထုတ်လုပ်မှု စာရင်း လစဉ်  ပြုစုပေးပို့ခြင်း ၊ အသေးစားလုပ်ငန်းများ ပိုမိုကျယ်ပြန့်လုပ်ကိုင် နိုင်အောင် သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဒေသထွက်ကုန်များအကြောင်း ကွင်းဆင်း လေ့လာ ၍ သတင်းအချက်အလက်များ မျှဝေပေးခြင်း တို့ကို လုပ်ဆောင်လျှက်ရှိပါသည်။ သတင်းပါဝင် ရေးသားမှုအနေဖြင့် လစဉ်ထုတ်ကောမက်ဂျာနယ်တွင် သတင်းပါဝင်နိုင်ရေး အတွက် ဆောင်းပါးများရေးသား ပြုစုပေးပို့ခြင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေ ဖြင့် လုပ်ဆောင် လျှက်ရှိသော အသိပညာပေး ဟောပြောပွဲများ၊ အခြေခံစားကုန်များ၊ ဆေးဝါးများ ကွင်းဆင်းစစ်ဆေးမှု သတင်းများ၊ ‌ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးသည့် သတင်းများ၊ ဆန်လိုတိုင်းများသို့ ဆန်တင်ပို့မှု အခြေအနေ သတင်းများကို ရေးသား ပေးပို့လျက်ရှိပြီး စားသုံးရေးရာဦးစီးဌာန၏ website များအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၁.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၉စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်တာဝန်များအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ တွင်ပါဝင် သည့်အချက်(၇)ချက် အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များ စားသုံး သူက တောင်းဆိုနိုင်သည့် အခွင့်အရေး(၄)ချက် တို့အား အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါသည်။  ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံး သူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှု့ နိုင်ပါကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြိုနယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန မှလက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ပုဒ်မခွဲ (ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၀.၄.၂၀၂၅) ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၉စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်တာဝန်များအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ တွင်ပါဝင် သည့်အချက်(၇)ချက် အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထား မှုအပေါ် စားသုံး သူက တောင်းစိုနိုင်သည့် အခွင့်အရေး(၄)ချက် တို့အား အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါသည်။  ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံး သူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှု့ နိုင်ပါကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှုးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

  အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူများအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများဘေးအန္တာရယ်ကင်းရှင်းရေးအတွက် စားသုံးရန်မသင့်သော အစားအစာများ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ အသင့်စားမုန့်ထုတ်များ ဝယ်ယူစားသုံး လျှင်  မြန်မာစာ ဖြင့်ရေးသားထားသော မုန့်ထုတ်များ ရွေးချယ်ဝယ်ယူတတ် စေရန်နှင့် စားသုံးသူ နစ်နာဆုံးရုံးမှုများ ရှိလျှင် တိုင်ကြား နိုင်သည့်နည်းလမ်းများအား အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါသည်။ဟောပြောပွဲသို့ ကျေးရွာပြည်သူ(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ရှိလူငယ်အားမာန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၀;၀၀)အချိန်တွင် လပွတ္တာမြို့နယ် (၃)မိုင်မြို့ရှိလူငယ်အားမာန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစား အသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၉)ဦး တက်ရောက်ခဲ့ပါသည်။

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရီအားကစားခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ဝါးခယ်မမြို့နယ် ရွှေခယ်သီရီအားကစားခန်းမတွင် နွေရာသီအခြေခံအားကစားသင်တန်း(ဆင်းပွဲ)တွင် သင်တန်းသူ/ သား များအား  စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန မှလက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်း ချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ် ချက်များ ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည် ၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်း နှင့်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင်ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်း လွန်အစားအသောက်မျာအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန်၊ဟောပြောပွဲသို့ နွေရာသီ အခြေခံ အားကစားသင်တန်းသူ/သား (၅၇)ဦး  အားဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ