Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“(၈.၁၂.၂၀၂၅) ရက်နေ့ မှ (၁၃.၁၂.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

               ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် ()ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (.၁၂.၂၀၂၅)ရက် နေ့မှ (၁၃.၁၂.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၃)ခုနှင့် စားအုန်းဆီတန်ချိန် (၅၅၈၈.၁၀၆)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် “Goon Pet Food & Accessories ” Online Shop မှတိရစ္ဆာန်မွေးမြူရေးလုပ်ငန်သုံးပစ္စည်းများ”အား အမှတ် (၄၁) လမ်း၊ ဗိုလ်ကလေးဈေးတိုက်ဈေးရုံရှေ့၊ ဗိုလ်တထောင်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်ခန့်တွင်  ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား အမှတ်(၈၉)၊ ကနောင်မင်းသားကြီးလမ်း၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကျီးအမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ရွှေကျီးမုန့်လုပ်ပုံအဆင့်ဆင့်ကိုမေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ရွှေကျီးမုန့်အမျိုး မျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊  ကုန်စည်၏ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု သက်ဆိုင်ရာဌာနထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့နယ်၊ Toe Yin Online Shopping လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် မိတ္ထီလာမြို့၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale ပိုင်ရှင်၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံ စာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့်မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်း မရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး Online Shopping လျှောက်ထားရာတွင်လည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

တာမွေမြို့နယ်၊   Orange Mart သို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊   Orange Mart သို့ (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် တာမွေမြို့နယ်၊ Orange Mart တွင်ရောင်းချလျက်ရှိသော  ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ ကိုသွားရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တာမွေမြို့နယ်၊ မေတ္တာညွှန့်ဈေးသို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ တာမွေမြို့နယ်၊ မေတ္တာညွှန့်ဈေးသို့သွား ရောက်၍ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး)က ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ် ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Nice Food Myanmar မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်ခန့်တွင်  Nice Food Myanmar မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား အမှတ်(၄၄)၊ သံချပ်ဝန်ဦးညွှန့်လမ်း၊ (၁၂၂)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ ဈေးကွက်မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများက စက်ရုံမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းခြင်း၊ ထုတ်လုပ် သည့်ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ကုန်စည်ဖော်ပြချက်အမှတ်တံဆိပ်များကို ကြည်ရှုစစ်ဆေးခြင်း၊ ရောင်းချမ့ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများကိုဆွေးနွေးခြင်း “Nice Food Myanmar မုန့်ထုတ် လုပ်ရေးလုပ်ငန်း”မှထုတ်လုပ်သည့် Nice အမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ဌာန၏လမ်းညွှန်းချက်များအကြောင်းကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သုံးခွမြို့နယ်တွင်ပဲတီစိမ်းစိုက်တောင်သူများသို့ GAP/GHP သင်တန်းပို့ချခြင်း”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများ အနေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးမွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူနည်းပညာပေး GAP/GHP သင်တန်းကို သုံးခွမြို့နယ်၊ လေးကျွန်းမာရ်အောင်ဘုရားဓမ္မာရုံ၌ ဒီဇင်ဘာလ(၁၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             အဆိုပါ နည်းပညာပေးသင်တန်းသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်း များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်အေးပွင့်ခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်တို့ တက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီး ဌာနတောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကုမ္ပဏီများ၏ ကိုယ်စား Bright Light Co.Ltd မှ ဒါရိုက်တာ ဦးမောင်မြင့်မှ သုံးခွမြို့နယ်ရှိ ပဲတီစိမ်းစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေများအား ပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာဘာသာရပ် အလိုက် ကျွမ်းကျင်ပညာရှင်များက တက်ရောက်လာသော တောင်သူများအား သင်တန်းပို့ချ ပေးပြီး တောင်သူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ကျွမ်းကျင်ပညာရှင်များက ပြန်လည် ဖြေကြားပေးခဲ့ပါသည်။ သင်တန်းသို့ ပဲစိုက်တောင်သူ (၁၈၂)ဦး တက်ရောက်ခဲ့ကြပြီး တက် ရောက်လာသော တောင်သူများအား အသိပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးခြင်း၊ နေ့လည်စာဖြင့်တည်ခင်းကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

 

သိန်းဦးဆိပ်ကမ်း နှင့် ချောင်းဝဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

                    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁၅.၁၁.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သောသိန်းဦးဆိပ်ကမ်းနှင့်ချောင်းဝဆိပ်ကမ်းအားအကောက်ခွန်ဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များ ဖြစ်သည့် ကုန်မျိုးစုံနှင့် ဆန်အိတ်များအား  ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

                                     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၄.၁၂.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်းနှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ