Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Thursday Talk ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွတ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်၍ ဟောပြောဆွေးနွေးမှုများအား ရုံးလုပ်ငန်းများ မပျက်စေဘဲ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပဒေနေ့တိုင်း(Thursday Talk) အသိပညာပေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးဦးစီးမှူး၏ ဦးဆောင်မှုဖြင့် တိုင်းနှင့်ခရိုင်များအလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ (၁၆.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ အညာနဲ့ထန်းအလှခွဲခြား၍မရ ခေါင်းစဉ်ဖြင့် အလှည့်ကျပါဝင်ဆွေး နွေးဟောပြောခဲ့ပါသည်။

          ဟောပြောဆွေးနွေးမှုတွင် ကျောက်ပန်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) က ဟောပြောဆွေးနွေးရာတွင် ထန်ပင်၏အစ၊ ထန်ရည်များထွက်ပေါ်ချိန်ထန်းသမားတို့၏ အချိန်ရာသီ နှင့်လုပ်ငန်းခွင်ဆောင်ရွက်ပုံများ၊ ထန်းလျက်၏အသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်များ၊ အညာဒေသ အတွက်ထန်းပင်၏ အကျိုးပြုပုံများနှင့်ထန်းတက်သမားတို့၏ ဘဝသရုပ်ကို ပေါ်လွင်အောင် ဟောပြော ဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်းအမှုထမ်းများ၊ ခရိုင်များမှ ခရိုင်ဦးစီး မှူးများနှင့် အမှုထမ်းအရာထမ်းများ Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ယခုလို Thursday Talk အသိပညာပေးဟောပြောခြင်းဖြင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ၊ အသိပညာ ဗဟုသုတများ၊ စကားပြောစွမ်းရည်များ တိုးတက်မြင့်မားစေလာနိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူများရရှိစေနိုင်မှာ ဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း နှစ်ပတ်လျှင်တစ်ကြိမ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်လျက်ရှိရာ (၁၄.၁၀.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          လစဉ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ချပြရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဆန်စပါးသိုလှောင်ရုံများ MyRO မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပါက ဆက်လက်၍ မှတ်ပုံတင်သက်တမ်းများတိုးနိုင်ရေး ကြီးကြပ်လှုပ်ဆော်ရန်နှင့် လစဉ် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၇)ရက်နေ့တွင်း ရေးသွင်း ဖြည့်သွင်းကြရန်နှင့် ဖြည့်သွင်းမှုမရှိသော လုပ်ငန်းများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်းများအား သိရှိစေရေး အသိပေးလှုပ်ဆော် သွားရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍သက်ဆိုင်ရာဌာနခွဲတာဝန်ခံများက တင်ပြဆွေးနွေးရာတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ယခုလအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် တိုင်းရင်းဆေးအမျိုးမျိုးအား အဓိကစောင့်ကြည့်စစ်ဆေးသွားရန်၊ ပုဂ္ဂလိကစာသင် ကျောင်းများအား အသိပညာပေးဟောပြောပွဲများဆောင်ရွက်သွားရန်၊ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန်၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များအား လစဉ် လ၏နောက်ဆုံးပတ်၌ ခေါ်ယူတွေ့ဆုံ၍ အသိ ပညာပေး ဆောင်ရွက်သွားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစိစစ် ဆောင်ရွက်သွားရန်၊ ဈေးကွက်မရောက်မီ စက်ရုံ/အလုပ်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးသွား ရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေးအတွက် စက်မှုကြီးကြပ်နှင့် အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနများမှ မှတ်ပုံတင်ထားသော အစားအသောက်ဆိုင်ရာ လုပ်ငန်းများ အား ဆက်သွယ်ဆောင်ရွက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး သက်ဆိုင်ရာ လုပ်ငန်းရှင်များမှ လာရောက်စိစစ်မှုများဆောင်ရွက်သွားစေရေး ဆွေးနွေးရှင်းလင်း တင်ပြခဲ့ပြီး နိဂုံးချုပ်အနေဖြင့်ခရိုင်ဦးစီးမှူးမှ ဌာနခွဲအလိုက်တင်ပြဆွေးနွေးမှုများအား ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ စံပြဈေးတွင် ပြည်သူ့သက်သာဈေးရောင်းချပေးမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

   မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေး ရောင်းနေ့အား ( ၁၄-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၈၅၅/-ကျပ် ၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၂၈၀၀) ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက် သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် မြေစိုက်ပိုစတာ(Billboard)စိုက်ထူခြင်း အခမ်းအနားဆောင်ရွက်

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၉) ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက် ပိုစတာ(Billboard)များစိုက်ထူခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ဝင်များ စသည်ဖြင့်အဖွဲ့ဝင်စုစုပေါင်လူဦးရေ(၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး မြေစိုက် ပိုစတာ(Billboard)များအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ကြပြီး အခမ်းအနားအား ၀၈:၄၅ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြိတ်မြို့၊ တက္ကသိုလ်ရပ်ရှိ ပန်ပန်းမုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ (၂၂)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် မြရိပ်ညို (၁၂)လမ်း၊ တက္ကသိုလ်ရပ်၊ မြိတ်မြို့ရှိ ပန်ပန်းမုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        တွေ့ဆုံဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ‌ဖော်ပြရ ခြင်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းခြင်းနှင့် ဘေးအန္တရာယ်ကင်းစေရန်အတွက် သန့်ရှင်းသပ်ရပ်မှုအား အလေးထား ဆောင်ရွက် ရန်၊ ဘေးအန္တရာယ်ကင်းသောထုတ်ကုန်များထုတ်လုပ်ရောင်းချရန်ပြောကြားခဲ့ပြီး မုန့်လုပ်ငန်းဆောင် ရွက်နေမှုအားကြည့်ရှု့စစ်ဆေးပြီး  အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

 

ညောင်ဦးမြို့တွင် ဆေးဝါးဆိုင်များ၊ တိုင်းရင်းဆေးအရောင်းဆိုင်များသို့ ကွင်းဆင်း

  ညောင်ဦးမြို့ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ၊ စံမမီဆေးဝါးများနှင့် သက်ဆိုင်ရာ ဌာနများမှ ထောက်ခံချက်မပါသောဆေးဝါးများနှင့် ဖော်ပြပါဝင်ရမည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသောဆေးဝါးများ ရောင်းချမှုမရှိစေရေး  (၁၄.၁၀.၂၀၂၅) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်မှုတွင် သက်ဆိုင်ရာကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချ မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်အညီ တရားဝင်ဆေးဝါးများကိုသာရောင်းချ ကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ဆေးဆိုင်တာဝန်ရှိသူများအနေဖြင့် မိမိရောင်းချသော ဆေး ဝါးများနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်၊ အာမခံချက်များကို စားသုံးသူများအားသိရှိ စေရေး၊ သက်ဆိုင် ရာဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်းလည်း သိရှိလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

စုပေါင်းဘုံမဟာကထိန်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်း သန်းသည် ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၈၁)ကြိမ်မြောက် စုပေါင်းဘုံမဟာ ကထိန်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင် ဦးက ယခင်နှစ်ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုဆောင်ရွက်မည့် အစီအစဉ်များအား ရှင်း လင်းဆွေးနွေးခဲ့ရာ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေး နွေးခဲ့ကြောင်း၊  မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ယခင်နှစ်မဟာဘုံကထိန်ကျင်းပရာတွင် စားသုံး သူရေးရာဦးစီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကဆွေးနွေးတင်ပြမှုအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နံနက်(၁၁း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)     

စုပေါင်းဘုံမဟာကထိန်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်း သန်းသည် ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၈၁)ကြိမ်မြောက် စုပေါင်းဘုံမဟာ ကထိန်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင် ဦးက ယခင်နှစ်ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုဆောင်ရွက်မည့် အစီအစဉ်များအား ရှင်း လင်းဆွေးနွေးခဲ့ရာ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေး နွေးခဲ့ကြောင်း၊  မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ယခင်နှစ်မဟာဘုံကထိန်ကျင်းပရာတွင် စားသုံး သူရေးရာဦးစီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကဆွေးနွေးတင်ပြမှုအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နံနက်(၁၁း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)     

မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကိုအမှတ်တံဆိပ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

      မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက် တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကိုအမှတ်တံဆိပ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ရောင်းချလျက်ရှိသော ရေထွက်ကုန် ပစ္စည်းအမျိုးမျိုးအား စျေးကွက်မရောက်မီကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်စသည်တို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်း လင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြင်းခြံမြို့ရှိ အောင်ကမ္ဘာ စားသောက်ဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများသို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ ဝယ်ယူနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၁၅-၁၀-၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်ရှိ အောင်ကမ္ဘာစားသောက်ဆိုင်လုပ်ငန်းရှင်မှ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက်လျှောက်ထားရာ ဦးဝင်းထွန်းဦး၊ ဦးစီးမှူးသည် တစ်ရက်သုံးစွဲမှု၊ တစ်လသုံးစွဲမှုများကိုစိစစ် တွက်ချက်၍ ဝယ်ယူရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ လာရောက်လျှောက်ထားစဉ် အောင်ကမ္ဘာစားသောက် ဆိုင်အနေဖြင့် အစားအသောက်ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများအတွက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာ ရောင်းချစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူထိခိုက် နစ်နာမှုမရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အစားအသောက်တွင် ထည့်သွင်းသည့်ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ ဆိုင်ဝန်ထမ်းအားလုံး တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ