Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကွမ်းခြံကုန်းမြို့နယ်အတွင်းရောင်းချသောဆေးဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

                 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ်၊ရပ်ကွက်များတွင်ရောင်းချနေသောဆေးဆိုင်များသို့  ဒီဇင်ဘာလ(၁၁) ရက် နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

            ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ စာရင်းကိုင်-၃အဆင့် ဒေါ်ခိုင်သဇင်၊ မြို့နယ်ပြည်သူ့ကျန်းရေးဦးစီးဌာန အမျိုးသမီးကျန်း မာရေးဆရာ ဒေါ်သန်းသန်းစိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ် အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်တွင် ရောင်းချသော ထွန်းဝေဆေးဆိုင်၊ အောင်ချမ်းသာ ဆေးဆိုင်တို့တွင် လူသုံးများပြီး ရောင်းအား ကောင်းသောဆေးများဖြစ်သည့် ဖျားနာအကိုက်အခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ ဆီးချိုကျဆေး၊ သွေးတိုးကျဆေး၊ အာရုံ ကြောဆေး၊ ယားနာလိမ်းဆေး၊ ဆီးဆေး၊ အရောင်ကျဆေး၊ သွေးကျဲဆေး၊ ပိုးသတ်ဆေး၊ ဝမ်းပိတ် ဆေး တို့ကို ဆေးအမျိုးအမည် (အင်္ဂလိပ်လို)(မြန်မာလို)ရေတွက်ပုံ ဗူး၊ ကဒ်၊ လုံး ပစ္စည်းပြတ် လပ်မှုရှိ/ မရှိ၊ ဝယ်ယူသည့်နေရာ၊ ကုမ္ပဏီ၊ ဝယ်ဈေး၊ ရောင်းဈေးနှင့် အမြတ်ရာခိုင်နှုန်းတို့အား ကွင်းဆင်း စိစစ်ခဲ့ကြသည်။

               ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုအချိန် ကာလသည် မိုးအကုန် ဆောင်းအကူးကာလဖြစ်သည့်အတွက် ရာသီအကူးအပြောင်းကာလတွင် ဖျားနာ၊ ချောင်းဆိုး၊ ဗိုက်အောင့်ရောဂါစသည့် ဖြစ်ပွားတတ်သောကြောင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ ဆေးဝါးများပြတ်လပ်မှုမရှိစေရေး အထူးဂရုပြုကြရန် ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 “သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ Orange SuperMarket အတွင်းရှိအသင့်စားမုန့် အမျိုးမျိုးတို့တွင်ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး”

                 ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် ကျိုက် ခေါက်ဘုရားလမ်းရှိ Aeon Orange SuperMarket အတွင်းရောင်းချလျက်ရှိသည့် အသင့်စားမုန့် အမျိုးမျိုးတို့တွင် စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင် ရန်အလို့ဌာ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်းနှင့်ဝန်ထမ်း များသည် ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Aeon Orange SuperMarket မှ မန်နေဂျာနှင့်တွေ့ဆုံကာ အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ကုန် အညွှန်းအမှတ် အသားများအား ဖော်ပြရာတွင်လည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြပြီးမှသာဈေးကွက်အတွင်းရောင်းချရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဓနုဖြူမြို့၌ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင်းရှိ တိုင်ရင်းဆေး အရောင်းဆိုင်များတွင် သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီက တိုင်းရေးဆေးအရောင်းဆိုင်များအား ကွင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဈေးကော်မတီတို့ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးများနှင့် အိမ်သုံးစပ်ဆေး အဖြစ်ထုတ်လုပ်ရောင်းချသော ဆေးများ‌ရောင်းချမှု ရှိမရှိ၊ အများပြည်သူ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများဝယ်ယူ တင်သွင်းဖြန့်ချိရောင်းချမှုမရှိစေရေး နှင့် တိုင်းဆေးများတွင် ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ ဖော်ပြပါဝင်ခြင်း ရှိ မရှိကို လိုက်လံစစ်ဆေးပြီး တရားမဝင်ဆေးဝါးနှင့် ထောက်ခံချက်၊ ခွင့်ပြုချက်များမပါရှိသော ဆေးများရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ဆိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားပြော ကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အ.ထ.က-၄ ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၈.၁၂.၂၀၂၅)နေ့တွင် (၁၁း၀၀) နာရီအချိန်တွင် မအူပင်မြို့ ၉ ရပ်ကွက်ရှိ အ.ထ.က(၄)ကျောင်းတွင် ကျောင်းသူး/ ကျောင်းသူ (၁၄၀)ဦးနှင့် ဆရာ/ ဆရာမ (၄)ဦးအား စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟော ပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မှ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ် ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သိရှိနိုင်ရန် အချက်များကိုရှင်းလင်းခြင်း၊ ကုန်စည်ဝယ်ယူရာတွင် သေချာကြည့်ရှုမှတ်သား၍ ဝယ်ယူနိုင်ရန် လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီး ဌာန၏ Consumer Call Center ဝန်ဆောင်မှုကို ဆက်သွယ်၍ Consumer Call Center နံပါတ် ၁၅၃၅ သို့ ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတက်ရောက်သူ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည့်များကို မေးမြန်းကြပြီး တာဝန်ရှိသူမှ ပြန်လည်ရှင်း လင်းခဲ့ပါသည်။

  ဆက်လက်၍ စစ်ဆေးရေးအရာရှိက မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန် မုန့်များရောင်းချမှုရှိ/မရှိ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ပစ္စည်းများ မုန့်ဈေးတန်းမှ မုန့်များကို ကြည်ရှု့စစ်ဆေးကြပြီး ဒေသတွင်း အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများရှိပါက အစားအသောက်များထုတ်လုပ်ရာတွင် ခွင့်ပြုချက်မရှိသော ဆိုးဆေးတွေကို လုံးဝအသုံးမပြုရန်နှင့် တားမြစ်လွန်ကဲသကြားဆေးများကို သုံးစွဲခြင်းမပြုရန် မုန့်ဈေးတန်းဆိုင်ရှင်များကို အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ကုန်မျိုးစုံအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ  တာဝန်ရှိသူများ သည် ၈.၁၂.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် ကမ်းနားလမ်းရှိရှိ ဒေါ်မြကျင် (ကုန်စုံဆိုင်) သို့ ရောင်းချ သောဈေးကွက်ရောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိကို ခရိုင် FDA၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့်အတူ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာ သာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း နှင့် သက်ဆိုင်ရာဦးစီးဌာနများက ဖော်ပြရန် သတ်မှတ်အချက်အလက်များ ပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား စီးပွားရေး လုပ်ငန်းရှင်တာဝန်များ၊ လုပ်ငန်းရှင်တို့မှ ဥပဒေပါ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိရပါ စီးမန့်ခန့်ခွဲရေး နည်းလမ်းများအရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပေးပြောကြား လိုအပ် သည်များမှာကြားပြီး ကုန်အညွှန်အမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ ဈေးကွက်မရောက်မီကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဦးဇော်မင်း (ခရိုင်ဦးစီးမှူး)သည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် မအူပင်မြို့၊ မြို့ရှောင်လမ်းရှိ ရေဝတီ သောက်ရေ သန့်အမျိူးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် (ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သည့် စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင်စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချ ခြင်းစသည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကိုအသုံးပြု ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ် ချက်များနှင့် အညီ  ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အား အသိပညာပေးဆွေးနွေးခဲ့ပြီး ရေသန့်ထုတ်လုပ်ဗူးများကို ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

MyROတွင်မှန်ကန်စွာစာရင်းသွင်းရန်၊ကုန်ပစ္စည်းများတင်ပိုရာတွင် ကုန်တင်လွှာနှင့်အတူသတင်းပေးပိုဆောင်ရွက်ရန်အသိပညာပေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၈-၁၂-၂၀၂၅ ရက်နေ့ (၁၀)နာရီအချိန်တွင် မအူပင်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မိမိတို့ဌာန အနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်း ကြောင်း ဆောင်ရွက် နေပြီး နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်ကြောင်း၊ မအူပင်မြို့နယ်ရှိ လုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ကျန် စာရင်’မျာ’ကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်း လမ်းများကို သင်တန်းပေး ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှု စာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြား ဆွေးနွေးခဲ့ပြီး မအူပင်ဆန်စက်လုပ်ငန်း ရှင် (၂၂) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရမည်းသင်းမြို့နယ်ရှိ ရွာတန်းစံပြကျေးရွာရှိ ဆန်ဆိုင်များအားကွင်းဆင်းစစ်ဆေးပြီး မှတ်ပုံတင်နိုင်ရေးကူညီဆောင်ရွက်ပေး

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ရမည်း သင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတစ်ဦးသည်(၈ .၁၂ .၂၀၂၅)ရက် (၁၀:၀၀)အချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရမည်း သင်းမြို့နယ်ရွာ တန်းစံပြကျေးရွာအုပ်စုရှိ ဆန်လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင် များအားကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်ဆန်ဆိုင်များအားသတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချခြင်း ရှိ/မရှိ ဆန်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းရှိ/မရှိ ၊ သတ် မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး ဈေးနှုန်းများကို အများ ပြည်သူမြင်သာသော နေရာတွင်မြင်သာသည့်စာလုံးအရွယ်အစားဖြင့်ရေးသားဖော်ပြ၍ ရောင်းချ ရန် ၊ မြန်မာ့ဆန်စပါးအွန် လိုင်း(Myro)တွင်မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရ ပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ပြီး ရွာတန်းစံပြကျေးရွာအုပ်စု ၊ ဈေးကွက်သစ်ကျေးရွာရှိ ဦးဇော်ဝင်း၏ ဆန်သိုလှောင်ရုံအား (Myro) တွင်မှတ်ပုံတင်ခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ် (၁၈) ပြည်တော်အေးလမ်း၊ (၁) ရပ်ကွက်ရှိ T&K Fancy World Myanmar တီအန်ကေဖန်စီဝေါမြန်မာ (ဖန်စီပစ္စည်းများ) ရောင်းချသည့်ဆိုင် သို့ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်စန်းစန်းမော်သည် ဒီဇင်ဘာလ (၁၁) ရက် နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများစပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့်ကိုက်ညီမှုရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းတည်ရှိရာလိပ်စာတွင် ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေး ခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက် များအား အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာ စာအမှတ် (၅၁/၂၀၂၃)အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များအား ရှင်းလင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်ဦးမြို့ရှိ မင်းခေတ် ပဲကြော်လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီး အရာရှိ)သည် ၉.၁၂.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၅:၀၀)အချိန်တွင် ညောင်ဦးမြို့၊ အမှတ်(၆) အောင်မြေသာရပ်ကွက်ရှိ မင်းခေတ် ပဲကြော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည် များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ် လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ ခရိုင်တာဝန်ခံမှ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ