Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ပတ်လမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၄.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ မြို့ပတ်လမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံး သူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေး ရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံး သူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထိုဟောပြောပွဲသို့ ပြည်သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA (ဧရာဝတီ)                                               

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၉.၄.၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ပွဲပြု လုပ်ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား   မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင် များအားလက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဘိလပ်မြေ ဈေးနှုန်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချနေကြောင်း ကြားသိရသဖြင့် လုပ်ငန်းရှင်များ အနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချကြရန် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး ၊ လက်ကျန် အခြေအနေနှင့် ကုန်ပစ္စည်း ဝင်ရောက်မှုများအား မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်း ချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၈)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည် (၉.၄.၀၂၅)ရက်နေ့ နံနက်(၁၁;၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ပွဲပြု လုပ်ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား   မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင် များအားလက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဘိလပ်မြေ ဈေးနှုန်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချနေကြောင်း ကြားသိရသဖြင့် လုပ်ငန်းရှင်များ အနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချကြရန် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး ၊ လက်ကျန် အခြေအနေနှင့် ကုန်ပစ္စည်း ဝင်ရောက်မှုများအား မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်း ချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရတနာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင်ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၄.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဝါးခယ်မ မြို့နယ် ရတနာဈေးရှိ စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရတနာဈေးရှိ ကုန်မျိုးစုံဆိုင်များ တွင် လက်လီ/လက်က္ကားရောင်းချနေသော စားအုန်ဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချ နေခြင်းရှိ/မရှိ၊ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများမရှိကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီစနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီ ဆိုင်ပိုင်ရှင်များအား စားအုန်းဆီလက်လီ/လက်က္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီ ဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသာဈေးနှုန်းဖြင့် ရောင်းချ ပေးရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေး တွေ့ရှိ ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီ ဆိုင်ပိုင်ရှင် များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အသိပညာပေး ဆွေးနွေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၅ ခုနှစ် ၊ မေလ ၁၆ ရက်နေ့တွင် နံနက် (၁၀:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်း ဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံ စာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိ ပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၅) ဦး တက်ရောက်ပြီး နေ့လယ် ( ၁၅:၀၀ ) အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊    အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍  (၈.၄.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီက အိမ်မဲမြို့ ချောင်းဝရပ်ကွက်ရှိကိုဇော်ထွန်း၊ ကိုတရုတ်ကုန်မျိုးစုံဆိုင်၌ သောက်ရေသန့် 1plusအမှတ်တံဆိပ် ကုန်အညွှန်း အမှတ်အသား  ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ ချောင်းဝရပ်ကွက်ရှိ  ကုန်မျိုးစုံ ဆိုင်များတွင် ရောင်းချနေသောသောက်ရေသန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊   စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက် အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်ကွင်းဆင်း၍ စက်သုံးဆီအရောင်းဆိုင်(၇)ဆိုင်ကို စက်သုံးဆီတင်သွင်း/သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကို (၁၄-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၅၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပန်းတနော်မြို့နယ် စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များကို စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ကြီးကြပ် ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းဈေးများ အတိုင်း ရောင်းချရန် ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၊ မိမိတို့ရောင်းချနေသောကုန်စည်များကို အလေး၊ အချိန်အတွယ်ပြည့်ဝစွာ ရောင်းချကြ ရန် သိရှိစေရန်အလို့ငှာ ပြောကြားပြီးနောက် ရောင်းချနေသော ဆီအမျိုးအစားရောနှောခြင်း ရှိ/မရှိ ဆီအရောင်များကို နမူဏာယူ စစ်ဆေးခြင်းတို့ကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ကစစ်ဆေးခဲ့ပြီး ဆီဆိုင်လုပ်ငန်းရှင် များသိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၈.၄.၂၀၂၅)ရက် မွန်းလွဲ(၁၂:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိ ပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များ သိရှိလိုပါက မြို့နယ်စားသုံးသူရေးရာ တာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရှိအိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့်  ဝန်ထမ်းများသည်  (၈.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  အိမ်မဲမြို့အတွင်းရှိ အိမ်ဆောက် ပစ္စည်း  ရောင်းချသောလုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အိမ်မဲမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင် များအားလက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဘိလပ်မြေဈေးနှုန်းများ ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တင်ရောင်းချနေကြောင်း ကြားသိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချကြရန် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး ၊ လက်ကျန်အခြေအနေနှင့် ကုန်ပစ္စည်း ဝင်ရောက်မှုများအား မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသောမေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၄)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

သွားတိုက်ဆေးဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း

    (၁၃.၅.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(စစ်ဆေးရေးမှူး) နှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုး အပါအဝင်ဖြစ်သော သွားတိုက်ဆေးဘူးများအား ဈေးစည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ၍ ပုဇွန်တောင်ဈေးအတွင်းရောင်းချသည့် သွားတိုက်ဆေးအမျိုးမျိုးအား စစ်ဆေးဆောင်ရွက်ရန် ဆိုင်(၃)ဆိုင်ရှိ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံ စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    စစ်ဆေးရာတွင် သွားတိုက်ဆေးအမှတ်တံဆိပ်အမျိုးမျိုးဖြစ်သော လေဆာ၊ ဆစ်ဂနယ်၊ COLGATE စသည့်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ ပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ