Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်မာနိုင်ငံနှင့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ကုန်းလမ်း၊ ရေလမ်းသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းသစ်အတူတကွ တည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

     ၂၆.၁၁.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံနှင့် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ် ကုန်လမ်းရေလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ် အတူတကွတည်ဆောက်နိုင်ရေးအတွက်  တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်မြို့ ပြည်သူအစိုးရဘက်မှ တာဝန်ရှိသူများအား  တက်ရောက်ခဲ့ကြပါသည်။တွေ့ဆုံဆွေးနွေးပွဲတွင် ချုံချင့်မြို့ပြည်သူ့အစိုးရ၊ နိုင်ငံခြားဆက်ဆံရေးရုံး၊ စီမံကိန်းနှင့်ဖွံ့ဖြိုးရေးဌာန၊ ဌာနမှူး Mr. Zhao Yin ကခရီးစဉ်လာရောက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ယခုလာရောက်တွေ့ဆုံရသည့် အဓိကအကြောင်းအရင်း (၂) ချက်ရှိပါကြောင်း ပထမအချက်အနေဖြင့်    မြန်မာနိုင်ငံနှင့် ရပ်ဝန်း တစ်ခုလမ်းကြောင်းတစ်သွယ်၊ ကုန်းလမ်းရေလမ်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ် နှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားရန်နှင့် ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလတွင် ချုံချင့်မြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အား တက်ရောက်နိုင်ရေး ဖိတ်ကြားရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ပြီး ချုံချင့်မြို့တွင် ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ချုံချင့်မြို့သည် တရုတ်ဗဟိုအစိုးရမှ တိုက်ရိုက်စီမံခန့်ခွဲအုပ်ချုပ်သည့် မြို့ကြီး (၄) မြို့ ဖြစ်သည့် ပေကျင်း၊ ရှန့်ဟိုင်း၊ ထုံကျင်း၊ ချုံချင့် တို့တွင် ပါဝင်ပါကြောင်း၊ မြို့ကြီးဖြစ်သော်လည်း ပြည်နယ်အဆင့်ရှိသည့်မြို့ဖြစ်ပါကြောင်း၊          မြို့ဧရိယာမှာ စတုရန်းကီလိုမီတာ (၈၀၀၀၀) ကျော် ကျယ်ဝန်း၍ လူဦးရေ (၃၂) သန်းခန့်ရှိကြောင်း၊  ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင်ရှိသည့်အတွက် တရုတ်ဗဟိုအစိုးရ၏ အလေးထား ကြီးကြပ်ခြင်းခံရပါကြောင်း၊ ချုံချင့်မြို့၏ အားသာချက်များအနေဖြင့် မြို့၏ပထဝီမြေအနေအထားသည်  တရုတ်ပြည်အနောက်တောင်ဘက်တွင်ရှိပြီး ယန်ဇီမြစ်နှင့် ပိုးလမ်းမရပ်ဝန်းတွင်တည်ရှိခြင်း၊ ထုတ်ကုန်နှင့် စက်မှုဖွံ့ဖြိုးမှုအားသာချက်ရှိခြင်း။ စက်မှုလုပ်ငန်းများအား (၁၉၃၀) ဝန်းကျင်တွင်စတင်လုပ်ဆောင်ခဲ့ရာ နှစ်ပေါင်း (၁၀၀)ကျော်ရှိခြင်း၊ကမ္ဘာကုလသမဂ္ဂမှ သတ်မှတ်ထားသည့် စက်ရုံစံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် စက်ရုံ(၃၉)ရုံရှိခြင်း လီဖန်၊ ဂျာလင်း၊ လော့ဂျားကဲ့သို့သော အရှေ့တောင်အာရှဈေးကွက်ရှိသည့် ဆိုင်ကယ်များ ထုတ်လုပ်နိုင်ခြင်း၊ ကမ္ဘာလက်တော့ဈေးကွက်၏ ၃ ပုံ ၁ ပုံသည် ချုံချင့်မြို့မှ ထုတ်လုပ်နိုင်ခြင်း၊ထုတ်လုပ်မှုလုပ်ငန်း (၃) ခုအတွက် အမေရိကန်ဒေါ်လာသန်း (၂၀၀၀) ရည်မှန်းထားခြင်း၊ ခေတ်မီနည်းပညာအသုံးပြုနိုင်သော EV၊  Smart ကားများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး  နောက်လာမည့်ကာလများတွင် ခေတ်မီ အီလက်ထရောနစ် ပစ္စည်းများထုတ် လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ချုံချင်မြို့သည် တောင်ပေါ်ဒေသတစ်ခုဖြစ်သည့်အပြင် မြို့၏ ၆၇ ရာခိုင်နှုန်း သည် တောတောင်များဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုအားကောင်းသည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုရှိခြင်း၊         ဗဟို၊ တိုင်း၊ မြို့နယ်၊ ခရိုင်၊ မြို့ အုပ်ချုပ်မှုအဆင့် (၅) ဆင့်ရှိသည့်အနက် ချုံချင့်မြို့သည် အုပ်ချုပ်မှုအဆင့်၌ ဗဟို၊ မြို့၊ ခရိုင်၊ ကျေးရွာ အဆင့်(၄) ဆင့်သာရှိ၍ အဆင့်ဆင့်တင်ပြရမှုနည်းရာ အစိုးရဝန်ထမ်းကုန်ကျစရိတ်နည်းပြီး လုပ်ငန်းလုပ်ဆောင်ရန်လွယ်ကူခြင်း၊           ယခုတည်ဆောက်မည့် ကုန်းလမ်းရေလမ်း ပို့ဆောင်ရေးလမ်းကြောင်းသစ်အား ချုံချင့်မြို့မှစတင်ခြင်းဖြစ်ပြီး  အဆိုပါလမ်းကြောင်းသည် One Belt One Road နှင့် မဲခေါင်ဒေသဖွံဖြိုးရေး (၆) နိုင်ငံစီမံကိန်း၊ တရုတ်-အာဆီယံ စီမံကိန်း လမ်းကြောင်း တို့တွင်လည်း ချိတ်ဆက်ပါဝင်လျက်ရှိကြောင်း၊  ယခုလမ်းကြောင်းသစ်သည် တရုတ်ပြည်၏ ပြည်နယ် (၁၃) ခု၊ မြို့ (၂)မြို့တို့အား ချိတ်ဆက်ထားပြီး ရေလမ်း၊ မီးရထားလမ်း၊ ကုန်းလမ်းစသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမျိုးစုံပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မန္တလေးမြို့သည် အဆိုပါလမ်းသစ်၏ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွင် အဓိက ကျသည့်နေရာတွင်ပါဝင်လျက်ရှိကြောင်း၊     မန္တလေးမီးရထားလမ်းကြောင်းမှတစ်ဆင့် ရန်ကုန်၊ ရွှေလီ၊ မူဆယ်၊ ချင်းရွှေဟော်အထိ ကုန်စည်များ တင်ပို့/ တင်သွင်း ဆောင်ရွက်လိုပါကြောင်း။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆိုင်ရာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် စီချွမ်၊ ချုံချင့်ဒေသနှင့် မဲခေါင်ဒေသ (၅) နိုင်ငံတို့ပါဝင်သည့် အစည်းအဝေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အား အထူးအလေးထား ဖိတ်ကြားလိုပါကြောင်း၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံးမှတာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားပါကြောင်း၊ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှလည်း အစည်းအဝေးတက်ရောက်နိုင်ရေး ဖိတ်ကြားစီစဉ်ထားပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်နိုင်ရေး လုံခြုံရေးနှင့် ဧည့်ခံကြိုဆိုရေးအဖွဲ့များ ဖွဲ့စည်းစီစဉ်ထားရှိပြီး ကုန်ကျစရိတ်များကိုလည်း ချုံချင်မြို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်လာရောက်ပါက ချုံချင့်မြို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊  စီးပွားရေးဆိုင်ရာနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်ပူးပေါင်းဆွေးနွေးလိုပါကြောင်း၊ မန္တလေးမြို့သည် လမ်းကြောင်းသစ်တွင် အဓိက ကျသည့်နေရာမှ ပါဝင်သည့်အတွက် တက်ရောက်ပေးနိုင်ရေး အထူးအလေးထားဖိတ်ကြား လိုပါကြောင်းစသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုများမှ ချုံချင့်မြို့ တာဝန်ရှိသူများမှ နယ်စပ်ဖြတ်ကျော် ကုန်စည် ပို့ဆောင်ရေးကိစ္စရပ်များ၊ စီမံကိန်းများအကြောင်း ဆွေးနွေးရှင်းလင်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ကုန်းလမ်းရေလမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်တွင် အဓိကကျသည့်အတွက် အထူးစိတ်ဝင်စားကြိုဆိုပါကြောင်း၊ လက်ရှိအချိန်တွင် တရုတ် (CREC- China Railway Engineering Cooperation ) နှင့် မူဆယ်- မန္တလေးရထားလမ်း ဆောက်လုပ်လျက်ရှိကြောင်း၊ မီးရထားလမ်းအနေဖြင့် မန္တလေး-ကျောက်ဖြူ လမ်းကြောင်း၊ မန္တလေး-ပုဂံလမ်းကြောင်းများ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးမှတ်တမ်းများရိုက်ကာ နေ့လယ် ၁၂း၀၀ အချိန်တွင် ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(မန္တလေး)

 

မုံရွာခရိုင်၏ (၁၀/၂၀၂၃) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံမှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပါသည်။

    မုံရွာခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၁၁-၁၀-၂၀၂၃)ရက်နေ့တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ "ဒေါ်ထက်"ဆိတ်သားခြောက်လုပ်ငန်းရှင်အားလည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၄-၁၀-၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “T & C ” မုန့်မျိုးစုံလုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ချင်းပြည်နယ်အတွင်း စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူပြည်သူလူထု၏ အခွင့်အရေး နှင့် အကျိုးစီးပွားကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ

   ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၉/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်၊  ပြည်နယ်စားသုံးသူရေးရာကော်မတီ (၈/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ် ကြေညာထားသည့် ကုန်ပစ္စည်းများ  ဈေး ကွက်အတွင်းသို့ ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ စာသင်ကျောင်းများရှိ ကျောင်းဈေးနှင့် အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခြင်းစသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေနွေးခဲ့ပြီး ရှေးဆက်ဆောင်ရွက်မည့် စားသုံးသူအကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့စားသုံးသူရေးရာကော်မတီအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူ အားလုံးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ပိုမိုကောင်းမွန်သော ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေး ဆက်လက်တာဝန်ယူဆောင်ရွက်ပေးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)

 

 

 

 

 

ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် (ပဥ္စမအကြိမ်) စားအုန်းဆီများ ရောင်းချလျက်ရှိ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက် ရှိသော ရည်ညွှန်းဈေးအပေါ် အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

  ဆိပ်ဖြူမြို့နယ်အတွင်းရောင်းချရာ (၁၈.၁၀.၂၀၂၃)ရက်နေ့တွင်  မြင်ကဝကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ (၁၉.၁၀.၂၀၂၃)ရက်နေ့တွင် ကမ္ဘာကြီးကျေးရွာရှိ အိမ်ထောင်စု(၄၅၀)စုအတွက် စားအုန်းဆီပိဿာ(၄၅၀)ပိဿာ၊ (၂၀.၁၀.၂၀၂၃) ရက်နေ့တွင် ချင်တောင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီပိဿာ (၄၀၀)ပိဿာ၊ (၂၃.၁၀.၂၀၂၃)ရက် နေ့တွင် ကိုးတောင့်ကျေးရွာရှိ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီပိဿာ (၄၀၀)ပိဿာ၊ (၂၄.၁၀.၂၀၂၃)ရက်နေ့တွင် အနောက်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု(၇၀၀)စုအတွက် စားအုန်းဆီပိဿာ (၇၀၀)ပိဿာ၊  စုစုပေါင်း စားအုန်းဆီပိဿာ (၂၄၀၀)ပိဿာအား နေ့စဉ်နေလယ် (၁၃:၀၀)နာရီအချိန်တွင် ဆီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့် ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

DOCA(မကွေး)

 

(၁၀/၂၀၂၃)လ ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍  ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ် စသည်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစုစုပေါင်း (၄)ကြိမ်နှင့် ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီရေး၊  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်ကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေး/ ချောက်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀)အချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၊ မကွေးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၉၅၀)နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ရောင်းချပေးနေမှုနှင့် မကွေးခရိုင် လမ်းဦးစီးမှူးရုံး၌ လမ်းဦးစီးဌာန၊ ရေအရင်းအမြစ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဌာန၊ တရားရုံး(တိုင်း/ ခရိုင်/ မြို့နယ်)၊ ဥပဒေ(တိုင်း/ ခရိုင်/ မြို့နယ်)ရှိ ဝန်ထမ်းများအား စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၉၅၀) နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်‌ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်စေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ တန်းစီးစနစ် ဖြင့် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲ(၉/၂၀၂၃) ကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၆.၁၀.၂၀၂၃)ရက်နေ့ နေလည်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မား စေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံဒေါ်စန္ဒာစိုးလွင်(ဦးစီးမှူး)က စားသုံးသူရေးရာဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဦးဝင်းမောင် (ဒု-ကြီးကြပ်ရေးမှူး)က စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဦးမြင့်ကြည်(ရုံးအုပ်)က  ဟောပြောပွဲပြုလုပ်ရာတွင်လိုအပ်သည့် အချက်များ အကြောင်းကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ်(၁၂း၃၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲရုတ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)

 

အောက်တိုဘာလအတွင်း ကန့်ဘလူခရိုင်ဦးစီးမှူးရုံး၏ အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့် စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၃-၁၀-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၄) (အ.မ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၅)ဦး၊ (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ဇီးတောကျေးရွာ “အ.မ.က”ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၇၄)ဦး၊ (၁၉-၁၀-၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ(၅)ဦးနှင့် (၂၇-၁၀-၂၀၂၃)ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသိပညာပေး Talk Show (၂)ဦး၊ စုစုပေါင်းစားသုံးသူ (၂၀၆)ဦးတို့ကို အသိပညာပေးဟောပြောခဲ့ရာ တာဝန်ရှိသူများက စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ Online Sales လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ရမည့်နေရာများ၊ စားသုံးသူရေးရာနှင့်သက်ဆိုင်သည့် သတင်းအကြောင်းအရာများကို နေ့စဉ် ဖြန့်ဝေလျက်ရှိသည့် ဌာန၏ Website၊ Facebook Page နှင့် Consumer Call Center No. (1535) စသည်တို့ကို ဝင်ရောက်ကြည့်ရှုခေါ်ဆိုမေးမြန်းနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁၀/၂၀၂၃) ကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၄.၉.၂၀၂၃) မှ (၂၅.၉.၂၀၂၃)ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၁၀/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ယခုလိုဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိ၏အရည်အသွေးတိုးတက်မြင့်မားစေရေး အားထုတ်ကြိုးပမ်း စေလိုကြောင်း၊ သင်တန်းပို့ချချက်များကိုလည်း သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုး (လက်ထောက် ညွှန်ကြားရေးမှူး)က ကုန်စည်(၃)မျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးသိန်းဦး(ဦးစီးအရာရှိ)က ရုံးစာဘယ်လိုရေးကြမလဲနှင့် ရုံးလုပ်ငန်း လက်စွဲအခန်း(၇)အကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ၊ စီမံ(ထွေ)တာဝန်ခံဦးရဲမင်းသိန်း (ဦးစီးမှူး)က ဌာနပိုင်ပစ္စည်းများပြန်တမ်းစာရင်းရေးသွင်းခြင်း/ ပယ်ဖျက်ခြင်းနှင့် တင်ပြတောင်း ခံသည့်လုပ်ငန်းစဉ်အကြောင်းကို လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန်ခွဲရေးဌာနခွဲတာဝန်ခံ ဦးဝင်းထွန်း(ဦးစီးမှူး)က CTQM အကြောင်းသိကောင်းစရာများအကြောင်း ကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်အေးအေးခိုင်(ဦးစီးမှူး)က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အကြောင်းကိုလည်းကောင်း Power Point များဖြင့် အသေးစိတ် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောသင်တန်းသားများက သိလိုသည်များ မေးမြန်းမှုအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းနည်းပြများ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

DOCA(မကွေး)

မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျေးလက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာ ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှု၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့်အဖွဲ့သည် မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ (၂၆.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

  ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)က စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်များ၊ စားသုံးသူအခွင့် အရေး(၈)ချက်၊ စားသုံးသူများလိုက်နာရမည့်တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန် နှင့်တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူများကတောင်းဆိုနိုင်သည့်အခွင့်အရေးများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာမှုများဖြစ်ပေါ်လာပါက မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဖွင့်လှစ်ထားသော Consumer Information & Complaint Center(CICC) သို့လည်းကောင်း၊ MPT, Mytel, Telenor, Oredoo sim Card များဖြင့် Call Center No-1535 သို့ အလွယ်တကူခေါ်ဆိုတိုင်းကြားနိုင်ပုံ၊ ဌာန၏ Website www.doca.gov.mm သို့လည်းကောင်း၊ Facebook page တွင် Myanmar DOCA သို့ ဝင်ရောက်တိုင်ကြားနိုင်ပုံများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၁၃၀၀)စု အား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၁၃၀၀) စုအတွက် စားအုန်းဆီ(၁၃၀၀)ပိဿာရောင်းချမှုအား စနစ်တကျရှိစေရေး ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ခဲ့ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ