Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောနှုန်းထားဖြင့် ကြက်ဥ ၊ ဘဲဥ နှင့် ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ငါးများ ရောင်းချပေးလျက်ရှိ

     မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ မစီအစဉ် လမ်းညွှန်မှုဖြင့်   ညောင်တုန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြက်ဥ၊ ဘဲဥ နှင့် ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ငါးများကို သက်သာသော ဈေးဖြင့် ဝယ်ယူနိုင်ရန်  ၁၄.၅.၂၀၂၅ မှ ယနေ့ ၁၅-၅-၂၀၂၅ရက်နေ့အထိ နံနက်ပိုင်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေးလူပ်ငန်းအဖွဲ့များဖြင့် (၃)ရပ်ကွက်၊ (၄)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၉)ရပ်ကွက်နှင့် ဆားမလောက်ဈေး၊ တာကွေ့ဈေး၊ ကြိမ်ပင်ဆယ်ကျေးရွာ၊ မဲဇလီကျေးရွာများတွင် အဖွဲ့စုံခွဲ  စုပေါင်း၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

      ထိုသို့ရောင်းချရာတွင် ကြက်ဥတစ်လုံး(၃၅၀-၄၅၀)၊ ဘဲဥတစ်လုံးလျှင် ၄၅၀-၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥအလုံးရေ (၁၆၄၀၀)၊ ဘဲဥအလုံးရေ (၂၂၅၀)ဖြင့် ၁၅.၅.၂၀၂၅ ရက်နေ့ကလည်း ကြက်ဥအလုံးရေ (၁၆၄၀၀)နှင့် ဘဲဥအလုံးရေ (၂၂၅၀)ကို Social Distancing နှင့်အညီ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။

      ဆန် ၁၀ပြည်ကို လူတစ်ဦး လျှင် ၁ပြည်နှုန်း ဆန်ဈေး  ၁ပြည် (၃၀၀၀)ကျပ်၊ ဆီ ၃၀ပိဿာ လူတစ်ဦး ၅၀ကျပ်သား၊ ဆီဈေး ၁ပိဿာ ၇၁၈၀ ကျပ်၊ ဝက်သား၁၅ပိဿာ လူတစ်ဦး ၂၀ ကျပ်သားဖြင့် ၁ပိဿာ ၁၉၀၀၀ကျပ်ဈေးဖြင့်လည်းကောင်း၊ ကြက်သား ၁၀ပိဿာ လူတစ်ဦးလျှင်  ၃၀ကျပ်သားဖြင့် ကြက်သားဈေးနှုန်း ၁ပိဿာ ၁၈၀၀၀ကျပ်ဖြင့် လည်းကောင်း၊ ငါး ၁၅ပိဿာ လူတစ်ဦး ၃၀ကျပ်သားဖြင့် ငါးဈေး ၁ပိဿာ ၆၀၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ရွှေပြည်သာမြို့နယ်ရှိ သံထည်နှင့်အိမ်ဆောက်ပစ္စည်းဈေးကွက်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ သံထည်နှင့် အိမ်ဆောက် ပစ္စည်းများ၏ ဈေးကွက်အခြေအနေများကို သိရှိနိုင်ရေးအတွက် (၁၅.၅.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဉီးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနတို့မှ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်လျက် မြို့နယ်အတွင်းရှိ သံထည်နှင့်အိမ်ဆောက်ပစ္စည်း အမျိုးမျိုး အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်ရှိ မုဒိတာ၊ သန်းကြွယ်၊ သပြေ၊ အားမာန် သစ်၊ Golden Dream၊ မြတ်ရွှေရည်စသည့်အရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး သံထည်များ အနေဖြင့် ဟော်လိုပိုက်၊ ဟင်္ဂလန်၊ U ဘင့်၊ H ဘင့်၊ I ဘင့်၊ သံပြားအစရှိသည်တို့ ရောင်းချနေကြပြီး အိမ်ဆောက်ပစ္စည်းများအနေဖြင့် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ Smart Board၊ TARGET BOARD၊ အထပ်သား၊ သွပ်ပြားနှင့်အခြားဆက်စပ်ပစ္စည်းတို့ကို စုံလင်စွာ ရောင်းချနေကြကြောင်း ဈေးကွက် အခြေအနေကို သိရှိရပြီး ၎င်းပစ္စည်းများကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားမှုမရှိစေရေးအတွက်လည်း စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

  

၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ တိုင်းဒေသကြီးချေးငွေအကြံပေးအဖွဲ့အစည်းသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

        ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တနင်္သာရီတိုင်းဒေသကြီးမှ တာဝန်ယူကျင်းပမည့် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေးနှင့် အချိန်စေ့ လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ တိုင်းဒေသကြီးချေးငွေအကြံပေးအဖွဲ့ အစည်း အဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးချေးငွေအကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီးချေး ငွေအကြံပေးအဖွဲ့၊ အတွင်းရေးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာမှ ၂၀၂၅ မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြန်လည်ကောက်ခံရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာကြသော တိုင်းဒေသကြီးချေးငွေအကြံ ပေးအဖွဲ့မှ အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီးချေးငွေ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား (၁၄း၄၅)နာရီ အချိန်တွင် ‌အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၅/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၁၅.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၅/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာ ပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၈)ဦး တက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် ဒု-ဉီးစီးမှူး ဒေါ်အေးသိင်္ဂီစိုးမှ  လုပ်ငန်းခွင်ညှိနှိုင်းရေး နည်းဗျုဟာ (၁၀)ချက်အကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

  

 

ပုသိမ်မြို့နယ်ရှိ ကမ်းနားဈေးအတွင်း ချဉ်ဖတ်မျိုးစုံနှင့် ပဲပြားများအား ဆိုးဆေးပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကမ်းနားဈေးအတွင်း (၇.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ချဉ်ဖတ်မျိုးစုံနှင့် ပဲပြားများတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့၊ City Baby Mart အား အန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ City Baby Mart အား (၅.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက် နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် သွင်းကုန်ထောက်ခံချက် (IR)မရှိဘဲ Online Media မှ ရောင်းချ နေသော အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချ ခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်များအား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ နောင်တုံကုန်ပတ်လမ်းရှိ “အောင်နိုင်” စားသောက်ဆိုင်နှင့် “Iron Cross” စားသောက်ဆိုင် (၂)ဆိုင်အား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်း လုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် “အောင်နိုင်” စားသောက်ဆိုင်နှင့် “Iron Cross” စားသောက်ဆိုင်အနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါသော မီးဖိုချောင် သုံးကုန်ပစ္စည်းများကိုသာ အသုံးပြုပြီး အစားအသောက်များအား သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ် ရောင်းချသည်ကို တွေ့ရှိရပါသည်။

      ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချ သည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။         

DOCA(ရှမ်း)

 

 

စားသုံးဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး၊အောင်ပန်းမြို့မှ ဝန်ထမ်းများသည်(၁၄.၅.၂၀၂၅)ရက်နေ့၊(၁၃:၀၀)နာရီအချိန်တွင် ကလောမြို့၊နန်းအွန်ကျေးရွာမှ  စားအုန်းဆီ လက်လီအရောင်းဆိုင်(၁)ဆိုင်နှင့် (၁၅:၀၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ကလောမြို့ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်(၁)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

   စစ်ဆေးရာတွင် ကလောမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ရရှိသောခွဲတမ်းများအား စာအုပ်စနစ်ဖြင့်ရပ်ကွက်အလိုက် တစ်လလျှင်အိမ်ထောင်စု တစ်စုတွင်(၂)ပိဿာနှုန်းဖြင့်ရောင်းချပေးပါကြောင်း ၊သတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချပေးပြီး တစ်နေ့စာတစ်နေ့ကုန်အောင်ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ရက်ကျော် လွန်လျှင်လည်းပြန်လည်ရောင်း ချပေးပါကြောင်းသိရှိရပြီး မိမိတို့ဌာနမှလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးမြှင့်တင်ရောင်းချခြင်းရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မြင်းဖြူ အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ မေလ (၁၂)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)၊ ပေါက်ထိုက်ရပ်အတွင်းရှိ “မြင်းဖြူ” အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် “မြင်းဖြူ” အမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။

   ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် “မြင်းဖြူ” အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ဆန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၅.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပင်လုံမြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပင်လုံမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်း မပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

    ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေးနှင့် ခေါက်ပါကင်(ဒေသဆန်)များကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခု အပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ