Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးအသင်းဖွဲ့စည်းခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခြင်း

        ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းဝယ်ရေးအသင်းဖွဲ့စည်းခြင်းအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ  တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ လမ်းဦးစီးဌာန(မြို့ပြ)မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့မှ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ မိမိတို့ဆန္ဒအလျောက် EC/CEC များရွေးချယ်တင်မြှောက်ခြင်းများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား (၁၄း၄၅) အချိန်တွင် ‌အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များရောင်းချ

   စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသော ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ သက်သာသောစျေးနှုန်း ဖြင့် အခြေခံစားသောက်ကုန်များအပါအဝင် စားအုန်းဆီများကို ပြည်သူများအား စျေးနှုန်းသက် သာစွာဝယ်ယူနိုင်ရေး ၂၀၂၅ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် မြိတ်မြို့၊ ဇေယျာသီရီ(၃)ရပ်ကွက်၊ ချမ်းသာလမ်းတွင် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

   အခြေခံစားသောက်ကုန်များတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ မန်ကျည်းသီး၊ ငရုတ်၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များပါဝင်ကြောင်းသိရှိရပါသည်။

DOCA ( မြိတ် )

မြိတ်မြို့သို့ဆန်သယ်ယူ၍ ရောက်ရှိလာသော ဆန်လှေအားကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်စပါးစိုက်ပျိုးသော်လည်း ဆန်စပါးထွက်ရှိမှု မလုံလောက်ခြင်းတို့ကြောင့် မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းမှ မြိတ်ခရိုင်အတွက်လိုအပ် သောဆန်များကို အခြားတိုင်းနှင့်ပြည်နယ်များမှ သယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မေလ(၁၅)ရက် နေ့တွင် ကျိုက်လတ်မြို့နယ်မှ အမ်ဗွီ‌‌အောင်တက်တိုးရေယာဉ်ဖြင့် သယ်ယူလာသော ဆန်အိတ် ၉၀၀၀ (၄၅၀တန်)သည် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ရောက်ရှိလာသောဆန်အိတ်များကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသော ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA ( မြိတ် )

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပင်စင်စားများအား ဆီ နှင့် ဆန် ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်များအသင်းတို့နှင့် ပူးပေါင်း၍ (၁၄.၅.၂၀၂၅) ရက်နေ့ နံနက်(၈:၀၀) အချိန်တွင် ငပုတော မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီနှင့် ဆန်များ ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

     ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသော ဈေးနှုန်းများဖြင့် ဆီနှင့် ဆန်များ ဝယ်ယူရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆီ(၅၀)သား လျှင်(၄၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ် နှင့် ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၄၅၀၀)ကျပ်ဖြင့်ရောင်းချပေးခဲ့ပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ဌာနဆိုင်ရာ များမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

DOCA (ဧရာဝတီ)     

Online Sales နှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း သည် အမှတ်(၄) ရပ်ကွက်၊ ဥမ္မာဒန္တီလမ်းရှိ ခြူးလုံဆေးဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်သို့  သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို Online Sales Application တွင် ဖြည့်သွင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက်များကို ကုန်သွယ်ရေး ဦးစီး ဌာနမှ ဆက်လက်စိစစ်ပေးပြီး ပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်၊ အမှတ် (၈)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖိုအား ဆိုးဆေးပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၈)ရပ်ကွက်ရှိ၊ ဒေါ်လှလှခိုင် ၏ မုန့်ဟင်းခါးဖိုအား (၁၂.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မုန့်ဟင်းခါးဖိုမှ ထွက်ရှိ လာသော မုန့်ဖတ်များတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ အောင်ဧရာဈေးအတွင်း ကြက်သွေးနှင့် ပဲပြားများအား ဆိုးဆေးပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ အောင်ဧရာဈေးအတွင်း (၁၂.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ကြက်သွေးနှင့် ပဲပြားများတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အခြေခံစားကုန်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အ ထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သ မဝါယမဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မေလ  ရက်နေ့ နံနက်(၈:၀၀) အချိန်တွင်ကော့ သောင်းမြို့ပေါ်ရှိ  မြို့မစျေးအတွင်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက် သွန်၊ အာလူးနှင့် အသား/ငါး စသည်တို့၏ စျေးနှုန်းအတက်/အကျ ပြောင်းလဲမှု အခြေအနေများ အား သိရှိနိုင်ရန်အတွက် အပတ်စဉ် စျေးကွက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      စားသုံးသူပြည်သူများ၏ စားဝတ်နေရေး ပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက် ကုန် စျေးနှုန်းများအပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ကုန် စည်စီးဆင်းမှု မှန်ကန်စေရေး တို့အတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ကော့သောင်းမြို့ အခြေခံစားသောက် ကုန်စျေးနှုန်းများသည် ဧပြီလနှင့် မေလ ပထမအပတ် နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန် အခြေခံစားသောက်ကုန်စျေးနှုန်းများနှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကော့သောင်း)

 

ကော့သောင်းမြို့ပေါ်ရှိ တိုင်းရင်းဆေးဝါး အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

     ၁၅.၅.၂၀၂၅ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ တိုင်းရင်းဆေးဝါး အရောင်းဆိုင် များအား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည့်သူ့ကျန်းမာရေးဦး စီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့်စပ်လျဉ်း၍ ရောင်းချ ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကော့သောင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ