Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပင်စင်စားများအား ဆီ နှင့် ဆန် ရောင်းချပေးမှုနှင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်များအသင်းတို့နှင့် ပူးပေါင်း၍ (၁၄.၅.၂၀၂၅) ရက်နေ့ နံနက်(၈:၀၀) အချိန်တွင် ငပုတော မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီနှင့် ဆန်များ ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

     ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသော ဈေးနှုန်းများဖြင့် ဆီနှင့် ဆန်များ ဝယ်ယူရရှိနိုင်ရေးအတွက်ဆောင်ရွက်ပေးခဲ့ပါသည်။ ဆီ(၅၀)သား လျှင်(၄၀၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ် နှင့် ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၄၅၀၀)ကျပ်ဖြင့်ရောင်းချပေးခဲ့ပါသည်။ ဆက်လက်၍လည်း ပင်စင်စားဝန်ထမ်းများအား ဌာနဆိုင်ရာ များမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

DOCA (ဧရာဝတီ)     

Online Sales နှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း သည် အမှတ်(၄) ရပ်ကွက်၊ ဥမ္မာဒန္တီလမ်းရှိ ခြူးလုံဆေးဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်သို့  သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို Online Sales Application တွင် ဖြည့်သွင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက်များကို ကုန်သွယ်ရေး ဦးစီး ဌာနမှ ဆက်လက်စိစစ်ပေးပြီး ပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်၊ အမှတ် (၈)ရပ်ကွက်ရှိ မုန့်ဟင်းခါးဖိုအား ဆိုးဆေးပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၈)ရပ်ကွက်ရှိ၊ ဒေါ်လှလှခိုင် ၏ မုန့်ဟင်းခါးဖိုအား (၁၂.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မုန့်ဟင်းခါးဖိုမှ ထွက်ရှိ လာသော မုန့်ဖတ်များတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ အောင်ဧရာဈေးအတွင်း ကြက်သွေးနှင့် ပဲပြားများအား ဆိုးဆေးပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ အောင်ဧရာဈေးအတွင်း (၁၂.၅.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ကြက်သွေးနှင့် ပဲပြားများတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အခြေခံစားကုန်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အ ထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သ မဝါယမဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မေလ  ရက်နေ့ နံနက်(၈:၀၀) အချိန်တွင်ကော့ သောင်းမြို့ပေါ်ရှိ  မြို့မစျေးအတွင်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက် သွန်၊ အာလူးနှင့် အသား/ငါး စသည်တို့၏ စျေးနှုန်းအတက်/အကျ ပြောင်းလဲမှု အခြေအနေများ အား သိရှိနိုင်ရန်အတွက် အပတ်စဉ် စျေးကွက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      စားသုံးသူပြည်သူများ၏ စားဝတ်နေရေး ပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက် ကုန် စျေးနှုန်းများအပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ကုန် စည်စီးဆင်းမှု မှန်ကန်စေရေး တို့အတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ကော့သောင်းမြို့ အခြေခံစားသောက် ကုန်စျေးနှုန်းများသည် ဧပြီလနှင့် မေလ ပထမအပတ် နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန် အခြေခံစားသောက်ကုန်စျေးနှုန်းများနှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကော့သောင်း)

 

ကော့သောင်းမြို့ပေါ်ရှိ တိုင်းရင်းဆေးဝါး အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

     ၁၅.၅.၂၀၂၅ ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ တိုင်းရင်းဆေးဝါး အရောင်းဆိုင် များအား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည့်သူ့ကျန်းမာရေးဦး စီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့်စပ်လျဉ်း၍ ရောင်းချ ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကော့သောင်း)

ကော့သောင်းမြို့သို့ ထာဝရ မေတ္တာ စက်လှေဖြင့် ဆန် ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၀၀၀)၊အိတ်ရေ(၂၀၀၀၀) အား ထာဝရမေတ္တာ  စက်လှေဖြင့် (၁၃.၅.၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့သို့ ရောက်ရှိလာကြောင်းသိရှိရပါသည်။

        အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပါဝင် သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကော့သောင်း)

သရက်မြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါး များရောင်းချခြင်းရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ ကုန်စုံဆိုင်များ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ  ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များတွင် သက်တမ်းလွန် ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဈေးနှုန်း များ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီ သည့်ကုန်စည်များရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချကြောင်း စစ်ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)  

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

     ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၁၂.၅.၂၀၂၅ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန် ၊ ပုသိမ်မြို့ ၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်၊၊

     ဗိုလ်လုပွဲစဉ်တွင် ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ယင်းနောက် ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများကို တစ်ဦးချင်းအလိုက် ဆုများပေးအပ်ခြင်း၊ ပထမဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ