Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၈.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ သွားရောက်၍ ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များနှင့် ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ရောင်းချနေသောခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ဘိုကလေးမြို့နယ် “ပတ္တမြားကုန်း’” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ပတ္တမြားကုန်း ကျေးရွာအုပ်စု မြို့နယ် တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၃:၃၀) နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၆၁၀) အုပ်အား ပေးအပ်ခဲ့ပါသည်။

     ထို့နောက် မြို့နယ်တာဝန်ခံက ဆီစာအုပ်ပေးအပ်မှု ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူလူထုလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိအောင် သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းအတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(DOCA) ဧရာဝတီ

ဘိုကလေးမြို့နယ် “ပတ်ပြဲ” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ပတ်ပြဲကျေးရွာအုပ်စု မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၇၂၂) အုပ်အား ပေးအပ်ခဲ့ပါသည်။

     ထို့နောက် မြို့နယ်တာဝန်ခံက ဆီစာအုပ်ပေးအပ်မှု ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသုံးသူပြည်သူများလည်း သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း အတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

လှည်းကူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၂၈.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမီးနစ်အချိန်တွင် လှည်းကူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်ပေးလျက်ရှိရာ ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဘိုကလေးမြို့နယ် “ဂရမ်း” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ဂရမ်းကျေးရွာအုပ်စု မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီ အချိန်တွင် ဂရမ်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၇၂၅) အုပ်အား ပေးအပ်ခဲ့ပါသည်။

      ထို့နောက် မြို့နယ်တာဝန်ခံက ဆီစာအုပ်ပေးအပ်မှု ပက်သက်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသုံးသူပြည်သူများလည်း သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းအတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

 

ဘိုကလေးမြို့နယ် “ညီနောင်ဖျား” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ညီနောင်ဖျားကျေးရွာအုပ်စု မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ညီနောင်ဖျား ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၄၁၀) အုပ်အား ပေးအပ်မှုနှင့် ပက်သက်၍ စားသုံးသူပြည်သူများ လည်း သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း အတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

Control Star Export & Import Co.,Ltd ဘူးသွင်းဆီထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၂)ဦးတို့သည် (၂၄.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၃၀) နာရီခွဲအချိန်တွင် အမှတ်(၂၈)၊ ဇေကမ္ဘာ (၇) လမ်း၊ စက်မှုဇုန်(၄)၊ မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Control Star Export & Import Co.,Ltd မှ ထုတ်လုပ်မှုတာဝန်ခံ ကိုအောင်ဇေယျာဦးမှ မိမိတို့စက်ရုံသည် လွန်ခဲ့သော (၄)နှစ်ခန့်မှစ၍ ရပ်ဆိုင်ထားခဲ့ပြီး ယခုအခါတွင် IV-62 အရည်အသွေးရှိအဆင့်မြင့်စားအုန်းဆီကို “Jasmine”အမည်ဖြင့် ဆိုဒ်မျိုးစုံဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ဌာနဆိုင်ရာအလိုက် ထောက်ခံချက်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ၂၀၂၂ မှ ၂၀၂၅ ဒီဇင်ဘာလထိ မှတ်ပုံတင်ထားပြီး သက်တမ်းတိုးလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဘိုကလေးမြို့နယ် “ကွင်းကြီး” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ကွင်းကြီးကျေးရွာအုပ်စု မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကွင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီ ဝယ်ယူခွင့် စာအုပ် (၇၇၀) အုပ်အား ပေးအပ်မှုနှင့် ပက်သက်၍ စားသုံးသူပြည်သူများလည်း သက်သာသောဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူး ရောင်း ချခြင်း အတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

ဘိုကလေးမြို့နယ် “ငါးပိချောင်း” ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ် ပေးအပ်မှု အခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် ငါးပိချောင်းကျေးရွာအုပ်စု မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ငါးပိချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ် (၁၀၅၆) အုပ်အား ပေးအပ်မှုနှင့် ပက်သက်၍ စားသုံးသူပြည်သူများ လည်း သက်သာသော ဈေးနှုန်းဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း အတွက် ဆီစာအုပ်များ ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

ဖျာပုံခရိုင်အတွင်း Online Sale Reg လျှောက်ထားသည့်လုပ်ငန်းများအားကွင်းဆင်းစိစစ်

       ဖျာပုံခရိုင်အတွင်းရှိစားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ

အတွင်း Online Sale Regလျှောက်ထားမှုအားလုပ်ငန်းရှင်၏အဆိုပါလိပ်စာများသို့ကွင်းဆင်း၍စစ်ဆေး

ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ( ၂၅.၁၀.၂၀၂၅ )နေ့၌ ဖျာပုံမြို့နယ် ( ၂ )ရပ်ကွက်ရှိ အလှကုန်

ပစ္စည်းများအားOnlineရောင်းချသည့်ဒေါ်စံပယ်ဖြူနှင့်(၁၁)ရပ်ကွက်ရှိဖက်ရှင်အသုံးအဆောင်ပစ္စည်းများ

Online  ရောင်းချသည့်  Kyaw  Kyaw khaing ( နာရီပြတိုက် )သို့လည်းကောင်း၊ ( ၂၂.၁၀.၂၀၂၅ )နေ့၌ ကျိုက်လတ်မြို့နယ်( ၃ )ရပ်ကွက်ရှိ အီလက်ထရောနစ်ပစ္စည်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ Online  ရောင်းချသည့်  U  Aung  Aung  အောင်အောင်ဂျေအေ ( ဂျက်စတင်အောင် )သို့လည်းကောင်း ကွင်းဆင်း၍Online Sale Reg လျှောက်ထားခြင်းအား Detail Information(၁၈)ချက်နှင့်အညီလုပ်ကိုင် နေခြင်းရှ/မရှိအားကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ