Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ထောပတ်သီးစေ့အသုံးဝင်ပုံ ”

ထောပတ်သီးသည် အရသာရှိ၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သော အထောက်အကူပြုသည့် အသီးတစ်မျိုးဖြစ်ပါသည်။ ထောပတ်သီးတစ်လုံးလုံးတွင် စွန့်ပစ်စရာ မလိုဘဲ အကုန်လုံးအသုံးဝင်သော အသီးဖြင့်သည့်အပြင် အစေ့မှာပို၍အသုံးဝင်သည့် နေရာများစွာရှိ ကြောင်း သိရှိရပါသည်။

          ထောပတ်သီးအစေ့တွင် အပြင်ခွံမှာအညိုရောင်ရှိ၍ အတွင်းသားမှာအဖြူအနှစ်ရောင်ရှိပြီး လှီးလိုက်လျှင်အနီရောင်ထွက်ရှိကြောင်း၊ ဆေးဖက်ဝင်အာနိသင်ပါရှိသောကြောင့် အသားအရေ အတွက်သော်လည်းကောင်း ၊အရိုးအဆစ်နှင့်ကြွက်သားအတွက်သော်လည်းကောင်း၊ ဆံကေသာ ပျော့ပြောင်းမှုအတွက်သော်လည်းကောင်း၊  သွားကိုက်ခြင်းဝေဒနာအတွက်သော်လည်းကောင်း၊

အဆစ်အမြစ်ကိုက်ခဲသည့်ဝေဒနာအတွက် သော်လည်းကောင်း၊ ခေါင်းတစ်ခြမ်းကိုက်သည့်ရောဂါ အတွက်လည်းကောင်း၊ အသားအရေပေါ်ရှိအမည်းစက်များအတွက်လည်းကောင်း၊ ဦးရေပြားဗောက်ထ ခြင်းအတွက်လည်းကောင်း၊ ဆံကေသာအဆီပြန်သူများနှင့် အဝတ်ဆိုးဆေးများအတွက်လည်း အသုံးဝင် ကြောင်းသိရှိရပါသည်။

          နူးညံ့ပျော့ပြောင်းသည့် ဆံကေသာအတွက်အသုံးပြုရာတွင် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသော ထောပတ်သီးအစေ့ကို  အခြောက်လှန်း၍ခြစ်ထားပြီးလျှင် ရေခြောက်ခွက်နှင့် ရောနှောမွှေ၍ အခြား ခေါင်းလျှော်ရည်နှင့်ရောစပ်လျှော်ပေးခြင်းဖြင့် ဆံပင်ဆံသားနူးညံ့ကြောင်း၊ ဗောက်ထသည့် ဆံသား အတွက် အခြောက်မလှန်းထားသော ထောပတ်သီးအစေ့ကို ကြက်ဆူးသီးထည့်မွှေပြီး တစ်ရက် လောက်နှပ်ထားရကြောင်းနှင့်နှပ်ထားပြီးသောအရည်ကိုဦးရေပြားတွင် သုပ်လိမ်း၍ တဘက်ဖြင့် တစ်နာရီ ခန့်ပေါင်းထားခြင်းဖြင့် ဗောက်ကင်းစင်သည့်အပြင် ဆံကေသာအဆီပြန်သူများအတွက်လည်း အသုံးဝင် ကြောင်းသိရှိရပါသည်။

          အဆစ်အမြစ်နှင့်ကြွက်သားကိုက်ခဲခြင်းရောဂါအတွက်အသုံးပြုရာတွင် ထောပတ်သီးအစေ့ကို  ကြိတ်၍အရက်နှင့်ရောပြီး တစ်ပတ်လောက်နှပ်ထားသည့်အရည်ကို နာကျင်ကိုက်ခဲသော နေရာများ တွင် နှိပ်နယ်လိမ်းပေးခြင်းဖြင့်သက်သာစေကြောင်းသိရှိရသည်။

          သွားကိုက်ဝေဒနာအတွက်အသုံးပြုရာတွင် ထောပတ်သီးအစေ့ကိုအနည်းငယ်လှီးဖျက်ပြီး ကိုက်နေ သည့်သွားခြေတစ်ဝိုက်ကိုပွတ်လိမ်းပေးရကြောင်း၊ အတုံးလေးများပြုလုပ်ပြီး ရေနွေးဆူဆူတွင်ထည့် နှပ်ထား၍ နှပ်ထားသောရေနှင့် ပလုတ်ကျင်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ကြောင်း သိရှိရပါ သည်။

          အသားအရေပေါ်ရှိအမည်းစက်ဖြစ်သူများအတွက် အသုံးပြုရာတွင် ထောပတ်သီးအစေ့ကို အခြောက်လှန်း၊ အမှုန့်ကြိတ်၊ ရေနွေးနည်းနည်းနှင့် အနှစ်ဖြစ်အောင်မွှေ၊ သံလွင်ဆီ အနည်းငယ် ထည့်၍ အသားအရေပေါ်တွင် လိမ်းပေးရကြောင်းနှင့် ငါးမိနစ်(သို့မဟုတ်)ဆယ်မိနစ်အခြောက်ခံပြီး၊ခြောက်လျှင်မျက်နှာကိုရေးဆေးချခြင်းဖြင့် မျက်နှာပေါ်ရှိ အမည်းစက်များတဖြေးဖြေးလျော့ပါးစေကြောင်း သိရှိရပါသည်။

          အဝတ်အထည်များအရောင်ဆိုးဆေးအတွက်အသုံးပြုရာတွင် ထောပတ်သီးအစေ့နှင့်အခွံကို ရေပွတ်ပွတ်ဆူအောင် (၄၅)မိနစ်ခန့်တည်ပြီးလျှင် ကြိုက်နှစ်သက်ရာအဝတ်ကိုထည့်၍ ရောနှောမွှေ ပေးခြင်းဖြင့် အရောင်မှာပန်းရောင်အဖျော့ရကြောင်း၊ ဆိုးထားသောအရောင်အရင့်လိုလျှင် ထောပတ်အစေ့ နှင့်အခွံကိုပိုထည့်ပြီး အချိန်ကိုကြာကြာထားပေးရကြောင်းသိရှိရပါသည်။

ထိုကြောင့် ထောပတ်သီးတစ်လုံးလုံးတွင် အသား၊အခွံ၊အစေ့အကုန်လုံးအဖက်ဖက်၌ အသုံးဝင် ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

 

သစ်တောအိမ် အမှတ်တံဆိပ်စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်း ရှင့်နှင့်တွေ့ဆုံ၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ‌ဆောင်ရွက်

 ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ မနက် (၈:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်စီးပွားရေး ရာဝန်ကြီးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတို့ပူးပေါင်း၍ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ “သစ်တောအိမ်”အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းအား ထုတ်ကုန် များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသောက်ကုန် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “သစ်တောအိမ်” အမှတ်တံဆိပ် စားသောက်ကုန် လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာ ပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Cake&Bakeryလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်၊ ဟွေခိုက်(၄)လမ်းရှိ SKတံဆိပ် Cake&Bakeryလုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် SKတံဆိပ် ကိတ်မုန့်နှင့်မုန့်မျိုးစုံတို့သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊  စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ပန်းသီးတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ပန်းသီးတံဆိပ်ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာ ဌာနများ၏လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့နယ်၊ နောင်ကုန်အုပ်စု၊ ကျိုင်းလိတ်ကျေးရွာအတွင်းရှိ ဆန်စက်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များတွင် ဒေသထွက်ဧည့်မထဆန်၊ မှော်ဘီ(၃)ဆန်၊ ရွှေရင်အေးဆန်/စပါးများကိုသာ ကြိတ်ခွဲ ရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန် အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ စပါးတင်း(၂၅၀၀)နှင့်အထက် စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အောင်သပြေဈေးအတွင်း ရောင်းချနေသော မုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ ၁၀.၁၂.၂၀၂၄ ရက်နေ့ ၊ နေ့လယ်(၁၃:၃၀) နာရီတွင် ဝါးခယ်ခမြို့နယ် အောင်သပြေဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားမုန့်မျိုးစုံအထုတ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ၊ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန် ၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဌာနမှ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

ဆလပ်ရွက်စိုက်ပျိုးနည်းအကြောင်းသိကောင်းစရာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့ရှိ အောင်ပန်း၊ ကလော၊ ဟဲဟိုးဒေသတို့သည် ဥယာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်ကြသည်။ ရာသီပေါ်သီးနှံများ စိုက်ပျိုး ကြရာ ဆလပ်ရွက်များကိုလည်း စိုက်ပျိုးကြသည်။ ဆလပ်ပင်များကို ကမ္ဘာအနှံ့ အပြားစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေးစိုက်ပျိုးနိုင်သည်။

ဆလပ်ပင်ကို နှစ်ထောင်ပေါင်းများစွာကပင် အာရှတိုက်တွင် စိုက်ပျိုးခဲ့ကြသည်။ မြန်မာ နိုင်ငံတွင် စိုက်သောဆလပ်အမျိုးအစား နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ဂေါ်ဖီထုပ်ကဲ့သို့ အထုပ်မျိုး ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ရွက်ပြန့်မျိုးဖြစ်သည်။ အရွက်အရောင်အားဖြင့် အစိမ်းရောင်နှင့်အနီရောင် ဟူ၍ နှစ်မျိုးရှိသည်။ ဆလပ်ပင်များကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သော်လည်း အကောင်းဆုံးမှာ သဲနုန်းမြေ သို့မဟုတ် နုန်းမြေတွင်စိုက်ပျိုးခြင်းဖြစ်သည်။ ဆလပ်ပင်သည် စိုစွတ်အေးမြသော ရာသီ ဥတုကိုနှစ်သက်သည်။

ဆလပ်ပင်ကို အချို့က ပျိုးထောင်စိုက်ပျိုးကြပြီးအချို့မှာတိုက်ရိုက်စိုက်ပျိုးကြသည်။ ရာသီ ဥတုပေါ်မူတည်၍လည်း ကွဲပြားကြသည်။ ဩဂုတ်လနှင့်စက်တင်ဘာလများတွင် တိုက်ရိုက်စိုက်ပျိုး နိုင်ပြီး အောက်တိုဘာလနှင့်နိုင်ဝင်ဘာလသို့ရောက်သောအခါ ပျိုးထောင်၍စိုက်ပျိုးနိုင်သည်။ ဆလပ် ပင်များကို စိုက်ပျိုးသည့်အခါ မြေကိုနက်အောင်မတူးဆွရဘဲ အပေါ်ယံ၌သာ မျိုးစေ့များကိုစိုက်ပျိုး ရသည်။

ဆလပ်ပင်များကိုပျိုးထောင်စိုက်ပျိုးရာတွင် ပျိုးဘောင်ပြုလုပ်ပြီးမျိုးစေ့ကိုအပင် ‌ဖောက်ကာ စိုက်ပျိုးနိုင်ပြီး အပင်များမှာ ပျိုးသက် ၃ ပတ်မှ တစ်လအရွယ်ရောက်ရှိပါက သီးသန့်ဘောင်ပေါ်သို့ ရွေ့ ပြောင်းကာ ပင်ကြားတန်းကြား ၆ လက်မ ၇ လက်မ ထားရှိကာစိုက်ပျိုးနိုင်သည်။ ရွေ့ပြောင်းထား သောအပင်ငယ်များကို နေပူမထိုးအောင်ရက်အနည်းငယ်မျှ ကာကွယ်ပေးရသည်။ ရာသီဥတု ခြောက်သွေ့လျှင် ရေလောင်းပေးရသည်။ ဆလပ်ပင်များကို ပျိုးသက်မှစတင်ပြီး ၂ လခွဲ ၃ လ အကြာတွင် ဆွတ်ခူးနိုင်သည်။

ဆလပ်ရွက်သည် ဗီတာမင်အေနှင့်ဗီတာမင်ဘီတို့ဖြင့်ကြွယ်ဝပြီး ကျန်းမာရေးကို ဖြည့်စွမ်း နိုင်သဖြင့် စားသုံးရန် အထူးသင့်လျော်သောဟင်းရွက်တစ်မျိုးဖြစ်ကြောင်း ဆရာဝန်များက ထောက်ခံ ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁)အလကကျောင်း စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်()ရပ်ကွက်ရှိ အမှတ်(၁) အလက ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ကျောင်းမုန့်ဈေးတန်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင် ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်း လင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်း အဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများ အလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊  ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၂၄)ဦး ကျောင်းသား/သူ(၁၀၀)ဦး၊ ကျောင်းမုန့်ဈေးသည်(၂)ဦးပေါင်း(၁၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် စာချွန်ခံရပ်ကွက်၊ စာချွန်ခံ အမက ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးဦးစီးဌာန နှင့် ပူးပေါင်း၍ (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ် ၊ စာချွန်ခံအ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/ဆရာမ များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့သည်၊၊

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ဥပဒေအခန်း (၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးနှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပါသည်၊၊ ဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂)တွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ရုံးလုပ်ငန်းတွေ့ဆုံဆွေးနွေးပွဲ တက်ရောက်

    ဒီဇင်ဘာလ (၁၄)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာဌာနနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ရုံးလုပ်ငန်းတွေ့ဆုံဆွေးနွေးပွဲကို Virtual ဖြင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲတာဝန်ခံ နှင့် အမှုထမ်းများ တက်ရောက်ခဲ့ပါသည်၊၊

    အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင် ၂၀၂၅ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်၍ အွန်လိုင်းဖြင့် ဈေးရောင်းချမှုဆောင်ရွက်နေသော လုပ်ငန်းများသည် online registration ဆောင်ရွက်ထားခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရန်နှင့်  မိမိတို့အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေများကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊ online registration ဆောင်ရွက်ခြင်း ရည်ရွယ်ချက်သည် စားသုံးသူကို အကာကွယ်ပေးခြင်းဖြစ်ကြောင်း ၊ စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ (ရုံးချုပ်)မှ တာဝန်ခံများမှ  မိတ်ဆက်စကားပြောကြားခဲ့ပါသည်၊၊

    တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှလည်း စားသုံးသူအသိပညာပေး ဆောင်ရွက်နေမှု၊ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်နေမှု၊ New letter တွင် သတင်း၊ ဆောင်းပါးရေးသားပါဝင်မှု၊ CICC တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ Talk Show ဆောင်ရွက်နေမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆးခြင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ