Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မ‌‌ကွေးမြို့၊ ရန်ပယ်ဈေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် အသိပညာပေးဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချ‌‌ရေး Campaign အား  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဈေးကော်မတီဝင်များပူးပေါင်း ဆောင်ရွက်လျက်ရှိရာ (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ် ဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ရန်ပယ်ဈေးရှိ စျေးတာဝန်ခံရုံး၌ ပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်းကြား ပုံနည်းလမ်းများ၊ Online မှ ကုန်စည်များ ဝယ်ယူပါက သတိပြုရမည့် အချက်များအား အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

မကွေးမြို့ရှိဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်း/ခရိုင်/မြို့နယ် စားသုံးဆီဖူလုံရေးကြီးကြပ်မှု ကော် မတီကို (၉.၆.၂၀၂၅)ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မကွေးမြို့ပေါ် နှင့် မကွေးမြို့အနီးတစ်ဝိုက်ရှိ ဆီစက်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ စက်မှုမှတ်ပုံ တင်ထားရှိသော ဆီစက်များသို့ သွားရောက်၍ (၁)ရက်၊ (၁)လ၊ (၁)နှစ်ကြိတ်ခွဲထုတ်လုပ်မှုအခြေ အနေနှင့် ပဲဆီ၊ နှမ်းဆီများရောင်းချသည့် ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းခဲ့ပြီး ရော နှောဆီ(Blanded Oil)အဖြစ် အစားအသောက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း(သို့)ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၄ခုနှစ်၊ မတ်လ(၂၉)ရက်နေ့တွင် အမိန့် အမှတ်(၂/၂၀၂၄)ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ထောက်ခံချက် ရရှိပြီးမှသာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရောနှောဆီ(Blanded Oil)ကို အမှတ်တံဆိပ် ကပ်ရာတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ (၂၀.၁.၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၂ ဖြင့် ထုတ်ပြန်ခဲ့သည့် အသင့်ထုပ်ပိုးထားသော အစားအသောက် များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့်ပါဖော်ပြချက်များကို လိုက်နာရမည့်အပြင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် (၃.၁၂.၂၀၁၉)ရက်နေ့ တွင် ဘူးသွပ်ဆီနှင့်ပတ်သက်၍ ကုန်အညွှန်အမှတ်အသားဖော်ပြရာတွင် အမျိုးအမည်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း စသည့်အချက်(၃)ချက်ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ဆီစက်ပိုင်ရှင်များအနေဖြင့် မိမိတို့ရဲ့ကုန်အမှတ်တံဆိပ်ကို တခြားသူ များက တုပရောင်းချတာမျိုးမဖြစ်စေရန် မိမိတို့ ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မူပိုင်ခွင့်ဦးစီးဌာန တွင် မူပိုင်ခွင့်လျှောက်ထားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဖြင့် ဆီစက်များ၏ အမှတ်ကြိတ်ခွဲထုတ်လုပ်မှုကိုသိရှိပြီး ပြည်ပ မှ စားအုန်းဆီတင်သွင်းမှုနှင့်စပ်လျဉ်း၍ လိုအပ်သည့်မူဝါဒများ ချမှတ်နိုင်ရေးအတွက် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားအပ်ပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၇.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် ငွေစာရင်းဌာနခွဲတာဝန်ခံက ဌာန၏ သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာ တွင်လည်းကောင်း၊ DOCA Myanmar Application တွင် လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားလျှင် ဖြေရှင်း ဆောင်ရွက်ပေးလို့မရသည့်ကိစ္စများအကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံက ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းအားလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့၌ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၇.. ၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့ပေါ်ရှိ မြေပဲဆီသန့် ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများသို့ သွားရောက်ပြီး ဝန်ဆောင်မှု ကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

     ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် များအား မိမိတို့ရောင်းချသော ကုန်စည်တွင် သန့်ရှင်းမှုရှိစေရန်အတွက် မြေပဲဆီသန့် ကြိတ်ခွဲထုတ်လုပ် သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများ ရှိစေရန်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အချိန်အတွယ်ပမာဏ၊ ပိဿာ၊ ကျပ်သားအလိုက် ဈေးနှုန်း များအား မြန်မာဘာသာဖြင့် သိသာထင်ရှားစွာ ကုန်စည်တွင် ဖော်ပြပေးရန်၊ ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

ဓနုဖြူမြို့နယ် အသင့်သောက် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်ခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၅)ရက်နေ့ နံနက်ပိုင်း ဓနုဖြူမြို့၊ အချိုရည် လက်ကားဆိုင်များဖြစ်သော ချမ်းသာကြီးဆိုင်၊ အောင်မျိုးဦး အချိုရည် လက်ကားဆိုင်၊ လက်ကီးဆိုင်၊ မျိုးမြင်ဆိုင်၊ ဝင်ဦး ဆိုင်၊ အသင့်သောက်အချိုရေ လက်လီအရောင်းဆိုင်(၅) စုစုပေါင်း(၁၀)ဆိုင်မှ ရောင်းချနေသောအသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်ညွှန်းအမှတ် အသားများပြည့်စုံစွာ ဖေါ်ပြထားမူရှိမရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             စစ်ဆေးရာတွင် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိမရှိ၊ သက်ဆိုင်ရာထောက်ခံချက် ခွင့်ပြုချက်ပါဝင်မှုရှိ/ မရှိ၊ FDA တားမြစ်အချိုရည်များရောင်းချမှု ရှိမရှိများအားစစ်ဆေးရာ ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် နေရပ်လိပ်စာ၊ ထားသိုပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ အချိုရည်ပါဝင်မှုပမာဏ (ML)၊ အချိုရည် အမှတ်တံဆိပ်အမျိုးအမည်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံရက်စွဲများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် စနစ်တကျဖော်ပြပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများအား ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း (၁၀)တိုင်အား (၁၄-၇-၂၀၂၅)ရက် နံနက်ပိုင်းက ဒုတိယအကြိမ် ဇူလိုင်လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ပန်းတနော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်းစစ် ဆေးရာ မေလက စစ်ဆေးဆောင်ရွက်ချက်များအရ မှာကြားခဲ့သော၊ အစားအသောက်ချက်ပြုတ်ရာအခန့်များ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ထားရှိမှုရှိ/ မရှိ၊ စားသုံးသူများ ဈေးနှုန်းကို ကြိုတင်အသိပေးကြေငြာထားမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများအတွက် အခွန်အခပါအဝင် ကြိုတင်သတင်းအချက်အလက် ကြေငြာဆောင်ရွက်ထားရှိမှုရှိ/ မရှိကို စစ်ဆေးခြင်းများကို မှာကြားပြောကြားခဲ့ပြီး ဒုတိယအကြိမ်စစ်ဆေးသည့်အခါ လိုက်နာဆောင်ရွက်မှုရှိ/ မရှိကို စစ်ဆေးခဲ့ပြီး စားသောက်ဆိုင်များက  လိုက်နာဆောင်ရွက်ထားကြောင်း တွေ့ရှိရပြီး၊ စားသောက်ဆိုင်များမှ စွန်ပစ်ပစ္စည်းများကို အမှိုက်ပုံး ၄မျိုးခွဲခြားပြီး စွန်ပစ်ခြင်းမျိုးပြုလုပ်ထားရန် ထပ်မံမှာကြားခဲ့ကြောင်းနှင့်  စားသုံးသူပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များ ဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေးအတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် သမာဓိဆန်စက်သို့ ဆန်ကြိတ်ခွဲမှုနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရန်ကုန်-ဟင်္သတကားလမ်း ဓနုဖြူမြို့နယ် သမာဓိဆန်စက် သို့သွားရောက်၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်ကြိတ်ခွဲဖုတ်လုပ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် သမာဓိ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲလည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုခဲ့ပြီး ဆန်စက်တွင် စပါး ၂၀၀၀-၃၀၀၀ကြားတွင် ရှိပြီး နဝလီကြိတ်ခွဲခြင်းသာဖြစ်၍ စပါးကြိတ်ခွဲစဉ် တစ်နေ့ ဆန်တန် ၂၀ကြိတ်ခွဲနိုင်ပြီး ဆန်အိတ် ၄၀ခန့်ထွက်ရှိ ကြောင်းသိရှိရပြီး မြို့နယ်ဦးစီးမှူးက ဆန်စက်သိုလှောင်ရုံ စပါးဆန် မှတ်ပုံတင် အခြေအနေများကို စစ်ဆေးပြီး MyRo သက်တမ်းပြည့်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန်နှင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထား သည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရ ရက်အတွင်း Update ပြုလုပ်နိုင်ရေးကို သိရှိနိုင်ရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်  မြန်မာ့ဆန်စပါး အွန်လိုင်း မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး၊ သက်တမ်း၁နှစ်ပြည့် မြောက်ပြီးသော ဓနုဖြူမြို့နယ် လုပ်ငန်းရှင်များအား သက်တမ်းတို့ဆောင်ရွက်နိုင်ရေးနှင့် ဇူလိုင်လ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရရက်အတွင်း Update ပြုလုပ်နိုင်ရေးကို လုပ်ငန်းရှင်များ သိရှိနိုင်ရန် ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်မင်းစိုး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၁၅-၇-၂၀၂၅)ရက်နေ့တွင် ဓနုဖြူမြို့နယ် ဆန်စက်အသင်းရုံးတွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင် (၅)ဦးနှင့်အတူ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်မှုလုပ်ငန်းသုံးဆီများ ဇူလိုင်ရရှိသော စားသုံးဆီခွဲတမ်းများ လုပ်ငန်းများဆီရောက်ရှိနိင်‌ရေး ဆက်သွယ်ကူညီဆောင်ရွက်လျက်ရှိ

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဇူလိုင်လအတွက် စက်မှုလုပ်ငန်းသုံးဆီများ လုပ်ငန်းရှင်များထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဝယ်ယူအသုံးပြု ဆီထုတ်ယူနိုင်ရေးကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များထံဆက်သွယ်၍ မအူပင်ဆီလက်ကားကိုယ်စားလှယများထံ ထုတ်ယူနိုင်ရေးကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ၂၀၂၅ခုနှစ် ဇူလိုင်လအတွက် စက်မှုလုပ်ငန်းများ ကုန်စည်ထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် လစဉ် လုပ်ငန်းသုံးဆီများ သက်သာသောဈေးဖြင့် ဝယ်ယူအသုံးပြု၍ ကုန်စည်များထုတ်လုပ်နိုင်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ဇူလိုင်လ ၁၆ရက်နေ့အတွက် လုပ်ငန်းသုံးဆီ လုပ်ငန်း တစ်ခုလျှင် ပိဿာ ၂၀၊ ရည်ညွှန်းဈေး ၉၆၀၀ကျပ်ဖြင့် မအူပင်ခရိုင် ဆီကိုယ်စားလှယ် ကြာပေါ့ဆိုင်တွင် စက်မှုလုပ်ငန်းများအား ဆီထုတ်ယူနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၇/၂၀၂၅ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းထုဒါဘာ အစည်းအဝေးကို မအူပင်ခရိုင်ဝန်ထမ်းများမှ Virtual စနစ်ဖြင့်တက်ရောက်

             စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်) ၏ ၇/၂၀၂၅ကြိမ်မြောက်ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို စားသုံးသူရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများခရိုင်မှ ဝန်ထမ်း(၉)ဦး၊ မြို့နယ်ဝန်ထမ်း(၈)ဦးစုစုပေါင်း (၁၇)ဦး Virtual စနစ်ဖြင့် (၁၆-၇-၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်မှ စတင်တက်ရောက့်ခဲ့ကြောင်း သိရှိရပါသည်။

           အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စီးမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ၆/၂၀၂၆ အစည်းအဝေးဆုံးဖြတ်ချက်များ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများက အခက်အခဲများကို တင်ပြဆွေးနွေး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အစည်းအဝေးတင်ပြချက်များကို မှတ်တမ်းထားရှိပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ခရိုင်/မြို့နယ်အဆင့် ဝန်ထမ်းများနှင့် ရင်းနှီဖော်ရွေစွာ နှုတ်ဆက်အမှာစကားပြောကြားခဲ့ ဝန်ထမ်းတစ်ဦးခြင်းအလိုက် အရည်အသွေးပြည့်ဝစွာဖြင့် ကြိုစားအားထုတ်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ