Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်တွင် စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူနိုင်ရေး အတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့်  အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဓနုဖြူမြို့နယ် မြို့မဈေး၊ စည်ပင်သာယာဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်အတွင်း ရောင်းချနေသော လက်လီ/ လက်ကားအရောင်းဆိုင်များအား  ၇-၅-၂၀၂၅ ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ဈေးများနှင့် နေ့စဉ် ရောင်းချနေမှုဈေးနှုန်းများ  ဈေးတင်ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊   စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစာသောက်ကုန်များ ဈေးနှုန်းများ ဈေးမြှင့်တင်ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင် ရွက်လျက်ရှိသည်။  ဈေးနှုန်းများကို လိုအပ်သည်ထက် ဈေးနှုန်ုးပိုမိုမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ကြ ရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူရမည်ဖြစ်သောကြောင်း မြို့နယ်အတွင်း လုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် မှန်ကန်စွာဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးနေသော ကြယ်တာရာပန်း စိုက်ပျိုးထွက်ရှိမှုနှုန်း ဈေးကွက်ဈေးနှုန်း တောင်သူအကျိုးအမြတ် အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လင်းလွန်းပင် ကျေးရွာအုပ်စု၊ ပုဇွန်ချောင်းကျေးရွာ၊ ဓနုဖြူမြို့နယ်တွင် ကြယ်တာရာပန်းကို ဦးမြဆိုင်၏ ခြံမြေ ၀.၅၀ ဧက တွင် စိုက်ပျိုးထားကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် လယ်မြေသီးနှံများ စိုက်ပျိုးကြသလို ခြံမြေဥယာဉ်များကိုလည်း စိုက်ပျိုးကြပြီး အိမ်တွင်း လက်မှုလုပ်ငန်းများ၊ တပိုင်တနိုင်မုန့်လုပ်ငန်းများ စသည်တို့လုပ်ကိုင်ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

     စိုက်ပျိုးနေသော ဦးမြဆိုင်ခြံမြေတွင် ကြယ်တာရာပန်းကို နှစ်စဉ်စိုက်ပျိုးပြီး ပန်းမျိုးကို ရန်ကုန်တိုင်း ဒေသကြီး အဖျောက်မြို့နယ်မှာ မှာယူစိုက်ပျိုးသည်။ ပန်းမျိုး အပင်ပေါက် တစ်ပင်ကို ၅၀ကျပ်ဖြင့် ဝယ်ယူရပြီး စိုက်ဧကတွင် အပင်ရေ (၅၀၀၀)စိုက်ပျိုးထားကြောင်း စိုက်ပျိုးသူ ဦးမြဆိုင်ကပြောပြသည်။ ကြယ်တာရာပန်းကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် ထွက်ရှိသည်။ ပန်းထွက်ရှိမှု အနေဖြင့် တစ်နေ့ကို ၃၀၀-၄၀၀ ခန့်ခူးရပြီး ရက် ၂၀ရက်အတွင်း အပြီးခူး၍ ပန်း ၈၀၀၀ခန့် ထွက်ရှိသည်။ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် စိုက်ဧက ၀.၅၀ဧကတွင် ၄၀၀၀၀၀/-ကုန်ကျကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် ကြယ်တာရာပန်းကို ၁ပင်ကို ၂၀၀ကျပ်လက်ကားဈေးဖြင့် ရောင်းချပြီး တစ်နေ့ကို အပင်ရေ ၄၀၀ခန့် ထွက်ရှိသဖြင့် ရက်၂၀ ခူးရသောကြောင့် ငွေကျပ် ၁၆၀၀၀၀၀/-ကျပ်ရရှိရ စိုက်ပျိုးသူအနေဖြင့်  ငွေကျပ် ၁၂၀၀၀၀၀/- အကျိုးအမြတ်ကျန်ရှိကြောင်း သိရသသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချပြီး ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သတမြို့နယ်ဘက်သို့ တင်ပို့ရောင်းချကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းများနှင့်တွေ့ဆုံ ဆန်စက်လုပ်ငန်းဆွေးနွေး

     ဒေသတွင်းထွက်ရှိသော ဆန်/စပါးများ ရောင်းဝယ်မှု လုပ်ငန်းတစ်နစ်တကျဖော်ဆောင်နိုင်ရေး၊ ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်စက်အသင်းလုပ်ငန်းရှင်သန်ဖွံ့ဖြိုးနိုင်စေရေးအတွက် ဒေသတွင်းစားနပ်ရိက္ခါ ဖူလုံစေရေးကို ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၅-၅-၂၀၂၅ ရက်နေ့ နေ့လည် ၁၃၀၀ နာရီ အချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ဒေသတွင်း စပါးစိုက်ပျိုး မှု အထွက်နှုန်းကောင်းပြီး ဈေးကွက်ရရှိ၍ ဒေသတွင်းစားသုံးမှု အပြင် အခြားတိုင်း/ဒေသများသို့ တင်ပို့လျှက်ရှိပြီး မြို့နယ်အတွင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ အသင်းအဖွဲ့ ၊ အစုဖွဲရှင်သန်မှ လုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ဓနုဖြူမြို့နယ်တွင် ဆန်စက်လုပ်ငန်းနှင့် သိုလှောင်ရုံ ကြီးကြီးမားမား ရှိသင့်သလောက် ရှိပြီး ဆန်/စပါးသိုလှောင်မှုစနစ်ကောင်းမွန်မှ  ဒေသတွင်းအခြား တိုင်းဒေသ ကြီး/ပြည်နယ်များသို့ ပြန်လည်စီး ထွက်မှုတွင် ဒေသထွက်ဆန်များ ကောင်းမွန်နိုင် ရေးဦးစားပေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။  

     ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ဘက်ပေါင်းစုံမှစဉ်းစား၍ ဆန်/စပါး ကဏ္ဍဖွံဖြိုးတိုးတက်စေရန်ကို ဆောင်ရွက်စေလိုကြောင်း ထို့အပြင် ဆန်ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ရောင်းချသောဆန်များတွင် အလေးချိန်၊ တင်တောင်း မှန်ကန်စေရေးနှင့် သတ်မှတ်ဈေးနှုန်းဖော်ပြ၍ ရောင်းချရန်ကိုလည်းကောင်း၊ ဆန်အိတ်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အလေးချိန် အချင်အတွယ်ကို မြန်မာလိုဖော်ပြရာ၌ ပြည်၊ ပေါင်၊ ကီလိုများကို မြန်မာလိုဖော်ပြရ မည်ဖြစ်ပါကြောင်း၊ ၆ ပြည်အိတ်၊ ၁၂ ပြည်အိတ်၊ ၂၄ ပြည်အိတ်များ ရောင်းချရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန်အတွက် ဈေးနှုန်းနှင့် အလေးချိန်များကို စားသုံးသူသို့ သတင်းအချက်အလက်မှန် ကန်စွာဖော်ပြရ မည်ဖြစ်ပါကြောင်း၊ ဓနုဖြူမြို့နယ် ဆန်စက်အသင်းအနေဖြင့် အလေးထား ကြပ် မတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

DOCA(ဧရာဝတီ)

မြို့မဈေးအတွင်းရှိ ကြက်ဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၁၃.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် ကြက်ဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်နှင့် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကြက်ဥအရောင်းဆိုင်များတွင် ကြက်ဥအသေး၊ အလတ်၊ အကြီးဆိုဒ်အလိုက် ရောင်းချပေးနေပြီး ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာ တိုက်ကြီးမြို့မဈေးအတွင်း နေ့စဉ်လူတစ်ဦးလျှင် (၁၀)လုံးနှုန်း ကျပ် (၃၃၀၀)မှ ကျပ် (၃၇၀၀)ရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

         (၁၂.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ ဘိလပ်မြေများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့်စက်ရုံ/အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်၍ တိုက်ကြီးမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဘိလပ်မြေများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ လိုက်နာစေလိုကြောင်း ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ညောင်တုန်းမြို့နယ်တွင် ဖြူစင်သန့် ဆန်စက် လည်ပတ်မှု အခြေအနေ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်လမ်းမပေါ်ရှိ ဖြူစင်သန့်ဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုးရုံးက ဝန်ထမ်းများသည် ၂၀၂၅ခုနှစ် မေလ ၉ ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ gasifirer သုံးစနစ်ကို စစ်ဆေးခြင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ် ဆေးခဲ့ကြပါသည်။

   ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်က ဖြူစင်သန့်ဆန်စက်သို့  သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ Gasifier သုံးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများစသည်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆန်စက်မှ ကြိတ်ခွဲ ထွက်ရှိလာသော ဆန်များကို ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်စေရေး၊  ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့်  လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီ ဆန်စက်သိုလှောင်ရုံ ဆန်ပြည်ပတင်ပို့နိုင်မှု အခြေအနေနှင့် သိုလှောင်ရုံ ဆန်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး

     ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ  UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) သိုလှောင်ထားသောဆန်/ ဆန်ကွဲ အခြေအနေများ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေများ မြေပြင်သိုလှောင်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အဖွဲ့စုံဖြင့် ၂၀၂၅ခုနှစ် မေလ ၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိမီဇင် ဒု-ဦးစီးမှူး လိုက်ပါပူးပေါင်း စစ်ဆေးခဲ့ပြီး UAPPT ဆန်စက်တာဝန်ရှိသူနှင့်အတူ သိုလှောင်ရုံအခြေအနေများကို ကြည်ရှုစစ်ဆေးပြီး ဆန်/ ဆန်ကွဲသိုလှောင်ထား ရှိမှုမြေပြင်အမှန်တကယ်အခြေအနေများ၊ ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ သိုလှောင်ရုံ ရထုတ်ကျန်၊ ကုန်ကိုက်ညီမှု ရှိ/မရှိကို ကြည့်ရှုခြင်း၊ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားရှိမှု၊ ဆန်စက်မှကြိတ်ခွဲပြီး ဆန်များကို ပြည်တွင်းဈေးကွက်ရောင်းချခြင်းရှိပါက အွန်းလိုင်းရောင်းချမှုလုပ်ငန်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်မှုအခြေအနေများအကြောင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရပ်ကွက်ပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့် အွန်လိုင်းကုန်စည်ဝယ်ယူမှု လုပ်ငန်းအကြောင်း အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှာ တာဝန်ရှိသူများသည် ၉-၅-၂၀၂၅ ရက်နေ့ နံနက် (၁၃၀၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၈)ရပ်ကွက်နေပြည်သူ (၃၅)ဦးအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးနှင့် အွန်လိုင်စနစ်ဖြင့် ကုန်စည် ဝယ်ယူရာတွင် စားသုံးသူအခွင့်အရေးမနှစ်နာစေရန် အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်ပြီးသော လုပ်ငန်းရှင်များထံ ကုန်စည်ဝယ်ယူခြင်းဖြင့် အားသာချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

     စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူး ရှိ က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲဖြစ်ပေါ်လာသည့်ကို အကျယ်တဝင့်ရှင်း လင်းပြော ကြားပြီး၊ စားသုံးသူများအနေဖြင့် အွန်လိုင်း မှတဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေး ဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့် အချက်များ၊ စားသုံးသူများ လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုကို အသုံးပြုရာတွင် အွန်လိုင်းမှ ဝယ်ယူအသုံးပြုလိုပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချ သော Page များ အွန်းလိုင်းမှတ်ပုံတင်ပြီးစိတ်ချရသော Pageများကသာ ဝယ်ယူ အသုံးပြုရန်၊ စားသုံးသူ များအနေ ဖြင့်  ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင် လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသည့် လုပ်ငန်းရှင်များကြောင့် နစ်နာဆုံးရှုံးမှုရှိပါက မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနရှိ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC)သို့ တိုင်ကြား နိုင်မှုနှင့် တိုင်းဒေသ ကြီးဦးစီးမှူးရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်ရှိ Website နှင့် အခြားတိုင်ကြားနိုင်သည့် နည်းလမ်းများ ဌာန၏ လက်ရှိ လုပ်ဆောင်ချက်များ ကိုရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ပဲလုပ်ငန်းရှင်များနှင့် တွေဆုံ၍ ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၉.၅.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့   ပဲလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍  အသင်း၏လက်ရှိ ဆောင်ရွက်နေမှုများနှင့် ပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက် အခြေအနေများအာ အသင်းရုံးအဖွဲ့ဝင်များ ၇ ရပ်ကွက် နေအိမ်တွင် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆွေးနွေးရာ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက မြို့နယ် ဒေသတွင်း  ပဲစိုက်ပျိုးထွက်ရှိမှု အခြေအနေနှင့် ပဲရောင်းဝယ်နေမှု ရန်ကုန်တင်ပို့မှုအခြေအနေများ၊ ပဲပြည်ပတင်ပို့ရာတွင် အရည်အသွေးပြည့်မီသော ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိနိုင်ရေးကို ဆွေးနွေးခြင်း၊ ပဲဈေးနှုန်းဈေးကွက်မှာလည်း ယခင်နှစ် ကာလတူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ ပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ ဧကကုန်ကျစရိတ်သက်သာရေး၊ ပဲအထွက်တိုးရေး၊ဈေးနှုန်းဈေးကွက် ကောင်းမွန်ရေး၊ တောင်သူများအကျိုးဖြစ်ထွန်းရေး၊ အသင်းအဖွဲ့များ ရှင်သန်လည်ပတ်ဆောင်ရွက်မှု အားအောင်မှု လုပ်ငန်းဖွဲ့ဖြိုးတိုးတက်စေရေးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး  သက်ဆိုင်ရာဌာနဆိုင်ရာများမှ စိုက်ပျိုးမှုနည်းပညာများကို လိုက်နာဆောင်ရွက်ပြီး မျိုးကောင်းမျိုး သန့်ရရှိရေး၊ တစ်ဧကကုန်ကျစရိတ်သက်သာရေး၊ အထွက်နှုန်းကောင်းစေရေး၊ ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများအား  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

        (၁၃.၅.၂၀၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဉီးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးပါ (၂)ဦး၊ မြို့နယ်စည်ပင်သာယာရေးမှ လက်ထောက်ညွှန်ကြားရေးမှူးပါ(၃)ဦး၊ မီးသတ်တပ်ဖွဲ့ ဦးစီးမှူးပါ(၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာန(၁)ဦးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ (၁)ဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ တိုက်ကြီးမြို့နယ်ရှိ ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

         ဆန်သိုလှောင်ရုံများ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ်၊ မေလအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော သင့်တင့်မျှတ သောဈေးကွက်/ဈေးနှုန်းဖြင့် မှန်ကန်စွာရောင်းချနေမှုရှိ/မရှိ၊ တန်ချိန် (၂၅)တန်နှင့်အထက် သိုလှောင် မှုရှိလျှင် MyRo တွင် မှတ်ပုံတင်လျှောက်ထားရန်၊ မသမာသော နည်းလမ်းဖြင့် ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ