Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပျော်ဘွယ်မြို့နယ်ဆည်ကန်ပဲကြော်လုပ်ငန်းအားကွင်းဆင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦစီးမှူးရုံးမှ ပျော်ဘွယ်မြို့ နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးစန်းအောင်နှင့်ဝန်ထမ်းများသည်(၂၇-၂-၂၀၂၆ ) ရက်(၁၃း၀၀)အချိန်တွင် ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်လုံရပ်ရှိ ဆည်ကန်ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဒေသတွင်း MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရန်၊ ထုတ်လုပ်သုံးစွဲသည့် ကုန်ကြမ်းပစ္စည်း များအရည်အသွေးကောင်းမွန်မှုရှိစေရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကိုသန့်ရှင်းသပ်ရပ် စွာထုပ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်စေရေး အထူးအလေးထား ထုတ်လုပ်ဆောင်ရွက်ကြရန်၊ ကုန်စည်နှင့်သက်ဆိုင်သည့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်စည်တွင် ဖော်ပြရမည့် ကုန်ညွှန်းအမှတ်သားများ ပြည်စုံမှန်ကန်စွာဖော်ပြထားရှိရန်၊ စားသုံးသူးများဘေးအန္တ ရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်၊ပြထာန်းချက်များ ကိုလည်း လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးရေးရာဦးစီးဌာနအနေဖြင့် ဒေ သအတွင်းရှိMSMEလုပ်ငန်းများသို့ စဉ်ဆက်မပျက် ဈေးကွက်မရောက်မှီ ကုန်စည်များကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလိုစစ်ဆေးခြင်းဖြင့် လုပ်ငန်း ရှင်များဘက်မှလည်း မှန်ကန်သည့်နည်းလမ်းများ၊ဥပဒေများနှင့်အညီ အချိန်မှီပြင်ဆင်ထုတ်လုပ်နိုင် ပြီး ဈေးကွက်အတွင်း၌လည်း လုံခြုံစိတ်ချရသော ကုန်စည်များကိုသာ စားသုံးသူများအနေဖြင့်ဝယ် ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

DOCA( မန္တလေး)

                            

အသင့်မုန့်မျိုးစုံအား ကုန်အညွှန်းအမှတ်အသားကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၌  မြို့ပေါ်ရပ်ကွက်များရှိ မုန့်ဆိုင်နှင့် စတိုး ကုန်စုံဆိုင်များမှ အသင့်စားမုန့်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လလျာထားချက်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့သည် ၂၀၂၆ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့ပေါ်ရပ်ကွက် မုန့်မျိုးစုံဆိုင်များမှ ရောင်းချနေသော ဈေးကွက်အတွင်း အသင့်စားမုန့်အမျိုးမျိုး ကုန်စည်များအား  ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန်မသင့်သည့်မုန့်များ ရောင်းချခြင်းမပြုရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော မုန့်မျိုးစုံတွင် ကုန်အညွှန်းပြည့်စုံမှု ရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များ ဈေးကွက်အတွင်း ရောနှောရောင်းချခြင်းမျိုးရှိ/ မရှိ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ သက်တမ်းလွန် အသင့်စားအစားအစာများ ရောင်းချမှုရှိ/ မရှိ လိုက်လံစစ် ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့် အချက်အလက် များနှင့် ကိုက်ညီသောမုန့်များနှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရန်အချက်များ အကြောင်းတို့ကို ဆိုင်ရှင်များအား ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါး(ရေးဆင်းပေါဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

              မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထှီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း စပါးမျိုးစေ့ချကိရိယာ(Seeder )ဖြင့်နွေစပါး(ရေဆင်းပေါဆန်း-၂) စိုက်ပျိုးခြင်းသရုပ်ပြပွဲကို မတ်လ(၅)ရက်နေ့၊ နံနက်(၈)နာရီအချိန်က မြာကျေးရွာအုပ်စု၊ ရေဝေကျေးရွာရှိ ဦးပိုင်အမှတ်(၁၀)၊ အမှတ်(၁၀)၊ ကွင်းအမှတ် (၁၀၇၅) ရှိတောင်သူဦးအောင်မောင်၏ စိုက်ဧကနှစ်ဧကတွင် ကျင်းပခဲ့ကြောင်းသိရသည်။

             နွေစပါး(ရေဆင်းပေါ်ဆန်း-၂) စိုက်ပျိုးခြင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးသက်နိုင်အေးသည် မြို့နယ်အတွင်းဒေသခံတောင်သူများ စပါးမျိုးစေ့ချကရိယာ ကို တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှုပြဿာနာဖြေရှင်းပေးနိုင်ရေး အချိန်တိုအတွင်းစိုက်ဧက များကို စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် စပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် နွေစပါး(ရေဆင်းပေါ်ဆန်း-၂) ကိုစိုက်ပျိုးရာ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများက ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ နွေစပါးစိုက်ပျိုးဧက (၁၀၉၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

 DOCA(မန္တလေး)

                                                              

စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် (၆.၃.၂၀၂၆) ရက်နေ့ ညနေ(၁၆း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ညောင်တုန်းစက်သုံး ဆီဆိုင်များဖြစ်သော အောင်ထက်လင်း၊ အိုကေ၊ UTTN, Denko, ထွန်းသူရ၊ ကျော်စံ ဆိုင်များရှိ ဆီရောင်းချမှုများကို မေးမြန်းခြင်း၊ ရောင်းချမှုဆီဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊ ဆီသိုလှောင်ကန်များ၏ လက်ကျန်အခြေအနေများနှင့် နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများသို့ စာရင်းများပေးပို့ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ရောင်းချသောဆီများကို တစ်ဦးလျှင် သတ်မှတ်ချက် လီတာဖြင့်သာရောင်းချနေကြောင်း တွေ့ရှိရပြီး၊ အများပြည်သူများ လုံလောက်စွာဝယ်ယူနိုင်ရန် ရောင်းချပေးနေကြောင်းတွေ့ရှိရပြီး စံချိန်စံညွှန်းကိုက်ညီမှု ရှိ/ မရှိကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး သတ်မှတ်ချက်နှင့် တာမြစ်ချက်များကို ဖောက်ဖျက်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ဆီဆိုင်များမှ နေ့စဉ်ရောင်းချပေးနေပြီး မတ်လ ၇ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုံ/မ စနစ်ကို ကျင့်သုံးနေပြီဖြစ်ရာ (မတ် ၇) သည် "မ" ရက် ဖြစ်သဖြင့် ယာဉ်နံပါတ်အစ "မ" ဂဏန်းရှိသောကားများသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ မနက်ဖြန် (မတ် ၈) တွင် "စုံ" ကားများသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်သည်။ သို့သော် EV ယာဉ်များ၊ Taxi နှင့် လုပ်ငန်းသုံးယာဉ်များမှာမူ နေ့စဉ်ပုံမှန် မောင်းနှင်နိုင်ကြောင်းနှင့် အရန်ဆီ လုံလောက်စွာရှိသဖြင့် အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းမပြုရန် တိုက်တွန်းနိုးဆော်အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၅၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၅၇၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 အွန်လိုင်း စနစ်အသုံးပြုရောင်းချသူ လုပ်ငန်းရှင်များအား ဝန်ဆောင်မှုလုပ်ငန်းအကြောင်း အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း(လက်ထောက်ညွှန်ကြားရေးမှူး) သည် မြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနဆိုင်များနှင့် အတူ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ် မတ်လ ၅ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု၊  အင်တာနက်ဝန်ဆောင်မှု၊  ဆက်သွယ်ရေးလုပ်ငန်းရှင်များနှင့် အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။

         ခရိုင်တာဝန်ရှိသူမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် (သို့မဟုတ်) ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကိုမရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်လက်၍  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုပုံစံ (၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကိုဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဆောင်ရွက်ပေးမည့်အခြေအနေ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့် အကျိုးရလဒ်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းရှင်များသိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဥပဒေများပါသတ်မှတ်ပြဌာန်းချက်များ အား အသီးသီးအသိပညာပေး ဆွေးနွေးခဲ့ကြောင်း တက်ရောက်သူ ၁၂၀ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင်  အသင့်စားခေါက်ဆွဲခြောက်များအား ကုန်အညွှန်’အမှတ်အသား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချစေရေးတို့အတွက် ဈေးကွက်များအတွင်းရှိကုန်စည်များကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် အတူ စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။ ၂၀၂၆ခုနှစ် မတ်လ ၅ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်သည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် အတူ မြို့မဈေးရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါပူးပေါင်းအဖွဲ့သည် ကုန်စည်များတွင် ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ခြင်းများရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေတို့အား စစ်ဆေးခဲ့ကြပြီး၊ ရောင်းချသူလုပ်ငန်းရှင်များမှလည်း သက်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် သတ်တမ်းလွန်ကုန်စည်များကိုဖယ်ရှာ၍ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ထုတ်လုပ်သူ၊ ရောင်းချသူများမှလည်း မှန်ကန်သောရောင်းဝယ်မှုများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းဝယ်လာခြင်းဖြင့် တရားမဝင် ကုန်စည်များ၊ စားသုံးရန်/သုံးစွဲရန်မသင့်သည့်ကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားမည်ဖြစ်ပြီး  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း၊ သုံးစွဲနိုင်ခြင်းများ ဖြစ်ပေါ်လာစေရေး စားသုံးသူများ စိတ်ကျေနပ်မှုရရှိစေပြီး ဥပဒေများနှင့်အညီလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဒေသတွင်းစားသုံးကုန် ဘေးအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများ ရေယာဉ်ဖြင့် မြိတ်သို့ ပြန်လည်သယ်ယူ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောစားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဆီကုမ္ပဏီများမှ ခွဲတမ်းရရှိခဲ့ပြီး YGND ကုမ္ပဏီ၊ GGPG ကုမ္ပဏီ MOA ကုမ္ပဏီတို့မှ ခွဲတမ်းရရှိခဲ့သော စားအုန်းဆီပေပါ(၆၈၇) လမ်းခရီးအခက်အခဲအခြေအနေကြောင့် ပိတ်မိနေပြီး (၁၄.၂.၂၀၂၆) ရက်နေ့တွင် (၁၀.၃.၂၀၂၆)ရက်နေ့တွင် ရေလမ်းခရီးဖြင့် ပြန်လည်တင်ဆောင်၍ မြိတ်မြို့သို့ သယ်ယူလာခဲ့ပါသည်။

    သယ်ယူရာတွင် ပိုပိုင်မြတ်ရေယာဉ်နှင့် MV-ဝိသာခါရေယာဉ်တို့ဖြင့် သယ်ဆောင်လာခဲ့ပြီး (၁၁.၃.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။  အဆိုပါရောက်ရှိလာသော ရေယာဉ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီအရောင်းကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များမှကွင်းဆင်းစစ်ဆေးခဲ့ပြီး ပိုပိုင်မြတ်ရေယာဉ် စားအုန်းဆီပေပါ(၅၄)နှင့် MV-ဝိသာခါရေယာဉ်ဖြင့် စားအုန်းဆီပေပါ (၆၃၃)၊ စုစုပေါင်း စားအုန်းဆီပေပါ (၆၈၇)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိပါသည်။ ရောက်ရှိလာသောစားအုန်းဆီများကို ၂% အမြတ်ဖြင့် မြိတ်မြို့ရှိ လက်လီအ‌ရောင်းဆိုင်များသို့ ပြန် လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ တံတားဦးမြို့ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချသည့်ဆိုင်များအားကွင်းဆင်းစစ်ဆေး”

                ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိများသည် မတ်လ (၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။ တံတားဦးမြို့ရှိ အရန်သင့်အစားအစာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပါသည် ။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့်ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချရန်၊ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက် ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်းဦးစားပေး ရောင်းချရန် လိုက်နာဆောင်ရွက် ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍လည်း  စဉ်ဆက်မပျက် ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ DOCA(မန္တလေး)

 

မြိတ်မြို့၊ 7 STAR အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

        တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် တတိယဦးစားပေး အဖြစ် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအား မြိတ်မြို့၊ ကန်ခေါင်းရပ်၊ ပန်စရာလမ်းဆုံရှိ 7 STAR အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မတ်လ(၉)ရက်နေ့တွင် သွား ရောက်၍ စည်းကမ်းချက်များနှင့်အညီဆောင်ရွက်နေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။ 

        ကွင်းဆင်းစစ်ဆေးရာတွင် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍဖြစ်သည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခရီးသည်ပို့ဆောင်မှုအခြေအနေ များ၊ တင်ဆောင်သည့်လူဦးရေ၊ ယာဥ်မောင်းများအနေဖြင့် အရက်သေစာသောက်စားခြင်းရှိ/မရှိ စစ်ဆေးမေးမြန်းခြင်းနှင့် ယာဥ်အန္တရာယ်ကင်းရှင်းစေရေး သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ