Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

My RO မှတ်ပုံတင်နိုင်ရေး ရွှေသဇင် ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၁၄-၁၀-၂၀၂၅ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေသဇင် ဆန် ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး My RO နှင့် ပါတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မန္တလေး)

My RO မှတ်ပုံတင်နိုင်ရေး အေးသုခ ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၁၄-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ အေးသုခ ဆန်ရောင်းဝယ်ရေးဆိုင် သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး My RO နှင့် ပါတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မန္တလေး)

My RO မှတ်ပုံတင်နိုင်ရေး အောင်ချမ်းသာ ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၁၄-၁၀-၂၀၂၅ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်ချမ်းသာ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး My RO နှင့် ပါတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မန္တလေး)

 

My RO မှတ်ပုံတင်နိုင်ရေး ရွှေကိန္နရီ ဆန်ရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၁၄-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေကိန္နရီ ဆန် ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး My RO နှင့် ပတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  DOCA(မန္တလေး)

မိတ္ထီလာမြို့နယ် MGT Co.,Ltd အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  MGT Co.,Ltd  အင်တာ နက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

  DOCA(မန္တလေး)

 

ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး ဆန်လက်လီ/ လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၂၃-၁၀-၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း၊“ရွှေကျွန်း” ဆန်လက်လီ/ လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်ဆန်များ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ သိုလှောင်ရုံလျှောက်ထားခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အချက်အလက်များ ဆောင်ရွက်ပေးခြင်းနှင့် MyRO မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့်သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စည်မျဉ်းစည်းကမ်းများ၊ လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့နယ် T Net Co.,Ltd  အင်တာနက်ဝန်ဆောင်မှု ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုခရိုင်ဦးစီးမှူး ၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍  T Net Co.,Ltd အင်တာ နက်ဝန်ဆောင်မှု လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၌ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စစ်ဆေးရာ တွင် အင်တာနက်ဝင်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား စစ်ဆေးခြင်း၊ စားသုံးသူနစ်နာမှု မရှိစေရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ဆုံးဖြတ်ချက် (၃) ချက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုးအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက် (၁၁) ချက်နှင့် ကိုးကား၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

  DOCA(မန္တလေး)

“ သာစည်မြို့နယ်တွင်  မေသာစည် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်း ၊ ဒု-ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် သာစည်မြို့နယ်၊ အမှတ်(၁)သီရိမင်္လာရပ်ကွက်ရှိ မေသာစည် Online Sale  ပုဆိုးနှင့်ချည်ထည်မျိုးစုံ ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ်တာဝန်ခံမှ Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်း များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။

  DOCA(မန္တလေး)

 

သာစည်မြို့နယ်၊ကျည်တိုင်ကုန်း(တ)ကျေးရွာတွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးခြင်း

             မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ ကျည်တိုင်ကုန်း(တ)ရွာတွင်  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ‌‌‌အောက်တိုဘာလ(၂၅)ရက်နေ့ ၊နံနက်(၁၀၀၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည် မြို့နယ်တတာဝန်ခံ ဒေါ်ဖြူဖြူထွန်း၊ ဒု-ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံး မှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများလုပ် ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းများအားလည်းကောင်း စားသုံးသူ အခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်း ပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူ အခွင့်အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင် ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေး ပြောကြားခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာနေပြည်သူ (၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို (၁၁း၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

                                       

ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

         (၂၃-၁၀-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ပူးပေါင်းပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်းကုန်စည်များပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ငှာ ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ