Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အချိုရည်မုန့်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရှိရပ်ကွက်များနှင့် မြို့မစျေးကြီးအတွင်း ရောင်းချလျက်ရှိသော  အချိုရည်နှင့် မုန့်အရောင်းဆိုင်များအား ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင်  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့မစျေးကြီးနှင့် ရပ်ကွက်စျေးဆိုင်များ၌ တံဆိပ်အမျိုးမျိုးကပ်၍  အသင့်‌သောက် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်အမှတ်အသား သတင်းအချက်အလက်ဖော်ပြထားခြင်း ရှိ/မရှိ၊ အချိုရည်ဘူးများတွင် ကလေးများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ထုတ်လုပ်ကုန်တံဆိပ်နှင့် ပါဝါသကြား၊ အနံတုများနှင့် ခွင့်မပြုသော ဆိုးဆေးများ ထည့်သွင်းထားခြင်းရှိ/ မရှိ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပစ္စည်းများဝယ်ယူစားသုံးနိုင်ရေးအတွက် ကုန်စုံဆိုင်များ၊ မုန့်ဆိုင်များအား လစဥ်ပုံမှန်စစ်ဆေး သွားမည်ဖြစ်ကြောင်းကို ကွင်းဆင်းစစ်ဆေးကာ စျေးဆိုင်ပိုင်ရှင်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ညောင်တုန်းမြို့၊ ၇လမ်းရှိ “ Polo Cyi ” ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်သို့ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သတ်၍ အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ DaTa အမျိုးမျိုးရောင်းချရာတွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရန်  သတ်မှတ်ချက်များ ဝန်ဆောင်မှုကောင်းမွန်သော သတ်မှတ်ချက်များနှင့်အညီရောင်းချရန်၊  စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/ မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် စစ်ဆေးခဲ့ပြီး၊ ဖုန်းဆိုင်တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တရားဝင်ကုန်စည်များ ရောင်းချနေကြောင်းနှင့် ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်ပြည်စုံသော ကုန်စည်ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး  လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်

       မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မအူပင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် မအူပင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Center ခန်းမ၌ အသိပညာပေး Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် မအူပင်မြို့၊ ပြန်ကြားရေးနှင့်ပြန်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အသိပညာပေး Talk Show ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များမှ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန် ကဏ္ဍအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ရာ စစ်ဆေးရေးအရာရှိ ဆိုသည်မှာ စားသုံးသူရေးရာဦးစီးဌာနက ဤဥပဒေအရ စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုလိုကြောင်း၊ ဥပဒေပါ အခန်း(၆) ပုဒ်မ ၁၄အရ စစ်ဆေးရေးအရာရှိသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသည့်အကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်ကို အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး  စားသုံးသူများ နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းတိုးရန် ကျန်ရှိသော လုပ်ငန်းရှင်တို့အား အသိပညာပေး

    MyRO တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံများ သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mmတွင် လစဉ်လဆန်း(၁)ရက်နေ့ မှ(၁၀)ရက်နေ့ အတွင်း သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန် လက်ကျန်စာရင်းများကို ထည့်သွင်းပေးနိုင်ရေး ဓနုဖြူမြို့နယ်တာဝန်ခံရုံးအနေဖြင့် မြို့နယ်အတွင်း လုပ်ငန်းရှင်များအား ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၂၀.၂.၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်တာဝန်ခံနှင့် My RO လုပ်ငန်းရှင်(၃၀)ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဓနုဖြူမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံးရေ(၉၄)လုံး ရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် ဆန်သိုလှောင်ရုံ (၃၀)လုံး အတွက် သက်တမ်းတိုးလုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရေးကို သက်တမ်းတိုးပြည်မီနေ့သည့် လုပ်ငန်းရှင်များအား သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့်ကို လုပ်ငန်းရှင်ကိုယ်တိုင် သက်တမ်းတိုးဆောင်ရွက်ရန်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့၌ ဆေးလိပ်၊ ဆေးရွက်ကြီးပစ္စည်းများ စံသတ်မှတ်ချက်နှင့်အညီ ထုပ်ပိုးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်းများနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချမှု ရှိ/ မရှိအား ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ပန်းတနော် မြို့ ကမ်းနားလမ်းရှိ  ကွမ်းရွက်ကြီး၊ ဆေးရွက်ကြီး ရောင်းချသောဆိုင်များရှိ ကုန်ပစ္စည်းများ၌ ကျန်းမာရေးဦးစီးဌာန၏ ဆေးလိပ်၊ ဆေးရွက်ထွက် ပစ္စည်းအမျိုးမျိုးတွင် သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ ဈေးကွက်အတွင်း စံသတ်မှတ်ချက်နှင့်အညီ ထုပ်ပိုးခြင်း၊ ကျန်းမာရေးသတိပြုရုပ်ပုံများ၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်နှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချထုပ်ပိုးထားမှု ရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး အမိန့်ပါသတ်မှတ်ချက်နှင့် မညီသော ကုန်စည်များရှိပါက ဆိုင်ရှင်များ သိရှိလိုက်နာနိုင်ရန်အတွက် ပညာပေးပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ရန်အတွက် အမိန့်ပါဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

                  ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြင်းခြံဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြပါရှိစေရေး၊ စက်မှုလုပ်ငန်း သုံးစားအုန်းဆီများ    အမှန်တကယ်အသုံးပြုစေရေးအတွက် တွေ့ဆုံဆွေးနွေးဟောပြောပွဲအား ကျင်းပခဲ့သည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)က လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်စေရေး တို့ကို အလေးထားလိုက်နာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြပါဝင်ရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ် ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊လုပ်ငန်း ရှင်များလိုအပ်လျက်ရှိသော လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ လုပ်ငန်းများတွင် မှန်ကန်စွာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ လစဉ်စားအုန်းဆီ လိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျှက်ရှိပါကြောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု၊ ဘေးအန္တရာယ်ကင်းရှင်းစေမှုသည် သက်ဆိုင်ရာအစိုးရဌာနများ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ စားသုံသူများ ညီညာစွာဖြင့် သတ်မှတ်ချက်များနှင့်အညီ မှန်ကန်သည့်လုပ် ဆောင်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဈေးကွက်မှတစ်ဆင့် ပြည်ပဈေးကွက် များသို့တိုင် ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆက်လက်၍ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဒု-ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ လုပ်ငန်းရှင် ( ၂၈ ) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

              Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းအား ၂၁-၇-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃) ဖြင့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားလာမှုများအား  မြေပြင်ကွင်းဆင်း စစ်ဆေး၍ လျှောက်ထားသည့်အချက်အလက်များနှင့်  မြေပြင်တွင် အမှန်တကယ် ကိုက်ညီမှုရှိမှသာလျှင် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ  ဦးမျိုးထွန်းနှင့် ဒေါ်သင်းသင်းအေးတို့သည် မန္တလေးမြို့ပေါ်ရှိ Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများ (၆၇၆) ခုတို့မှ လျှောက်ထားသည့် ကုန်စည်များဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်း၊ အထည် အလိပ်အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖက်ရှင်အသုံး အဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံး ပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊ စာပေနှင့်အနုပညာဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်များနှင့် လူသုံးကုန်များ စသည့် လုပ်ငန်းများအား မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

                 Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်များ၊ လူသုံးကုန်များ၊  လက်မှုပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ၊ ပညာရေးနှင့်သင်ကြားရေး ဝန်ဆောင်မှု၊ စာပေနှင့်အနုပညာဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းများ၊ FDAမှအတည်ပြု ထားသည့် ဆေးဝါးဖြည့်စွက်စာများ၊ အခြားဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အမျိုးမျိုးနှင့်ဆက်စပ်ပစ္စည်းများ၊ ကုသရေးသုံးပစ္စည်းများရောင်းချသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခဲ့ပြီး တင်ပြဆောင်ရွက်လျှက်ရှိကြောင်းနှင့် စစ်ဆေးရန် ကျန်ရှိနေသော Online Sale မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား ဆက်လက်၍မြေပြင်စစ်ဆေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

“ဖက်တီးမ” စားသောက်ကုန် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်လှလှဝင်း၊ ဒု-ဦးစီးမှူးသည် ၂၆-၂-၂၀၂၆ ရက်နေ့ နေ့လည်(၁:၃၀)နာရီအချိန်တွင် “ဖက်တီးမ" အမှတ်တံဆိပ်ဖြင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ် ရောင်းချသောလုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။         

            ထိုသို့အသိပညာပေး ဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။  DOCA(မန္တလေး)

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အတွင်းရှိ အိမ်မဲမြို့နယ်မှမြို့နယ်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင် အသင်းနှင့်တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်အသင်းနှင့်(၂၀.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသိုတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှလုပ်ငန်းရှင်များအား တွေ့ဆုံပြီးသတ် မှတ်ထားသောရည်ညွှန်းဈေး၊ သယ်ယူစရိတ်ပေါင်းပြီး ၂%ထက်ပိုမရောင်းရန် ကြီးကြပ်ခြင်း၊ ထောက်ခံချက်(FDA)မပါသော စားသုံးဆီဗူးများ၊ အမှတ်တံဆိပ်များမရောင်းချရေး၊ ဝယ်ယူသုံးစွဲသူများ အဆင်ပြေစွာဝယ်ယူနိုင်ရေး  ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊  ရတနာဈေးရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၂၀.၂.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ရတနာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်၊၊

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ ရတနာဈေးအတွင်း  ရောင်းချနေသော   ဟင်းခတ်အမွှေးအကြိုုင်၊ ခရုဆီ၊ မဆလာထုတ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊  ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်တွင်ရောင်းချနေသော ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/ မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ