Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၀၉ꓽ၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(အ.လ.က-၄)အတွင်းရှိ မုန့်အရောင်းဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

            ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် အောင်ပန်းမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းရှိသင်တန်းသား (၄၅) ဦးတို့အားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

             အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးကတက်ရောက်လာသော သင်တန်းကျောင်းဆရာများနှင့် သင်တန်းသားများကို စားသုံးသူကာကွယ်ရေးဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပာယ်တို့အားဟောပြောခဲ့ကြောင်း၊ စားသုံးသူအခွင့်ရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိခဲ့လျင် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ တိုင်ကြားနိုင်ကြောင်း၊ DOCA MYANMAR MOBILE APPLICATION မှတဆင့်လည်းကောင်း၊ DOCA FACEBOOK PAGE နှင့် CONSUMER CALL CENTER ၁၅၃၅ သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၁၀.၁၂.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

            ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ရောနှောဆီအပါဝင်စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးကွက်အတွင်းတွင်  Goody၊ ရွှေပဲ၊ Duck ၊ အမေထွား အစရှိသည့် စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

 

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန နှင့်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံ စားသောက် ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအ တွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက မန်ကျည်းသီးမှည့်နှင့်ငရုပ်သီးခြောက်ရှည် အစရှိသောအခြေခံစား သောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လက်ကျန်နည်းပါးသော ကြောင့်ဖြစ်ပါသည်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့်ကြက်ဥများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်း လာသည်ကိုတွေ့ရှိရပြီး ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှဝင်ရောက်မှုများပြားလာခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

          ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

 

           ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံ စားသောက် ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက မန်ကျည်းသီးမှည့်နှင့်ငရုပ်သီးခြောက်ရှည် အစရှိသောအခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာပြီး ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ လက်ကျန်နည်းပါးသော ကြောင့်ဖြစ်ပါသည်။ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့်ကြက်ဥများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာသည်ကိုတွေ့ရှိရပြီး ထိုသို့ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှဝင်ရောက်မှုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

             ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စီးပွားရေးလုပ်ငန်းရှင်များ အသိပညာတိုးပွားစေရေး စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ပေး

      မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန် တွင် ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုလားပဲချောင်းကြော်၊ ပဲလွန်းစေ့ကြော်၊ နေ့ကြာစေ့လှော်နှင့် ကုလားပဲလုံး လှော်လုပ်ငန်းရှင်များထံသို့  သွားရောက်အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

      ဒုတိယခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက် များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထား သော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အ လက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီ သည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများသိရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက်အလက်ပေးစေ လိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အချက်အလက်များအား ပြည့်စုံစွာထည့်သွင်း ဖော်ပြစေလိုကြောင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့် ကုန်စည်များအား တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းမပြုရန်၊ မိမိတို့ ထုတ်လုပ်သောလုပ်ငန်းများတွင် သက်ဆိုင်ရာအစိုးရဌာနမှ တားမြစ်ထားသော ဓာတုဆိုးဆေးများမသုံးစွဲရန် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက် ခြင်းဖြင့် ဈေးကွက်ပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ အခက်အခဲများ ကိုလည်း ရင်းနှီးပွင့်လင်းစွာပြောပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့မဈေးရှိ ကုန်စုံဆိုင်များသို့ စားသုံးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်များ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များပပျောက်စေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အရန်သင့်အစားအစာများ၊ အသင့်စားမုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသောကုန်စည်များ ရောင်းချခြင်း မပြုရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန် မသင့်ထုတ်ပြန်ထားသော ကုန်စည်များ၊ သက်တမ်းလွန်သောစားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်တွင် ရောင်းအားကောင်းလျက်ရှိသော“ စိတ်ကူးသစ် ” အီစိမ့်ကွင်းမုန့်လုပ်ငန်း

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဒေသထွက်ကုန် မုန့်မျိုးစုံလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ယခုလက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသဖြင့် မုန့်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။                    

    “စိတ်ကူးသစ်” မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သော မုန့်များမှာ အီစိမ့်ကွင်း၊ မုန့်ကျိုးလိမ်၊ ဒါးလှီးမုန့်၊ အာလူးကြော်၊ ပေါင်မုန့်ကြော်လုပ်ငန်းများကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး ၎င်းတို့ထဲမှ အီစိမ့်ကွင်း မုန့်သည် အများဆုံးရောင်းချရသော မုန့်အမျိုးအစားတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်မှ အတွင်ကျယ်ဆုံး အီစိမ့်ကွင်း မုန့်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ပြောပြရာ ဂျုံမှုန့်ကို ဆေးစပ်မွှေပြီး ကြက်ဥဖြင့် နယ်ဖတ်၍ လှိမ့်ပြီး မုန့်ချောင်းလေးများ အဖြစ် ဖြတ်ရကြောင်း၊ ပြီးလျှင် မုန့်သားကို ပထမအကြိမ်  အသေး၊ ဒုတိယအကြိမ် အကြီး အကွင်းပုံစံ ပြုလုပ်၍ ကြော်ရကြောင်း၊ ကြော်ပြီးသား မုန့်အကွင်းများကို သကြားရည်ဖြင့် နစ်လူးပြီး သကြားထပ်မံဖြူးရကြောင်း၊ ၎င်းနောက် မုန့်(၅)ခုပါ(၁)တစ်ထုပ်လျှင် လက်လီ ကျပ်(၁၅၀၀)၊ လက်ကား ကျပ်(၁၂၀၀)ဖြင့် ပခုက္ကူမြို့မဈေး၊ ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်နှင့် ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချကြောင်း၊ ဝန်ထမ်းအနေဖြင့် အလုပ်သမား(၇)ဦးရှိပြီး တစ်နေ့လျှင် လုပ်အားခ ကျပ်(၇၀၀၀)ပေးရကြောင်း သိရသည်။  မုန့်မျိုးစုံ လုပ်ငန်းသည် ယခင်က လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် နားရသည်ရှိသလို ယခုလတွင် နားရက်မရှိ ပြန်လည် လုပ်ကိုင်နေပြီး  အခြားမုန့်များထပ် အီစိမ့်ကွင်း မုန့်သည် ရောင်းအား အကောင်းဆုံးနှင့် အတွင်ကျယ် ဆုံးဖြစ်၍  မိသားစုဝင်များနှင့် လုပ်သားများလည်းဝင်ငွေရှိပြီး စားဝတ်နေရေး အတွက်  အဆင်ပြေလျက်ရှိကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ဂန့်ဂေါမြို့ပေါ်ရှိ ဗေရှားဒါသောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ပေါ်ရှိ ဗေရှားဒါသောက်ရေသန့် လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေးနှင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ရေသန့်ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ရေသန့်များအား ပြည်သူများမှ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိရာတွင် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အဆင့်ဆင့်ကျိုချက်သန့်စင်ပြီးသော သောက်ရေသန့်များကို ရောင်းချရန်၊ ရေသန့်ထုတ်လုပ်ရာတွင်လည်း တစ်ကိုယ်ရေသန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ပြီး ရောင်းချသောရေဘူးများကိုလည်း သန့်သန့်ရှင်းရှင်း ပြုလုပ်ရန်နှင့် ရောင်းချသောကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြရန်၊ ကုန်အညွှန်းအမှတ်အသား မပြုလုပ်ရသေးပါက စားသုံးသူ ရေးရာဦးစီးဌာနသို့ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ ပြည့်စုံ စွာဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချရန်၊ အွန်လိုင်းဖြင့် ရောင်းချပါကလည်း ရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ ရောင်းချရန်နှင့် စားသုံးသူ ရပိုင်ခွင့် အခွင့်အရေးများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် စားသုံးသူမှ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ