Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သံဖြူဇရပ်မြို့နယ်နှင့်ပငကျေးရွာရှိ ဆားကြိတ်စက်ရုံများနှင့် ဈေးကွက်အတွင်း အိမ်သုံးဆားရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ၅.၃.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲနှင့်ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်နှင့်ပငကျေးရွာရှိ ဆားကြိတ်စက်ရုံများနှင့် ဈေးကွက်အတွင်း အိမ်သုံးဆား များရောင်းချနေသော ဆိုင်များအား အိုင်အိုဒင်းဆား ပါဝင်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ၎င်းဆားကြိတ်စက်ရုံများနှင့် အိမ်သုံးဆား အရောင်းဆိုင်များရှိ ဆားများအား စစ်ဆေးရာ၌ အိုင်အိုဒင်းဆားပြည့်ဝစွာပါရှိသည်ကို တွေ့ရှိရပြီး လုပ်ငန်းရှင်အားကုန်အညွှန်းမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်ကုန် ပစ္စည်းများ ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခု ဖြင့်ဖြစ်စေ ဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကို ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ မိတ္ထီလာမြို့နယ်တွင်  Achit Export Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းမျာသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းတိုးချဲ့၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စုရှိ Achit Export Online Sale   ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း များနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ၄..၂၀၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့နှင့်အတူ ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ အရည်အသွေး/အလေးချိန် တိကျန်မှန်ကန်မှု ရှိ/မရှိ တို့အားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်အား ရောင်းချလျက်ရှိသော စက်သုံးဆီအရည်အသွေးနှင့်အချိန်အတွယ် မှန်ကန်မှုရှိစေရေး၊ စက်သုံးဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စက်သုံးဆီပြတ် လပ်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများ စိတ်ချယုံကြည်မှုရရှိစေရန် အလေးထား ဆောင်ရွက်နိုင်ရေးအဓိကထား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းရှင်၊  ရေသန့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး(ဦးစီးမှူး) သည်  ( ၉.၂.၂၀၂၆) ရက်နေ့တွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ရှိ အောင်ခေတ်ဆန်း အကြော်စုံလုပ်ငန်း၊  ဘုန်းပြည့် တို့ဟူးခြောက်ကြော်လုပ်ငန်း၊ ရှင်းသန့်ကြည် အကြော်စုံလုပ်ငန်း၊ စည်းစိမ်ရှင်အာလူးကြော်လုပ်ငန်း၊ Star အာလူးကြော်လုပ်ငန်း၊ ကမ္ဘာကျော် မုန့်လုပ်ငန်း၊ ဂူးဂူး နို့မလိုင်လုပ်ငန်းများနှင့် (၂၀.၂.၂၀၂၆) ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ရှိ “ရွှေကြယ်” အမှတ်တံဆိပ်  ရေသန့်လုပ်ငန်း၊ City  အမှတ်တံဆိပ်  ရေသန့်လုပ်ငန်း၊ Ayar Myanmar  အမှတ်တံဆိပ်  ရေသန့်လုပ်ငန်း၊ Tiger အမှတ်တံဆိပ်  ရေသန့်လုပ်ငန်း၊ ဆင်မင်း အမှတ်တံဆိပ်ရေသန့်လုပ်ငန်း၊ ရွှေပုပ္ပါး အမှတ်တံဆိပ် ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

 

ညောင်တုန်းမြို့နယ် စပါး ဆန် မြေပြင်လက်ကျန် ကျန်ရှိမှုအခြေအနေ

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများတွင် မြေပြင်အမှန်တကယ် သိုလှောင်နေမှုနှင့် စပါးဆန် လက်ကျန်အခြေအနေများ  doca.gov.mm ကို စစ်ဆေးလျက်ရှိပြီး၊ MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ  ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် မြို့နယ်အတွင်းရှိ ဆန်စက်၊ ကုန်သည်၊ တောင်သူ၊ ဆန်ဆိုင်များအား မြေပြင်ကွင်းဆင်းခြင်းများ စီးပွားရေးအလိုငှာ သိုလှောင်လုပ်ကိုင်သူ လုပ်ငန်းရှင်ထံ စာရင်းများကောက်ခံ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

         ညောင်တုန်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများတွင် စပါးနှင့်ဆန် လက်ကျန်များရှိနေပြီး၊ သိုလှောင်မှု မှတ်ပုံတင် သက်တမ်းတိုးခြင်းများကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိပါသည်။ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဆန်စပါးသိုလှောင်မှုများ မှန်ကန်စေရန်နှင့် ဈေးကွက်အတွင်း စပါး၊ ဆန် လက်ကျန်အခြေအနေများကို ပုံမှန်စစ်ဆေးလျက်ရှိသည် MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် လုပ်ငန်းရှင်များအား တိုက်တွန်းနိုးဆော်ဆောင်ရွက်လျက်ရှိကာ ၁၅-၂-၂၀၂၆ ရက်နေ့ ညောင်တုန်းမြို့နယ် စပါးဆန် လက်ကျန်စာရင်းအခြေအနေများမှာ တောင်သူ စပါး ၁၃၈၆၅၂၆တင်း၊ ဆန် ၃၈၇၂အိတ်၊ စက်ပိုင်စပါး ၆၄၉၉၇၇တင်း၊ ဆန် ၅၁၉၅၅၈ အိတ်၊ ကုန်သည် စပါး ၁၃၁၅၀၀တင်း၊ ဆန် ၇၄၆၀အိတ်၊ ဆန်ဆိုင် ၆၇၆၀အိတ်၊ စုစုပေါင်း  စပါး ၂၁၆၈၀၀၃ တင်း၊ ဆန် ၅၃၇၆၅၀ အိတ်ရှိကြောင်း မြို့နယ် နယ်မြေစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ၃လမ်းဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ၊ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍  ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့စစ်ဆေးရာ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ၊ မရှိနှင့် စားသောက်ကုန်ဆိုင်များ၊ အလှကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်နှင့် အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော ပစ္စည်းများရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်များ ဈေးကွက်နမူနာကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသည့် (၂/၂၀၂၉) ညွှန်ကြားချက် ကုန်စည်အုပ်စု (စ) အလှကုန်ပစ္စည်းများ (၁၀ဂရမ်) အထက်နှင့် အောက် ကုန်စည်အမျိုးမျိုးအား  ဖော်ရမည့်အချက်များပါဝင်မှု ပြည်စုံစေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ အလှကုန်အရောင်းဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြုမြို့နယ် ဆန်စက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ “ရွှေမြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ရွှေမြင့်မိုရ်” ဆန်စက်အား ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို ကောက်ခံစာရင်းယူခဲ့ပြီး ဒေသတွင်းနှင့် ပြည်တွင်း ဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊  ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများ၊ ရန်ကုန် ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်း ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် MIRO စာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရေနံချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံ ဒေါ်ချိုဝေလွင်နှင့် ဝန်ထမ်းသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၃.၃.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံဒေါ်ချိုဝေလွင် မှ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ဥပဒေတွင် ပြဌာန်းထားသော စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ အကြောင်းအား အသိပညာပေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ လိမ်လည်မှုများ မခံစားရစေရေး အတွက် စိစစ်သင့်သည့်အချက်များအား ရှင်းလင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်နေမှုများအား www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူ များ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန်နှင့် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများထည့်သွင်းဖော်ပြရန် လိုအပ်သော အချက် အလက်များအား စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Center No(1535)သို့ ရုံးချိန်အတွင်း မည်သည့်ဖုန်းနှင့်မဆို ခေါ်ဆိုဆက်သွယ်နိုင် ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံ

           စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံသည် ၂၃.၂.၂၀၂၆ ရက်နေ့၊ နေ့လည်(၁၄:၀၀)အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ‘‘ဆုထူးပန်’’ အမှတ်တံဆိပ် အာလူးကြော်နှင့်အကြော်စုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ လာရောက် တွေ့ဆုံရာ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

          ဒု-ခရိုင်ဦးစီးမှူးနှင့်တာဌာခွဲတာဝန်ခံတို့မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိ ထုတ်လုပ်သော ကုန်စည်အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဈေးကွက်များအတွင်း ကုန်စည်များ၊ ကုန်စည်ထုတ်လုပ်သောနေရာများတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်နေသည့်အတွက်သော်လည်း ကောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်းများကို နေရာစုံ၊ နည်းလမ်းပေါင်းစုံဖြင့် အသိပညာများပေးသည့်အတွက်သော်လည်းကောင်း စားသုံးသူများအပြင် လုပ်ငန်းရှင်များပါ သိရှိလိုက်နာမှုများရှိလာ ကြောင်း သိရှိရသည်။           

  DOCA(မန္တလေး)       

မအူပင်မြို့နယ် ဦးကျားဗိုလ် ဆေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

         မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဖေဖော်ဝါရီလ(၁၈) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်  အတူပူးပေါင်း၍ မအူပင်မြို့ ပေါ်ရှိ ဦးကျားဗိုလ် ဆေးနှင့်ဆေးပစ္စည်း လက်လီ/ လက်ကား အရောင်းဆိုင်များသို့ သွားရောက်၍ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌လုပ်ငန်းလိုင်စင် ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးများရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုး၊ အိမ်သုံး ဆေးဝါး လိမ်းဆေးအမျိုးမျိုးတို့၏ ဈေးနှုန်းများကို မေးမြန်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီများမှ ဆေးဝါးဝယ်ယူရရှိမှု အခြေအနေများကို မေးမြန်းခြင်း၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်အလက်များအား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်လိုအပ်ကြောင်း၊ ဆေးများကို သိုလှောင်ထားရှိခြင်းမပြုရန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် အများပြည်သူများအား ရောင်းချပေးနိုင်ရန်၊ သက်တမ်းလွန်ကုန်စည်များကို ရောနှောရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါ က စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ