Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေါနခြံရပ်ကွက်ရှိ “ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း” တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး၎င်းမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့  သင်တန်းသား (၂၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခု ကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များ၊ စားသုံးသူနှစ်နာခြင်းနှင့် ပတ်သတ်၍ တိုင်ကြားနိုင်သည့်နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

“တက်နေဝင်း” ပဲချောင်းကြော်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “တက်နေဝင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပဲချောင်းကြော် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ရွှေနံ့သာ” ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ရွှေနံ့သာအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         (၂.၁၀.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံး မှ ဒေါ်ဖြူဖြူမြင့်၊ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊အင်းလျှက်ရပ်ကွက်ရှိ စဉ့်အိုးကြီး စားသောက်ကုန်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထို့သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်  စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင်    လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။ 

 DOCA (ရန်ကုန်)

“ လှိုင်မြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Myanmar APN Co.ltd အား  အောက်တိုဘာ လ(၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် No.204/ 3rd Floor, The Leaf Office Tower, Dhama Thuka Kyaung Street, Hlaing tsp,Ygn ရှိ Myanmar APN Co.ltd သို့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိ သည့် လုပ်ငန်းရှင်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက် ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအားရယူခြင်း၊ စားသုံးသူများ၏ နေ့စဉ်လူမှုဘဝ ကိစ္စရပ် အဆင်ပြေချော မွေ့စေရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးရာတွင် အမှန်တကယ် သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထား ခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူးမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်မှုများ အား အမှန်တကယ်သုံးစွဲနေသည့် စားသုံးသူများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန်၊ စိတ်ကျေနပ် မှုများရှိပါက Call Center သို့ အလွယ်တကူ ခေါ်ဆိုနိုင်စေရေးဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ခရမ်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခမတ်ကျေးရွာအုပ်စုတွင် ၂၀၂၅- ၂၀၂၆ခုနှစ် Seeder စနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးဧက (၁၀၀)စံပြကွက်၌ စံကွက်ရိတ်သိမ်း ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

          ထိုစံပြကွက်ရိတ်သိမ်းအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်မန်နေဂျာ ဦးဌေးမောင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ခမတ်ကျေးရွာအုပ်စုရှိ Seeder စနစ် ဖြင့် မိုးစပါးဧက (၁၀၀)စိုက်ပျိုးထားသော စံကွက်၌ တောင်သူဒေါ်နွဲ့ရီပိုင်ဆိုင်သော ကွင်းအမှတ် (၇၈၀ -A)၊ ဦးပိုင်အမှတ်(၁၄)၊ ဧရိယာ (၆.၆၆)ဧကတွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးအမျိုး အစားအား စံကွက်ရိတ်သိမ်းခဲ့ရာ စပါးအစိုအထွက်နှုန်း (၁၂၅.၆၃)တင်း၊ စပါးအခြောက် အထွက်နှုန်း (၁၁၉.၆၄)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ တက္ကသိုလ်ရပ်ရှိ ပန်ပန်းမုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ၊ (၂၂)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် မြရိပ်ညို (၁၂)လမ်း၊ တက္ကသိုလ်ရပ်၊ မြိတ်မြို့ရှိ ပန်ပန်းမုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေး နွေးခြင်းဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  တွေ့ဆုံဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ‌ဖော်ပြရ ခြင်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းခြင်းနှင့် ဘေးအန္တရာယ်ကင်းစေရန်အတွက် သန့်ရှင်းသပ်ရပ်မှုအား အလေးထား ဆောင်ရွက် ရန်၊ ဘေးအန္တရာယ်ကင်းသောထုတ်ကုန်များထုတ်လုပ်ရောင်းချရန်ပြောကြားခဲ့ပြီး မုန့်လုပ်ငန်းဆောင် ရွက်နေမှုအားကြည့်ရှု့စစ်ဆေးပြီး  အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကိုအမှတ်တံဆိပ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက် တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြစ်ငယ်ရပ်၊ မြိတ်မြို့ရှိ မီကိုအမှတ်တံဆိပ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ရောင်းချလျက်ရှိသော ရေထွက်ကုန် ပစ္စည်းအမျိုးမျိုးအား စျေးကွက်မရောက်မီကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်စသည်တို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်တို့ကို ရှင်း လင်းပြောကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Yadanarbon Global Network Distribution ကုမ္ပဏီမှ (၁၅.၁၀.၂၀၂၅) ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 8J-3237 တွင် စားအုန်းဆီ ပေပါ (၃၈)နှင့် Global Good Pure Group ကုမ္ပဏီမှ (၁၇.၁၀.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 5S-9017 တွင် စားအုန်းဆီပေပါ (၇၂)တို့သည် (၂၀.၁၀.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး  မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်များရောက်ရှိလာ

  မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ရန်ကုန် နှင့် ဧရာဝတီတိုင်းတို့မှမှာယူလျက်ရှိပြီး(၁၅.၁၀.၂၀၂၅)ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဒေးဒရဲမြို့နယ်မှ ပြည့်ဖြိုးအောင်(၉)ရေယာဉ်ဖြင့် ဆန်တန်(၁၄၀)၊ အိတ်ရေ (၂၈၀၀) တို့ကို သယ်ယူ၍ (၂၁.၁၀.၂၀၂၅)တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။

    ထိုသို့ရောက်ရှိလာသောရေယာဥ်ကိုမြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီး ဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ