Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်မြို့ ဦးဝင်းထိန် စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ မေလ(၉)ရက်နေ့၊  နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့နှင့်ပူးပေါင်း၍  ဦးဝင်းထိန် စက်သုံးဆီဆိုင်တွင် ရောင်းချနေသော ဓာတ်ဆီ (92) အချင်အတွယ် ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးနှင့် မီးသတ်ဆေးဘူးများ ထားရှိရေး ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီအချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ် ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများ အား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချရန်မှာကြားခဲ့ပါသည်။ 

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည်(၉.၅.၂၀၂၅) ရက်နေ့ နေ့လယ်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သောကမ္ဘာ့ စားသုံးသူအခွင့်ရေးများနေဖြစ်ပေါ်လာပုံအကြောင်းကိုအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၁၉စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၁)ပုဒ်မ၂၃ပါ ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များတွင်ပါဝင် သည့်အချက်(၇)ချက်အခန်း(၁၂)ပါကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်စားသုံးသူကတောင်းစိုနိုင်သည့်အခွင့်အရေး(၄)ချက်တို့အားအသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါသည်။ဥပဒေပါအချက်အလက်များသိရှိလိုပါကစားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မအူပင်ခရိုင်မှ တက်ရောက်

    (၁၀.၅.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရုံးချုပ်ဌာနခွဲများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများရှိ စားသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ ဦးကျော်ကျော်ဦး စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ မေလ(၉)ရက်နေ့၊  နံနက်(၁၀:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ဦးကျော်ကျော်ဦး စက်သုံးဆီဆိုင်တွင် ရောင်းချနေသော စက်သုံးဆီများ အချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ် ရည်ညွှန်းဈေး အတိုင်း ရောင်းချစေရေးနှင့် မီးသတ်ဆေးဘူးများထားရှိရေး ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီအချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ် ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန်မှာကြားခဲ့ပါသည်။ 

DOCA(ဧရာဝတီ)

ပုသိမ်မြို့ ကိုဝင်းနိုင် စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ မေလ(၉)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ကိုဝင်းနိုင် စက်သုံးဆီဆိုင်တွင် ရောင်းချနေသော စက်သုံးဆီများ အချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေးနှင့် မီးသတ်ဆေးဘူးများထားရှိရေး ပူးပေါင်း ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီအချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ် ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချရန်မှာကြားခဲ့ပါသည်။ 

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ ရိုးကြီးဓမ္မာရုံတွင် ကျေးရွာနေပြည်သူလူထုအားစားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည် (၈.၅.၂၀၂၅)ရက်နေ့၊‌ နေ့လည်(၁;၀၀)အချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်း ရင်းဆေးဌာနများနှင့် ပူပေါင်း၍ တကောကျေးရွာရှိ ရိုးကြီးဓမ္မာရုံတွင် ကျေးရွာနေ ပြည်သူလူထုများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြော ကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင်  ့ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစား အသောက်များအား မိမိ၏အသိဖြင့်ဆင်ခြင် ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျေးလတ်နေပြည်သူလူထု(၂၅၆)တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Documentaryရိုက်ကူးရေးအစီအစဉ်တွင်သက်ဆိုင်ရာဌာနများပူးပေါင်း၍လိုက်ပါဆောင်ရွက်

     ၂၀၂၅ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နေ့လည် ၁၄း၀၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေ သကြီး၊ မအူပင်ခရိုင် အတွင်းရှိ နေရာများတွင် Documentary ရိုက်ကူးရေးလုပ်ငန်းကို စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ တက်ရောက်ခဲ့ပါသည်။

      ကွင်းဆင်းရိုက်ကူးရေးဆောင်ရွက်ရာတွင် တိရိစ္ဆာန်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးမွေးမြူရေးလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်ခဲ့ကြပြီး’ သတ်မှတ်ရိုက်ကူးရေးပြုလုပ်မည့် နေရာများသို့ ကွင်းဆင်းကာ Documentary လုပ်ငန်းဆောင်ရွက်မှုများကို  လက်တွေ့ရိုက်ကူးရေးလုပ်ဆောင်မှုများအတွက် လိုက်ပါကြီးကြပ် ဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

စားအုန်းဆီလက်လီ၊လက္ကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်းအတိုင်းရောင်းချရန် ဆွေးနွေး

   ၉-၅-၂၀၂၅ရက်နေ့(15:30)နာရီတွင်‌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဒုဦးစီမှုး‌ရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)သည် မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် .စားအုန်းဆီလက်လီ၊လက္ကား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ သတ်မှတ်ရည်ညွှန်းဈေးနူန်းအတိုင်းရောင်းချရန် ၊ဗွီနိူင်းဆိုင်းဘုတ်များအား‌ေနစဥ်ချိတ်ဆွဲ‌ရောင်းချရန်၊ ဈေးကွက် အတွင်း စားအုန်းဆီပြတ်လပ်မူမဖြစ်စေရေးနှင့် စားသုံးသူများအလွယ်တကူ ဝယ်ယူရရှိရေးတို့ အတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထိုဆွေးနွေးပွဲသို့  ညောင်တုန်းမြို့နယ် စားအုန်းဆီလက်လီ၊လက်ကားလုပ်ငန်းရှင် (၂၅)ဦးတက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင် တစ်ဦးချင်းစီးက သက်ဆိုင်ရာဌာနတို့၏ သတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ထားရှိမှုနှင့် စားအုန်းဆီနေ့စဉ် ရောင်းချမှု မှတ်တမ်းတို့ကို တင်ပြကြပြီး စားသုံးသူပြည်သူများ ဆီဝယ်ယူရ အခက်အခဲမရှိစေရေး လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့ဆီရောင်းချမှုအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၁၂.၅.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန် အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက်အာမခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေးနိုင် စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အခြေခံစာသောက်ကုန်များ ကုန်ဈေးနှုန်း တည်ငြိမ်ရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

     (၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀) အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက် များရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၅) ဆိုင်သို့ ကွင်းဆင်း သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်ယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ပါသည်။
     ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက ညောင်တုန်း မြို့နယ်တွင်း ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန် များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးနှုန်းများ၊ သား၊ ငါး၊ ကြက်၊ ဝက်၊ ဆိတ်၊ ဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို သင့်တင့်သည့် ဈေးနှုန်းများအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းအတက်အကျရှိ/မရှိကို ကွင်းဆင်းမေးမြန်း၍ အပတ်စဉ် မြေပြင်အမှန် တကယ်ရောင်းချ ဈေးနှုန်းများကို စာရင်းကောက်ယူ၍ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိကြောင်း သိရသည်။

     ညောင်တုန်းမြို့နယ် အတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပုံမှန် ရောင်းဝယ် လျှက်ရှိပြီး၊  မတ်လကုန် အတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းနှင့် ယနေ့ အခြေခံ စားသောက် ကုန်များ ဈေးနှုန်း နှိုင်းယှဉ်ပါက ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး Lotus ဆီ ငွေကျပ် ၁၀၀၀ကျပ် ဈေးမြင့်တက်လာကြောင်း တွေ့ရှိရသည်။  အခြေခံစားသောက်ကုန်များ နေရာဒေသအသီးသီးထွက်ရှိပြီး ရန်ကုန်မှ တဆင့် မအူပင်ခရိုင်သို့ ဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး စျေးနှုန်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတည်ငြိမ်လျှက်ရှိသည်။ ကုန်မျိုးစုံများ ကိုလည်း  ပွင့်လင်းရာသီဖြစ်၍ ပိုမိုရောင်းချရကြောင်းသိရပြီး၊ ဈေးရောင်းချသူလုပ်ငန်းများကို ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးနှုန်းကောက်ယူ ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ