Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့ပေါ်ရှိ ဆင်းကတ်အရောင်းစင်တာများနှင့် ဆင်းကတ်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး  (၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေး မြို့ပေါ်ရှိ Mytel, MPT, ATOM နှင့် Ooredoo ဆင်းကတ်အရောင်းစင်တာများနှင့် ဆင်းကတ် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          မြို့နယ်တရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့များမှ ဆင်းကတ်အရောင်းစင်တာ နှင့် ဆင်းကတ်အရောင်းဆိုင်များအား ဆင်းကတ်ရောင်းချသူများအနေဖြင့် အော်ပရေတာများနှင့် စာချုပ် ချုပ်ဆိုထားခြင်းရှိ/မရှိ၊ ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေး ဆင်းကတ် မှတ်ပုံတင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့်အညီ သုံးစွဲသူ၏ မှတ်ပုံတင်မူရင်းနှင့် ကိုယ်ရေးအချက်အလက် ပြည့်စုံမှန်ကန်စွာထည့်သွင်း၍ တရားဝင်မှတ်ပုံတင်ပြီးသား ဆင်းကတ် များသာ ရောင်းချရန်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ(၇၂)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မကွေး)

မကွေးမြို့၊ ကန်သာစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေး

          မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သာယာလှပသန့်ရှင်းစေရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေးCampaign အား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ် မသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျော ဖက်များ အစားထိုးသုံးစွဲစေရေး စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော် မတီဝင်များပူးပေါင်းဆောင်ရွက်လျှက်ရှိရာ (၇.၄.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ ကန်သာစျေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များ၌ စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့် မှိုတက်နေသောကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသောကုန်စည်များ ရောင်းချမှုမရှိစေရေးနှင့် စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ် အသား ဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မကွေး)

ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက် ဆုံးရှုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုခြင်း ကျင်းပ

           ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၁.၄.၂၀၂၅)ရက်နေ့၌ မြေ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ခန့်ငြိမ်သက်အလေးပြုခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် မြို့နယ်အဆင့်ရှိဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့ကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁.၃.၂၀၂၅ ရက်နေ့မှ ၆.၄.၂၀၂၅ ရက် နေ့အထိ (၇)ရက်အား နိုင်ငံတော်မှကြေညာခဲ့ပြီး နိုင်ငံတော်အလံကိုလည်း တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားရန် ညွှန်ကြားထားခဲ့ပါသည်။ ထို့ကြောင့် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းပါဝင်၍ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင်  တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၃.၅.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ‌‌ဒေါ်သီတာ(ကုန်စုံဆိုင်)သို့သွားရောက်၍စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  SPEED အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင် ဒေါ်သီတာအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် “ပို့ကုန်နှစ်ဆ တိုးမြှင့်ရေး (ပဲမျိုးစုံကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေး၊ အသိပညာ‌ပေး လုပ်ငန်းများအပြင် ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ အထွက်တိုးရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းပြည်ပတွင် ဈေးကွက်ရရှိရေး လုပ်ဆောင်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ပို့ကုန်နှစ်ဆတိုးမြှင့်ရေး (ပဲမျိုးစုံကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိသဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့် ရေးအတွက် ပဲမျိုးစုံကဏ္ဍတိုးမြှင့်ရေးကို ရည်ရွယ်၍ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၊ ပဲမျိုးစုံ ရောင်းချတင်ပို့လျက်ရှိသော လုပ်ငန်းရှင်များ၊ ပဲကုန်သည်များနှင့် ပူးပေါင်း၍ “ပို့ကုန်နှစ်ဆ တိုးမြှင့်ရေး (ပဲမျိုးစုံကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အကြောင်း အသိပညာပေး Talk Show ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ် တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အကြောင်း အသိပညာပေး Talk Show ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဆွေးနွေးရာတွင် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး တွင် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်အတူ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး အချက် (၈)ချက် အကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူပြည်သူများကို အကာအကွယ်ပေးထားပုံ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ၏တာဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက် တွင်ရှိသော စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၃.၅.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် အတွင်းရှိ လက်လီ ဖြန့်ဖြူးရောင်းချသော ဦးမောင်လေး (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် SUNDAY အမှတ်တံဆိပ်ပါ လက်ဖက်ရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်ဦးမောင်လေးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ညောင်လေးပင်မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စား သုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်လေးပင်ခရိုင် တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူးဦးရဲမင်းထွဋ်၊ စစ်ဆေးရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ အငယ်တန်းစာရေး များဖြစ်ကြသော ဒေါ်ဝါဝါအောင်နှင့် ဦးနေမျိုးဝင်းတို့သည် မိတ်ဖက်ဌာနအဖွဲ့အစည်းများနှင့်အတူ ညောင်လေးပင်မြို့မဈေး အတွင်းရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင်   ညောင်လေးပင်ခရိုင်တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူး ဦး ရဲမင်းထွဋ်၊ စစ်ဆေးရေးမှူး ဒေါ်ကြည်ကြည်ထွန်း၊ အငယ်တန်းစာရေးများ ဖြစ်ကြသော ဒေါ်ဝါဝါအောငနှင့် ဦးနေမျိုးဝင်း၊ မိတ်ဖက်ဌာနများဖြစ်သော ညောင်လေးပင်မြို့မဈေး တာဝန်ခံ တို့ နှင့်အတူ ညောင်လေးပင်မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား စစ်ဆေးခဲ့ပါ သည်။ ထိုကဲ့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကော်ဖီထုပ် များ၊ ငရုတ်သီးထုပ်များ၊ အချိုမှုန့်ထုပ်များ၊ ဟင်းခတ်အမွှေးအကြိုင်ထုပ်များတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ ပစ္စည်းများ ပြတ်လပ်ခြင်း ရှိ/မရှိ နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရန် အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်တွင် တပိုင်တနိုင် ငါးမုန့်ခြောက်များ ထုတ်လုပ်

          နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် နွယ်ချို(၁) ရပ်ကွက်၊ လမ်း(၂၀)တွင် တပိုင်တနိုင် ငါးမုန့်ခြောက်လုပ်ငန်း  လုပ်ကိုင်ဆောင်ရွက်နေသော ဒေါ်မျိုးမျိုး မုန့်ခြောက်လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်းတည်မြို့နယ်တာဝန်ခံရုံး ၊ ဝန်ထမ်းများက မုန့်ခြောက်ထုတ်လုပ် နေမှု အားသွားရောက်မေးမြန်းခဲ့ပါသည်။

          ငါးမုန့် ခြောက်ပြုလုပ်ရာတွင် ပါဝင် ပစ္စည်းများအနေဖြင့် ကော်မှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲမှုန့်၊ ဆားတို့ပါဝင်ကြောင်းသိရပါသည်။ ထိုနောက် ပါဝင်ပစ္စည်းများကို အချိုးကျပေါင်းစပ်ပြီး သမအောင် မွှေပေးရပါသည်။ ရရှိလာသောမုန့်နှစ်များအား မီးဖြင့်ပေါင်း၍  အပြားချပ်လေးများပြု  လုပ်ကာ နေလှမ်းပေးရကြောင်းသိရပါသည်။  ကော်မှုန့်တစ်အိတ်ပြုလုပ်လျင် ငါးမုန့် (၂၅)ပိဿာခန့်  ရရှိပြီး၊ ကုန်ကျစရိတ်အနေဖြင့် အလုပ်အသမားခအပါအဝင် (၁၄၄၀၀၀)ကျပ်ကုန်ကျပြီး၊ တစ်ပိဿာလျင် (၈၀၀၀)ကျပ်နှုန်း ဒေသတွင်းမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချရပါကြောင်း၊ အကျိုး အမြတ်အားဖြင့် (၅၆၀၀၀)ကျပ် ရရှိကြောင်းလုပ်ငန်းရှင်ထံမှသိရပါသည်။

DOCA(ပဲခူး)

ချောက်မြို့မစျေး၌ ဆန်ရောနှောရောင်းချမှုရှိ/မရှိနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် ချောက်မြို့မစျေး၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချသောဆန်များ၌ ရောနှော ရောင်းချမှု ရှိ/မရှိနှင့် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်းရောင်းချမှုရှိ/မရှိ၊ အလေး ချိန်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ချောက်မြို့မစျေးရှိ စားအုန်းဆီ အရောင်းဆိုင်များနှင့် ဆန်အရောင်းဆိုင်များတွင် ဆန်ရောနှောရောင်းချမှုရှိ/မရှိနှင့် စားအုန်းဆီများ သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်း ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့တို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ