Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ် ဖြိုးသန်းကျော်ဆန်စက်လုပ်ငန်းသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကန်သာယာလမ်းရှိ ဖြိုးသန်းကျော်ဆန်စက် လုပ်ငန်းရှင် ဦးရှုမောင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပ များသို့ ဆန်များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်ဦးစီးမှူးမှ ဟင်္သာတမြို့ပေါ်ရှိ ဆီကြိတ်ခွဲမှုရှိသောဆီစက်များမှ ဆီများအား စားသုံးသူများ အသုံးပြုရန်သင့်/မသင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၀.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဟင်္သာတမြို့အတွင်းရှိ ဆီကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသောဆီစက်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဆီစက်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ “တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ ကြိတ်ခွဲထုတ်လုပ်သောကုန်ကြမ်းများ ရယူသော နေရာ၊ဒေသများနှင့် နဝလီ ကြိတ်ခွဲခြင်း သို့မဟုတ် မိမိကိုယ်ပိုင်ရောင်းချရန် ကြိတ်ခွဲခြင်း” များကို အသေးစိတ်မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ ဆီစက်ပိုင်ရှင်များအား “မိမိတို့ကြိတ်ခွဲထုတ်လုပ်ရောင်းချ သော ဆီများသည် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲ ထုတ်လုပ်ရန်၊ စားသုံးသူများအသုံးပြုရန်သင့်တော်သောဆီများကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များပြည့်စုံပါရှိအောင် ဆောင်ရွက်ထားရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်း ချရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၀.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေမိုးဆန်ဆိုင်တွင်ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း တာ ဝန်များအကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်စည်၏အရည်အသွေးအပြင် ရောင်းသူဝယ်သူ ယုံကြည်မှု တည်ဆောင်နိုင်ရေးသည် အရေးကြီးကြောင်း၊အရည်အသွေး၊ အရေအတွက်အပြင် ငွေပေး ချေမှု ကတိကဝတ်များမှန်ကန်စေရေးမှာလည်း အရေးကြီးကြောင်း၊ ကုန်စည်အရောင်းအဝယ် ပြုလုပ် ရာတွင် ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှ လည်း သိလိုသည်များ မေးမြန်းကာ  အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ အဖွဲ့နှင့်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၅.၂၀၂၅)ရက် နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေး အတွင်းရှိ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ ခွဲတမ်းရရှိသောဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင် များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့် အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများ ထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ ရှိရပြီး၊ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မေလ(၁၀) ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ လမ်းမတော်လမ်း၊ ရွာသစ်ရပ်ကွက်နှင့် တလိုင်းစုကျေးရွာရှိ ဘိလပ်မြေအရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

     ထိုသို့စစ်ဆေးရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသည် စက်ရုံမှ တိုက် ရိုက်ဝယ်ယူ‌ရောင်းချလျက်ရှိပြီး၊ ယခုအခါ  စက်ရုံများမှ စက်ပစ္စည်းများချို့ယွင်းပျက်စီးမှုကြောင့် ဝယ်ယူ ၍မရကြောင်း၊ လက်ကျန်အနည်းငယ်မျှသာ ကျန်ရှိပြီး မြန်အောင်မြို့နယ်မှ  တစ်ဆင့်ဝယ်ယူ၍ ပြန် လည်ရောင်းချလျက်ရှိကြောင်း၊အချို့သောဆိုင်များတွင်  ဘိလပ်မြေပစ္စည်းများပြတ်လပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မေလ(၁၀) ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ လမ်းမတော်လမ်း၊ ရွာသစ်ရပ်ကွက်နှင့် တလိုင်းစုကျေးရွာရှိ ဘိလပ်မြေအရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

     ထိုသို့စစ်ဆေးရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသည် စက်ရုံမှ တိုက် ရိုက်ဝယ်ယူ‌ရောင်းချလျက်ရှိပြီး၊ ယခုအခါ  စက်ရုံများမှ စက်ပစ္စည်းများချို့ယွင်းပျက်စီးမှုကြောင့် ဝယ်ယူ ၍မရကြောင်း၊ လက်ကျန်အနည်းငယ်မျှသာ ကျန်ရှိပြီး မြန်အောင်မြို့နယ်မှ  တစ်ဆင့်ဝယ်ယူ၍ ပြန် လည်ရောင်းချလျက်ရှိကြောင်း၊အချို့သောဆိုင်များတွင်  ဘိလပ်မြေပစ္စည်းများပြတ်လပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် သောက်‌ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၀.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင် များတွင် ရောင်းချသော သောက်ရေသန့်အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေသန့်ဘူး ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာ ဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်ပွဲရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

        ၁၂.၅.၂၀၂၅ ရက်နေ့ (၁၀:၀၀) နာရီအချိန် အလုံမြို့နယ်၊ အလုံဈေးနှင့် ကွင်းကျောင်းလမ်း ရှိ  ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိ လစဉ်လချုပ်စာရင်းများတင်ပြမှုရှိ/မရှိတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးသီဟစိုးနှင့်အဖွဲ့၊  အလုံမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ယိုဆီယ၊ အလုံမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးသိန်းဇော်နှင့်အဖွဲ့၊ အလုံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန မှ ဦးဝင်းဆင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်တင်တင်ရီ နှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မေလ(၁၀) ရက်၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်အသင်း အဖွဲ့ဝင် ဦးသန်းလွင်နှင့်တွေ့ဆုံ၍ လက်ရှိအသင်းအဖွဲ့၏ ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် အခြေအနေများ ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဇလွန်မြို့နယ်အနေဖြင့် နွေစပါးများထွက်ရှိချိန်ဖြစ်၍  ဝယ်ယူကြိတ်ခွဲကာ ရန်ကုန်ဆန်ဈေးနှုန်းပေါ် မူတည်၍ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသထွက် ဆန်များဈေးနှုန်းသက် သာစွာ ဝယ်ယူနိုင်ရေး အဓိက ဆောင်ရွက်လျက်ရှိပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ၊ လက်လုပ်လက်စားပြည်သူများအားဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စက်အသင်း တာဝန်ရှိသူများမှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့် စပါးများကို တောင်သူများလက်ဝယ် လုံလုံလောက်လောက်ရရှိမှသာ စပါးပိုမိုအထွက်တိုးကာ တောင်သူများအဆင်ပြေမှာ ဖြစ်ကြောင်း စသည့်တို့ကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ မေလ၊ ၁၃ ရက်နေ့၊နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်‌ ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ် ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေစျေးနှုန်း၊ စျေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ် မှန်ကန်စေရေးအတွက် စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊နှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ