Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီလက်လီကိုယ်စားလှယ် ဒေါ်စန္ဒာဉီး စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

    (၁၂.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံး၊ မြို့နယ်တာဝန်ခံ ဉီးဇော်မျိုးထွန်း၊ ဉီးစီးမှူးပါ(၂)ဉီးတို့သည် တပ်ကြီးကုန်းကျေးရွာရှိ စားအုန်းဆီလက်လီကိုယ်စားလှယ် ဒေါ်စန္ဒာဉီး ၏ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးခဲ့ရာ စားအုန်းဆီလက်လီကိုယ်စားလှယ် ဒေါ်စန္ဒာဉီးမှ မိမိတို့ရရှိသော ခွဲတမ်းများအား စာအုပ်စနစ်ဖြင့် ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုတွင် (၅၀)ကျပ်သားနှုန်း ဖြင့် ရောင်းချပေးပါကြောင်း၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးပြီး တစ်နေ့စာ တစ်နေ့ကုန်အောင် ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ရက်ကျော်လွန် လျှင်လည်းပြန်လည် ရောင်းချပေးပါကြောင်း သိရှိရပြီး မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်း ရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၁၀.၅.၂၀၂၅)ရက်နေ့ နံနက်(၈:၀0)နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဗိုလ်မှူးသိန်းဇော်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် စိုင်းမင်းကျော်၊ မြို့နယ်စည်ပင်လ/ထအုပ်ချုပ်ရေးမှူး ဉီးကိုကိုအောင်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူး ဒေါ်နီလာဉီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုမီးသတ်ဉီးစီးမှူး ဉီးသက်ပိုင်စိုး၊ မြန်မာနိုင်ငံစားအုန်းဆီလုပ်ငန်းရှင်များအသင်းမှ ဉီးဇော်ကိုကိုပါ(၃)ဉီးတို့ ပူးပေါင်းပါဝင်လျက် အမှတ်(၉)ရပ်ကွက်ရှိ စားအုန်းဆီဆိုင်(၃)ဆိုင်၊ အမှတ်(၁၀)ရပ်ကွက်ရှိ စားအုန်းဆီဆိုင် (၃)ဆိုင်တို့တွင် စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သား နှုန်းဖြင့် တစ်လလျှင် (၄)ကြိမ်ပေးပါ ကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် (၂%)သာ ထပ်ဆောင်းရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြံခင်းမြို့နယ်အတွင်းရှိကြက်ဥ/ဘဲဥအရောင်းဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာ များနှင့် ပူးပေါင်း၍(၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် မြို့မဈေးအတွင်းရှိ ကြက်ဥ၊ဘဲဥ လက်လီ/လက္ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြန်အောင်မြို့နယ်အတွင်း ရောင်းချနေသော ကြက်ဥ၊ဘဲဥများ ကို ဒေသတွင်းခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး ယခုအချိန်တွင် အပူချိန်မြင့်မားခြင်းကြောင့် ဥ ဥနှုန်းကျဆင်းလာသည့်အတွက် ပြည်မြို့၊ ဥသျှစ်ပင်မြို့များမှ မှာယူရောင်းချကြပြီး၊ ကုန်‌ရောက် ငွေချေ စနစ်ဖြင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေး သယ်ယူခနှုန်းထားများကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသော်လည်း  အရောင်းဆိုင်များအနေဖြင့် တစ်လုံးလျှင် ၂၀ ကျပ် ခန့် သာ အမြတ်တင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၃၀)နာရီ အချိန်တွင် ဟင်္သာတမြို့၊ လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ A-13 ရုံးခန်း၌  ကုန်မျိုးစုံအရောင်း ဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့ဟောပြောရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဈေးကွက်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ တွဲလျက်ဖော်ပြထားမှုသော ကုန်စည်များ၊ ကုန်စည်အမှတ်တံဆိပ်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေး ချက်များ ဖော်ပြထားသောကုန်စည်များ၊ သက်ဆိုင်ရာအစိုးရဌာနများက သတ်မှတ်ထားသော အချက် အလက်များ၊ ‌ထောက်ခံချက်များပါရှိသော ကုန်စည်များကိုသာ ရောင်းချစေရေး၊ Online စနစ်ဖြင့် ရောင်းချနေသော အလှကုန်နှင့်လူသုံးကုန်၊ အဝတ်အထည်အ‌ရောင်းဆိုင်များအနေဖြင့် အွန်လိုင်းမှတ်ပုံ တင် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး၊  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ အသိပညာ ပေးခြင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၉.၅.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန် ထားသည့် ဈေးနှုန်း အပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန် ဈေးနှုန်းထက်ကျော်လွန်ရောင်းချမှုမရှိကြောင်း၊  ဈေးကွက်အတွင်းရောင်းချနေသော ဆန်အမျိုး အစား အလိုက် ဆန်ဈေးနှုန်းများမှာသတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊ မသမာသောနည်းလမ်းဖြင့် ဆန်ကြမ်းများ၊ ဆန်ကွဲများရောနှောရောင်းချ ခြင်းမရှိ ကြောင်း စိစစ်တွေ့ရှိရပြီး၊ ဆန်ဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ မေလ (၉)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား  စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မိမိတို့ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Onlineမှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊   စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကို လည်ကောင်း၊ စားသုံးသူ ရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကိုဆွေးနွေးခဲ့ပြီး၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စုရှိ မူကြိုကျောင်း၌ ပြည်သူ(၅၅)ဦး အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ် ဝယ်ယူတတ် စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ခုနှစ်၊ မေလ(၉)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရာများကိုလည်း နားလည်သိရှိနိုင်စေရန် တွေ့ဆုံဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင်  အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျှော်မှန်း ချက်၊ ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယခုလိုအိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရခြင်းမှာ ဈေးကွက်အတွင်းရောင်းးချလျက်ရှိသော ဘိလပ်မြေဈေးနှုန်း များ မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ထုတ် လုပ်သူနှင့် ဖြန့်ဖြူးသူတို့၏ မမှန်မကန်လုပ်ဆောင်မှုများမှကာကွယ်ရန်၊  ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုများနှင့် စပ်လျဉ်း၍ အရည်အသွေး၊ အဆင့်အတန်း မပြည့်မီခြင်းမှ ကာကွယ်နိုင်ရန်အတွက် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ စောင့်ထိန်း ရမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့မစည်ပင်သာယာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၁:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေး အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများကို သတ် မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချလျက်ရှိပြီး၊ခွဲတမ်းရကုန်စုံဆိုင်များအနေဖြင့်အဆင့်အလိုက်(၂)%အမြတ် ထက် ကျော်လွန်၍ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး၊ ရောင်းချမှုလက်ခံ ဘောက်ချာ များထားရှိခြင်း၊ သတ်မှတ် ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိ ခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  စားအုန်းဆီ အရောင်းဆိုင် (၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လည် (၁၄:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ဈေးကလေးလမ်း၊တာငါးဆယ်မြောက်ရပ်ကွက်ရှိ စားသုံးသူရေး ရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘိလပ်မြေ အရောင်းဆိုင်လုပ်ငန်းရှင်(၁၆)ဦးနှင့် တွေ့ဆုံ၍  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး၊  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေအိတ်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ‌ရောင်းချနိုင်ရေး၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ ဆက်လက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မြို့နယ်တာဝန်ခံမှ လက်ရှိ စစ်ဆေးဆောင်ရွက် ခဲ့သည့်အခြေအနေများအား ရှင်းလင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး  ဦးမောင်မောင် မြတ်ခိုင်မှ လုပ်ငန်းရှင်များ ဝန်ခံကတိလက်မှတ်ရေးထိုးရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရခြင်းအကြောင်း၊ လုပ်ငန်း ရှင်များမှလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှ ဝန်ခံကတိ လက်မှတ် ရေးထိုးကာ နေ့လည် (၁၅:၃၀)အချိန်တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ