Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်အတွင်းရှိဈေးကွက်တွင်ရောင်းချနေသောထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းစာရင်းကောက်ယူခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းအခြေအနေ စာရင်းကောက်ယူခြင်းအား၊ စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူရာတွင် မြို့မဈေးအတွင်း/အပြင်ရှိ စားသောက် ကုန်ရောင်းချသော ရွှေငါး(မုန့်ဆိုင်)၊ ချမ်းသာပါစေ(မုန့်ဆိုင်)၊ ဦးစောပြန်(မုန့်ဆိုင်)နှင့် ဒေါ်ရွှေနှင်း မှုန်ဝင်း(မုန့်ဆိုင်)ရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများ ယခင်အပတ်ဈေး၊ ယခုအပတ်ဈေး နှုန်းများ စာရင်းကောက်ယူခြင်း၊ လူသုံးကုန်ပစ္စည်းများ ရောင်းချသော မစန္ဒာ (အလှကုန်)ဆိုင်၊ မရီရီထွေး (အလှကုန်ဆိုင်)နှင့် အချိုရည်အမျိုးမျိုးရောင်းချသော ဒေါ်ခင်ခင်မြင့်ဆိုင်၊ ဦးဝင်း အောင်ကျော်ဆိုင်များတွင် ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ အချိုရည်များ၏ ယခင်အပတ် နှင့် ယခုအပတ်ဈေးနှုန်း ကွာခြားမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးစာရင်း ကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                   

“ ခရမ်းမြို့နယ်၊လက်ပန်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင်ကျောင်းမုန့် ဈေးတန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကျောင်းနေအရွယ်ကလေးငယ်များအား အန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချ ရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေးနှင့် ထိခိုက်နစ်နာမှုများ မဖြစ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျှက်ရှိသော အစားအစာများအား စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လက်ပန်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမုန့်ဈေးတန်းတွင်  စက်တင်ဘာလ (၃)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမျက်ချယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ် ထက်တို့ပူးပေါင်း အဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျှက်ရှိသော အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများ ဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အား ဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဈေးဆိုင်ပိုင်ရှင် များအား ကလေးငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကလေးကစားစရာများကို ရောင်းချမှု မပြုလုပ်ကြရန်နှင့် အသီးအနှံနှင့် အသုပ်စုံများ ရောင်းချရာတွင်လည်း ယင်နားမှု မရှိစေရေးအတွက် လုံခြုံစွာ ဖုံးအုပ်ပြီး ရောင်းချကြရန်၊ အမှည့်လွန်နေသော သစ်သီးများအား ရောင်းချမှု မပြုလုပ်ကြရန်တို့အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                    

 

“ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားအရောင်းကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်များမှ စားအုန်းဆီများ လက်လီလက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခရမ်းမြို့နယ်၏ ဆီထုတ်ကိုယ်စားလှယ် ဦးရဲဝင်းကျော်၊ ဦးရဲထွန်းတို့၏ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်း ချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ယူပြီး ဒေသအရောက် အရင်းဈေး ၂%အမြတ်၊ ဒေသ အတွင်း သယ်ယူစရိတ် ခေါက်တို၊ ခေါက်ရှည်နှုန်းထားများပါဝင်ပြီး လက်ကားဖြန့်ဖြူးဈေး၊ လက်လီဖြန့်ဖြူးဈေးများအား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချကြရန်နှင့် စားအုန်းဆီများ ဖြန့်ဖြူးရာတွင် လက်ကားလက်လီစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်မှန်ဖြင့် မှန်(၆)မှန်တိုင်း အလေးထား ဖြန့်ဖြူးရောင်းချကြရန် မသမာမှုများ ပြုလုပ်ပြီး ဈေးကစားရန် ရည်ရွယ်၍ ဆီများသိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင် ခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                     

“ ခရမ်းမြို့နယ်လက်ပန်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း”

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များ ကိုသိရှိလေ့လာနိုင်ခွင့် ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း များကို စီမံချက်များ ရေးဆွဲ၍ လစဉ်ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၊ လက်ပန်တန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်းတွင် စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အသိ ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် လက်ပန်တန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမျက်ချယ်က အဖွင့်အမှာစကား ပြောကြာခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သဘာဝလေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်လမြတ်ထက်က တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအား အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာ ဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားရှိမှု ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအား အသိပညာပေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို မိမိတို့ ကိုယ်တိုင်ဖြစ်စေ၊ Onlineမှမှာယူ၍ဖြစ်စေ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များနှင့် နစ်နာဆုံးရှုံးမှုများ ရှိလာလျှင် တိုင်ကြားနိုင်သည့် အခွင့်အရေးများ ရှိသည့်အတွက် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အာမခံ ကဒ်များ ပြေစာ အထောက်အထားများ ရယူထားရှိဖို့ လိုအပ်ကြောင်းနှင့် စားသုံးသူနစ်နာမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ Call Center No. 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင် ပြီး စားသုံးသူနှင့် ပတ်သတ်၍ သိရှိလိုသွားသော အသိပညာဗဟုသုတများကို အခြားသူများအား ပြန်လည်မျှဝေပေးစေလိုပါကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                    

 

“ ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများဆောင်ရွက် ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ကို လစဉ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၃)ရက်နေ့၊ နေ့လည်(၁၄:၂၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.ထ.က တော်လန်ကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က တော်လန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှား မှုအခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်များ ဗလငါးတန်ပြည့်ဝစေရန် စာဖတ်ကြရန်လိုကြောင်း၊ ကျောင်း သင်ခန်းစာများအပြင် သုတ၊ ရသ၊ စာပေများကို လေ့လာဖတ်ရှု့ရန် လိုအပ်ကြောင်း၊ ယခုခေတ် တွင် AI နည်းပညာများ ခေတ်စားနေပြီဖြစ်၍ အမှား/အမှန်ခွဲခြား သိမြင်နိုင်ရန် စာများများဖတ်ရန် လိုအပ်ကြောင်း  ဟောပြောခြင်း၊ တိုင်းရင်းသားပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက ပတ်ဝန်းကျင်မှ အလေ့ကျပေါက်သောအပင်များတွင် ဆေးဖက်ဝင်သော အပင်များရှိကြောင်း၊ အိမ်တွင် အလွယ်တကူ ရနိုင်သော ကွမ်းရွက်များ၏ ဆေးဖက်ဝင်ပုံများ အကြောင်းတို့ကို ဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ အချက်အလက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှတစ် ဆင့်ဈေးဝယ်ယူခြင်းနှင့် ပတ်သတ်၍ သိကောင်းစရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ကြ သည်။

      အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲပြီးချိန်တွင် အ.ထ.က တော်လန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ Consumer Call Center No.1535 သို့ လက်တွေ့ ခေါ်ဆိုမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                    

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၄.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်း များဖြစ်သော သိန်းဦးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ် ကမ်းနှင့်၊ ဝါးတန်းဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်း ရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၉/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ၉/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ၁.၉.၂၀၂၅ တနင်္လာနေ့ နေ့လယ် (၁၅ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး များနှင့် အရာထမ်း ၊အမှုထမ်းများ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံခရိုင်များမှ ခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့် ညောင်ဦးခရိုင်ရုံးများမှ ခရိုင်တာဝန်ခံများနှင့် ဝန်ထမ်းများက Zoom ဖြင့်တက် ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်လွင်က အဖွင့်အမှာ စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ခရိုင်ရုံး များမှ ခရိုင်ဦးစီးမှူးများ ခရိုင်တာဝန်များက ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပြီး နိဂုံးချုပ်အနေဖြင့် သွားလာဆောင်ရွက်လုပ် ကိုင်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ အဆင်ပြေ စေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စစ်ဆေးရေးအရာရှိများအား ခန့်အပ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ၁-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ၃၃လမ်းနှင့် ၈၁x၈၂ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်ရှိ “FORTUNE International Group” အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအား စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းလွင် ဦးဆောင်သော စစ်ဆေးအရာရှိများနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် ယနေ့ခေတ်သည် ITခေတ် ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေ တာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီ အလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ ဆက်သွယ်ရေး (အင်တာနက်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိ ပေးရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးစေရန် အဓိက ထားစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးတိုင်းဒေသကြီးမှ ဩဂုတ်လတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ၂၁-၈-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်ရှိ HORIZON TELECOM International Co.,Ltd၊  FRONTIIR Co.,Ltd နှင့် Face 24 Co.,Ltd တို့အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ဖြူသဲနွယ် ဦးဆောင်သော စစ်ဆေးအရာရှိများနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ်တွင်အင်တာနက်သည်ပညာရေး၊စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက်အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေး ပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှု ဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်" ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာ(၃)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ကိုအခြေခံ၍စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင် မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေး ရန်နှင့် သတင်းအချက်အလက် ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ အေးမြသီတာဈေးတွင် ပြည်သူသက်သာဈေးရောင်းချပေးမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

        မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေး ရောင်းနေ့အား (၂၉-၈-၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၄၆၅/-ကျပ် ၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၃၀၀၀) ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက် သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ