Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောခြင်း

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၉ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အ မှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပါသည်။
            အဆိုပါဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင် က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူအင်အား ၁၂၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ရရှိပြီးသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ ၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ထားဝယ်မြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ရရှိပြီးသော လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဦးစီးအရာရှိဒေါ်အေးအေးလွင်က စီးပွားလုပ်ငန်းရှင်များ၏ တာဝန်များ ၊ အွန်လိုင်းမှ လိမ်လည်ရောင်းချမှုများ မဖြစ်စေရေးနှင့် မှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးနိုင်‌ရေးကိစ္စများ ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များကလည်း အပြန်အလှန်ဆွေး‌နွေးခြင်းများ ပြုလုပ်ခဲ့ပါ သည်။

DOCA(တနင်္သာရီ)

မလိငါးပိ ရေထွက်ကုန်ပစ္စည်းရောင်းချနေသောလုပ်ငန်းအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ ၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မလိငါးပိ ရေထွက်ကုန်ပစ္စည်း‌ရောင်းချနေသည့် လုပ်ငန်းအား ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  ကုန်ညွှန်းအမှတ်အသားများအကြောင်း ဆွေး နွေးခြင်း၊ ရေထွက်ကုန်ပစ္စည်းထားရှိရာနေရာများ သန့်ရှင်း သန့်ရပ်မှုရှိ/မရှိကြည့်ရှုစစ်ဆေးခြင်းနှင့် စီးပွားလုပ်ငန်းရှင်၏တာဝန်များအကြောင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

(အ.ထ.က)(ခွဲ)ညောင်အိုင်ကျောင်းရှိ ဆရာ/မနှင့် ကျောင်းသား/သူများအား   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်း ဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာတာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင်ကန့်ဘလူမြို့(အ.ထ.က)(ခွဲ)ညောင်အိုင်ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

      အဆိုပါဟောပြောပွဲတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြား နိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ Online မှတဆင့် ကုန်စည်များဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့်အချက်များကိုဟောပြောဆွေးနွေးခဲ့ကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့် တာဝန်များကို ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA (စစ်ကိုင်း)      

                                                                            

တနင်္သာရီတိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ရုံး၊စီးပွား‌ရေးရာဝန်ကြီးရုံးခန်း၌ မြိတ်ခရိုင်ဦးစီးမှူးရုံးပြင်ဆင်ခြင်း တင်ဒါဖွင့်ဖောက်ပွဲပြုလုပ်

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၈ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီ တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ မြိတ်ခရိုင်ဦးစီးမှူးရုံးပြင်ဆင်ခြင်း တင်ဒါဖွင့်ဖောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

          ထိုအခမ်းအနားတွင် စီးပွားရေးရာဝန်ကြီးမှ သတ်မှတ်အချိန်အတွင်း ပြီးစီး‌ရေးလမ်းညွှန်မှာကြားခဲ့ပြီး တိုင်း‌ဒေသကြီးဦးစီးမှူးဦးစိုးဦးမှ တင်ဒါစည်းမျဥ်းစည်းကမ်းများအား ဖတ်ပြကာ တင်ဒါခေါ်ယူရေးအခမ်းအနားပြုလုပ်ပြီးနောက်  နံနက် ၁၂း၀၀ နာရီအချိန်တွင်  အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိကုန်စုံဆိုင်နှင့် အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့ ၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် အလှကုန်ဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါ သည်။

    အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူသူပြည်သူများ‌ဘေးအန္တရာယ်ကင်း ရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအား သက်တမ်းကုန်လွန်ခြင်းများရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖြစ်စေ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စာသင်ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့ (အ.ထ.က)(ခွဲ)ညောင်အိုင်ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍  ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/မများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့်မုန့်မျိုးစုံတွင်ကုန်အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ စသည်တို့ကိုရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)         

တနင်္သာရီတိုင်း‌‌ဒေသကြီးဦးစီးမှူးမှမြိတ်ခရိုင်ဦးစီးမှူးရုံးပြင်ဆင်ရန်အတွက် တင်ဒါဖွင့်ဖောက်ပွဲပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ စီးပွားရေးရာဝန်ကြီးနှင့် သွားရောက်တွေ့ဆုံ

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၇ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီ တွင် တနင်္သာရီတိုင်းဒေသ ကြီးဦးစီးမှူးမှ မြိတ်ခရိုင်ဦးစီးမှူးရုံးပြင်ဆင်ရန်အတွက် တင်ဒါဖွင့်ဖောက်ပွဲပြုလုပ်ရန်ကိစ္စနှင့် ပတ် သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး  တင် ဒါခေါ်ယူရေးကိစ္စများနှင့် စပ်လျဥ်း၍  လမ်းညွှန်မှုများခံယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ MV အောင်တက်တိုးရေယာဉ်ဖြင့် ဆန်အိတ်များရောက်ရှိလာ

      မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ရန်ကုန် နှင့် ဧရာဝတီတိုင်းတို့မှမှာယူလျက်ရှိပြီး (၂၉.၁၀.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ MV အောင်တက်တိုးရေယာဉ်ဖြင့် သယ်ဆောင်လာသောဆန်တန် (၃၂၀)၊ အိတ်ရေ (၆၄၀၀)တို့သည် (၂.၁၀.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့်  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

နိုင်ငံ့ဝန်ထမ်းများကို စားအုန်းဆီရောင်းချပေးနေသည့် လက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်အား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့ အား မှန်ကန်ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အ မြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)       

                                               

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ