Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                 ၁၃.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များရှိ မြို့မဈေးအတွင်း (၁၀)ဂရမ်နှင့် အထက် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

                 အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအားစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀)ဂရမ်နှင့်အထက်အား ကွင်းဆင်းစစ်ဆေးခြင်း

               ၁၃.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ သန့်စင်စတိုးသို့ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့် အထက်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုး၌ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်း(၁၀)ဂရမ်နှင့် အထက်စစ်ဆေးခဲ့သည့် ကုန်ပစ္စည်းများမှာ HERALLINES၊ BELLA၊ CUTE PRESS၊ Misting၊ IODERN၊ Anytime၊ Blue Lady၊ ရွှေပြည်နန်း၊ တောင်ကြီးမောက်မယ်တို့တွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းဖြင့်  Super Market, Mini Mart, Grocery  တို့တွင်  Consumer Packaging ပြုလုပ်ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်၊၊

              ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာမှာ ၁၄.၁၁.၂၀၂၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ် Capital Supermarket နှင့် သင်္ဃန်းကျွန်းမြို့နယ် Junction(ဇဝန)တို့ရှိ အရောင်းစင်တာများရှိ ဆန်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး၊ တာဝန်ရှိသူအား စားသုံးသူပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာရောင်းချပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်ရပ်ကွက်များရှိအလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

               ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိရပ်ကွက်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းခဲ့ကြောင်းသိရသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့်စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံတို့သည် စားသုံးသူပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်သူသုံးစွဲရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဒလမြို့နယ်ရပ်ကွက်များရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသည့်ကုန်စုံဆိုင်များအား အလှကုန်ပစ္စည်းအမျိုးမျိုးတို့၌ သက်ဆိုင်ရာဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ခွင့်ပြုချက်ပါရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော,ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်ရပ်ကွက်များရှိအလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိရပ်ကွက်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ နိုဝင်ဘာလ (၁၃) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းခဲ့ကြောင်းသိရသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံတို့သည် စားသုံးသူပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်သူသုံးစွဲရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် တွံတေးမြို့နယ်ရပ်ကွက်များရှိ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် ကုန်စုံဆိုင်များအား အလှကုန်ပစ္စည်းအမျိုးမျိုးတို့၌ သက်ဆိုင်ရာဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်ပါရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင် အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်ခြင်း”

               ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ် (၁၁း၃၀) အချိန်တွင် အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

                  အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်ဆွေတို့သည် အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်နေမှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့သည်ဟုသိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးသူငယ်များ အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေ အောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့ အတွက် (၁၄.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ် ကျီကုန်းစံပြကျေးရွာရှိ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီကိုမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံက စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခုပါဝင်ပြဌာန်းထားကြောင်း၊ စားသုံးသူများအနေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြား နိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No. 1535 အား ဖွင့်လှစ်ထားရှိကြောင်း ၊  ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၈၄)ဦး၊ စုစုပေါင်း (၁၉၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

“ ကွမ်းခြံကုန်းမြို့နယ်၌ ဈေးကွက် အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း "

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ညွှန်ကြားချက်အရ ဦးစားပေးကုန်စည်(၁၀)မျိုးတို့တွင် နိုဝင်ဘာလအတွင်းစစ်ဆေးရမည့် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများအား စစ်ဆေးနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

                ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များဖြစ်သည့် “နှင်းဆီမ”အလှကုန်ဆိုင်၊ “ဒေါ်ငြိမ်းငြိမ်းဆု”အလှကုန်ဆိုင်နှင့် “နွေးနွေး” အလှကုန်ဆိုင်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် Pond’sအမှတ်တံဆိပ် မျက်နှာလိမ်းခရမ်အမျိုးမျိုး၊ Bella အမှတ်တံဆိပ် မျက်နှာလိမ်းခရမ်များနှင့် တောင်ကြီးမောက်မယ်အမှတ်တံဆိပ် သနပ်ခါးဗူးများ၊ All Sweet အမှတ်တံဆိပ် ကိုယ်လိမ်းပေါင်ဒါဗူးများကို အများအားဖြင့်တွေ့ရှိရပြီး ၎င်းအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံက ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား အလှကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အလှကုန်ပစ္စည်းများကိုသာရောင်းချကြရန် ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် အွန်လိုင်းရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားဆွေးနွေးခြင်းကို (၁၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာရှိ စားသုံးသူပြည်သူများအား အင်းကောင်းကျေးရွာ စာသင်ကျောင်းရုံးခန်းတွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

          အဆိုပါ  ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းကို  အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်အကြောင်း ၊ ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းကို အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ် လုပ်ကိုင်နေသူ မည်သူမဆို မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကိုဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အွန်လိုင်း(Online) မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂)မျိုးရှိပြီး အမျိုးအစား(၁)ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ အမျိုးအစာ(၂)မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ လိုအပ်သည့်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက်တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့် ပြင်ဆင်ကြေးများအကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီး ရောင်းချနေသူများအတွက် ရရှိနိုင်မည့်အခွင့်အရေးများအကြောင်းတို့ကို စားသုံးသူပြည်သူ စုစုပေါင်း(၁၁)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သိလိုသည်များ မေးမြန်း ခြင်းကို ပြည်လည်ဖြေကြားပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသည့် (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။      

DOCA(စစ်ကိုင်း)

“ ခရမ်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း "

                ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

               အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူသားတို့ဘဝတွင် လူငယ်ဘဝသည်အရေးကြီးဆုံးဖြစ်၍ လူငယ်ဘဝကတည်းက နိုင်ငံကိုချစ်မြတ်နိုးစိတ်၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးစွာနေထိုင်လိုစိတ်တို့ရှိနေရမည်ဖြစ်ကြောင်း အထူးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်များလွှမ်းခြုံထားရမှာဖြစ်ပြီး ပြည်စုထောင်စုစိတ်ဓာတ်ရှိသည့် လူငယ်မောင်မယ်များသည် လူကြီးအရွယ်ရောက်သည့်အခါ နိုင်ငံတော်၏အနာဂတ်ကို လှပအောင်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးကနိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များပေါများခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်လျှက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမှီ သတိပြုရမည့်အချက်များအား အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနကလည်း အားကစားကဏ္ဍမြင့်မားတိုးတက်စေရေးအား နိုင်ငံတော်အနေဖြင့် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အခြေခံပညာကျောင်းများတွင် အားကစားထူးချွန်သူများပေါ်ထွန်းလာရေးကိုရည်ရွယ်လျှက် အားကစားကွင်းများအား အဆင့်မြင့်မြင့်တည်ဆောက်ပေးလျက်ရှိကြောင်း မည့်သည့်ဘာသာရပ်မဆို ထူးချွန်တတ်ကျွမ်းထားလျှင် အသက်မွေးဝမ်းကြောင်းအတွက် ခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ