Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်း ကောင်း၊ အိမ်ဆောက်ပစ္စည်းများ၏လက်ကျန် အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်း စိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ယခုပတ်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်မြို့တွင်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စားသုံးသူများ အသုံးပြုနိုင်ရေးအတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အပတ်စဉ်၊ လစဉ် ဆောင်ရွက်လျက်ရှိရာ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်း နှင့် ဝန်ထမ်းများသည် မိတ်ဖက် ဌာနဆိုင်ရာများ ဖြစ်ကြသည့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိမွေးကု၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးမှ တာဝန်ရှိသူများနှင့်အတူ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ဝက်ထီးကန်မြို့ပေါ်ရှိ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေးနှင့် ရောင်းချမှု မရှိစေရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ပဲခူး)

မြိတ်မြို့သို့ ဆန်လှေရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်း၊ မြိတ်မြို့သို့ ဧရာဝတီတိုင်းမှ ဆန်များဝယ်ယူလျက်ရှိရာ (၂၅.၁၀.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ MV စန္ဒီ()ရေယာဉ်ဖြင့် ဆန်တန် (၃၆၀) အိတ်ရေ (၇၂၀၀)တို့ဝယ်ယူ၍ သယ်ဆောင်လာခဲ့ရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၃၁) ရက်နေ့တွင် မြိတ်မြို့ရောက်ရှိလာသဖြင့် မြိတ်ခရိုင်ရှိ စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင်မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်မြိတ်ခရိုင်အကောက် ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စား လှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(L.M.M)မှ ခွဲတမ်းရစားသုံးဆီ(၄၅)ပေပါ (သို့)(၄၉၅၀) ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။        

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်တွင် ဦးစာပေး ဈေးကွက် စောင့်ကြည့် စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်အတွင်းမှ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ပေးသည့် ကုမ္ပဏီများအား ( ၂၃.၁၀.၂၀၂၅ ) ရက်နေ့တွင် စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ AD Net အင်တာနက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းသို့ သွားရောက်စောင့်ကြည့်စစ်ဆေးရာတွင် Wifi အမှန်တကယ်အသုံးပြုသည့် စားသုံးသူ များအား စာချုပ်ပုံစံများသတ်မှတ်ပေးထားခြင်း၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှု အရည်အသွေးများအား ယင်းစာချုပ်ပေါ်တွင် မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့် ဝန်ဆောင်မှု ပေးထားသည်ကို တွေ့ရှိရပြီး၊ အသေးစိတ်ငွေတောင်းခံလွှာများ စနစ်တကျထားရှိခြင်း၊ စားသုံးသူများအား Refund Policy များ စနစ်တကျချမှတ်၍ Wifi ပြတ်တောက်မှုများ ရှိပါက ဝန်ဆောင်မှုရယူသည့် စားသုံးသူများအား ငွေများ ပြန်လည်အမ်းပေးခြင်း၊ မိမိတို့ ကုမ္ပဏီအနေဖြင့် Call Center များ ရှိပါသော်လည်း မိမိတို့၏ Local Phone Number များအား စားသုံးသူများ သိစေရန် အတွက် မိမိတို့၏ Page တွင် ဖော်ပြထားခြင်းများ၊ ဝန်ထမ်းများမှလည်း စားသုံးသူများအား ရှင်းလင်း ပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံ မန်နေဂျာမှ ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မင်းလက်ဆောင် ပဲပူးနှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် ( ဒု−ဦးစီးမှူး ) မှ ဦးဆောင်၍ ( ၂၈.၁၀.၂၀၂၅ ) ရက်နေ့တွင် အောင်သစ္စာရပ်ကွက်တွင် တည်ရှိသည့် ပဲပူးနှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိ ရပါသည်။

                  မင်းလက်ဆောင် အမှတ်တံဆိပ် ပဲပူးနှစ်ပြန်ကြော်ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အား ပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။     

DOCA(စစ်ကိုင်း)         

ဆန်ဆိုင်နှင့် ဆန်စက် My Ro မှတ်ပုံတင်ထားသော သိုလှောင်ရုံများအား မြေပြင်ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် အထူးစုံစမ်းစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် စစ်ကိုင်းမြို့၊မိုးဇာရပ်ရှိ ဒေါ်ခင်မျိုးဝင်းဆန်ရောင်းဝယ်ရေးလုပ်ငန်းနှင့်နေ့လည်(၁၂း၀၀)အချိန်တွင် စစ်ကိုင်းမြို့၊ပတ္တမြားစက်မှုဇုန်ရှိ ဦးသက်အောင် ဆန်စက်ပိုင်ရှင်တို့ဖြင့် တွေ့ဆုံမေးမြန်းရာ My Ro မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများအား ဆန်အမျိုးအစားများနှင့် ဆန်အိတ်အရေအတွက် များအား စစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)      

ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည် ကြီးစေတီတော်၌ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးနှင့် သန့်ရှင်းသာယာ လှပရေးအတွက် ဌာနဆိုင်ရာများ အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၂၅ ရက် နံနက် ၀၇:၀၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါစုပေါင်းသန့်ရှင်းရေးဆာင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော် မတီအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာ မများနှင့် ဒေသခံပြည်သူများ မဟာရွှေစည်ကြီး စေတီတော်ဘုရားဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်း များရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)      

ကန့်ဘလူမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်လစဉ်စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ မွန်းလွဲပိုင်းအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်စားရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး”ဆန်စက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  နွေစပါးပေါ်ချိန်နှင့် မိုးစပါး ပေါ်ချိန်၌သာ အများဆုံးလည်ပတ်ကြိတ်ခွဲရကြောင်း၊ တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့်ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံ များရှိပါက မိမိတို့၏သိုလှောင်ရုံများကို Myanmar Rice Online (My Ro)တွင်မဖြစ်မနေ မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များကိုသိရှိထားရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)      

ကွင်းဆင်းစစ်‌ဆေးခြင်းများဆောင်ရွက်ခြင်း

         ၂၄.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် လမ်းမတော်မြို့နယ် ဟိန်း‌ဆေးဆိုင်တွင် ရောင်းချနေသော ဆရာဝန်ထောက်ခံချက်မရှိ သောက်သုံးနိုင်‌သောဆေးဝါးတို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်များပြုလုပ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ၄င်းဆေးဆိုင်တွင်ရောင်းချနေသော Centurm  (အားဆေး)၊ Kufinc-Tab (ချောင်းဆိုးပျောက်‌ဆေး)၊ Konidin (ချောင်းဆိုးပျောက်‌ဆေး)၊  Air.X (လေဆေး) Kremili .S (လေဆေး)  Royal D (ဓါတ်ဆား) Solmux  (ချွဲပျော်ဆေး) Biogesic (ခေါင်းကိုက်ဖျားနာ သက်သာဆေး) စသည်တို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ