Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အင်္ဂပူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)စိုက်ပျိုးပွဲ ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ တောင်သူ ဦးရာဇာအောင်၏ စိုက်ဧက(‌၃)ဧကတွင်  ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးပွဲ( ဆင်းရွှေကြာ-၂မျိုး)ကို (၂၄.၁၁.၂၀၂၅) ရက်နေ့ ၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးပြီး  မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျ ဆောင်ရွက်ရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ မကျီးကုန်းကျေးရွာ တောင်သူဦးလှအောင်၏ စိုက်ဧက(၃)ဧကတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းနေကြာစိုက်ခင်း Super Sun-41 နေကြာမျိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး စိုက်ခင်းများသို့ ပိုးမွှားများ မကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်း လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သိရပါသည်။

DOCA (ဧရာဝတီ)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ကျွမ်းကျင်စွာ မှတ်သားထားခြင်းဖြင့် ဌာန၏ လုပ်ငန်း တာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် (၂၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ခရိုင်ဦးစီးမှူးရုံး CICC ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ကျင်းပပြု လုပ်ခဲ့ရာ ဝန်ထမ်း(၁၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ သင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌါန်းထားသော အခန်း(၂)ရည်ရွယ်ချက်၊ အခန်း(၃)ကော်မရှင်ဖွဲ့စည်းခြင်း၊  အခန်း(၆)စစ်ဆေးရေး အရာရှိ ၏လုပ်ငန်းတာဝန်များ၊ အခန်း(၉)စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈) ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အခန်း(၂၀)စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ အခန်း (၂၁) အယူခံဝင်ခြင်း၊ အခန်း(၂၂)စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့်် ဆောင်ရွက်မည့် အချက်များ၊ အခန်း(၂၃)တားမြစ်ချက်များ၊ အခန်း(၂၄)ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၂၅) အထွေထွေ စသည့်အခန်းများအား မှတ်သားရာတွင် လွယ်ကူစေရေးအတွက် အခန်းအလိုက်ပါဝင် သည့်ပုဒ်မ အရေအတွက် အဓိကအကြောင်းအရာ၊ အတိုကောက်မှတ်သားရန်၊ ပုဒ်ဖြတ်အလိုက် ရွတ်ဖတ်ရန်၊ အုပ်စုခွဲမှတ်သားရန်များကို ပါဝါပွိုင့်ဖြင့်  ရှင်းလင်းပို့ချခဲ့ပြီး ဝန်ထမ်းများနှင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ရုံးမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။

   ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်း ခရိုင်ဦးစီးမှူး လမ်းညွှန်မှုဖြင့်  ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အ.မ.က(၉၊ ၁၀၊ ၁၃၄) နှင့် ခန်တော ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေးခြင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံမှ ရွာသစ်ရပ်ကွက်ရှိ အ.မ.က ကျောင်းတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ ကျောတိုက် ရပ်ကွက်ရှိ အ.လ.က (ခွဲ)ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၂)ကြိမ်စုစုပေါင်း (၉)ကြိမ် ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ရုံးမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက် များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင် တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာ ပေးလျက်ရှိပါသည်။

   ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၁၁/၁၂/၁၅)ရပ်ကွက်ရှိ ကုလားပဲမှုန့်နှင့် အမှတ် (၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၄)ကြိမ်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် ယောဝရပ်ကွက် ရှိ ပဲကြော်လုပ်ငန်း၊ အနောက်ပိုင်းရပ်ကွက် ရှိကုန်စုံဆိုင်နှင့်စားသုံးဆီ လုပ်ငန်းရှင်များထံသို့ တွေ့ဆုံ မှု(၃)ကြိမ်၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ ပဲခွေကြော် လုပ်ငန်းရှင် (၁)ကြိမ်တွေ့ဆုံခဲ့ပြီး ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် စုစုပေါင်းလုပ်ငန်းရှင်တွေ့ဆုံ အသိ ပညာ ပေးမှု(၈)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့ သွားရောက် အသိပညာပေးဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၅.၁၁.၂၀၂၅)ရက်နေ့၊ နေလယ် (၁၄:၀၀) အချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေ သော အွန်လိုင်းမှတ်ပုံတင် ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်မျာနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ သွားရောက်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရ သည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက မိမိတို့ ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားများ ကိုပြည့်စုံစွာ ထည့်သွင်းဖော်ပြရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များကို သေချာစွာလိုက်နာရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်းစစ်ဆေး အတည်ပြုခြင်းများဆောင်ရွက် လျက်ရှိ ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသည့်လုပ်ငန်းရှင်များသည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်ထားသောကြောင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းခြင်းလုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရရှိပြီးမှလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လ ပြည့်မြောက်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီး လိမ်လည်ရောင်းချခြင်းမှကင်းဝေးမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်များ ရရှိထား သည့်အတွက် စားသုံးသူအခွင့်အရေးများလည်းရရှိလာမည်ဖြစ်ကြောင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍစုံအား ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၅.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဖုန်းဆိုင် များသို့ သွားရောက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

   ထိုသို့ စစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံမှ ဒု-ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များအား မိမိတို့ဝန်ဆောင်မှုပေးသော လုပ်ငန်းများ တွင် မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများသို့ အကြိမ်ကြိမ်ဆက်သွယ် ပြောဆိုသော်လည်း စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် တိုင်ကြားမှုများအား အများဆုံးလက်ခံရရှိသည့်အတွက် သုံးစွဲသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို ကြိုတင်အသိပေး ဖော်ပြစေရန်လိုအပ်ကြောင်း၊ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းတို့ကြောင့် စားသုံးသူများ၏ နေ့စဉ်ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး အခွင့်အရေးကို ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များ တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် မရောက်မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင် ရွက်လျက်ရှိပါသည်။

  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ပဲမှုန့် လုပ်ငန်း နှင့် ပုန်းရည်ကြီး လုပ်ငန်းရှင်များမှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင် ၏တာဝန်များ၊ အခန်း(၁၁) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ဆိုင်ရာအချက် အလက်များနှင့် ကုန်စည်များအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း ပြည့်စုံသည့် တံဆိပ်များကိုသာထည့်၍ ရောင်းချ ရန်လိုအပ် ကြောင်းအသိပညာဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း မင်းဘူးခရိုင်၏ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

 စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်အတွင်းရှိဝန်ထမ်းများသည် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင် များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ်၍ ဆောင်ရွက် လျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ()ကြိမ် နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း(၁၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြား ပုံနည်းလမ်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း မင်းဘူးခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည်ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားကဆိုသည့်အတိုင်း ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံ စွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိ တို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလအတွင်း မြို့နယ်အလိုက် ဈေး ကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် PreMarket ဆောင်ရွက်မှုမှာ မင်းဘူးမြို့နယ်တွင် ()ကြိမ်၊ ပွင့်ဖြူ မြို့နယ်တွင် ()ကြိမ်၊ စလင်းမြို့နယ်တွင် ()ကြိမ်၊ စုစုပေါင်း (၁၃)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း မကွေး/ ချောက်ခရိုင်၏ စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်နိုင်မှု အခြေအနေ

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်း ချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်း ရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လျက် ရှိပါသည်။

          မကွေး/ ချောက်ခရိုင်အတွင်းရှိမြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေးဆွေး‌နွေးခြင်း (၁၁)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး အသိပညာ ပေးခြင်း (၂၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး  စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ