Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်တံခါးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ လိမ်းဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းမြို့ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ လိမ်းဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

          ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည်  ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းမြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာ တွင် ဈေးကွက်ထဲ၌ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ လိမ်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ဆေးဝါး များ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ သူဌေးကုန်းမြို့တွင်းရှိ ဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ ခင်တိုကျေးရွာ၊ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ခင်တိုကျေးရွာ အ.လ.က ကျောင်း တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

   ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ခင်တို၊ အ.လ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက် များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း ၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၂ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၃၆၁ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အ.မ.က ကျောင်း တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

    ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ညောင်ပင်သာ၊ အ.မ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက် အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ် လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၁ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၁၁၇ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၈) ” အား ဆွေးနွေးဟောပြော

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲမှ အငယ်တန်းစာရေး ဦညီသူရဇော်မှ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၈)အား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများသည် စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအတွက် အလွန်အရေးကြီးကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေများသည် လက်နက်များသဖွယ် ဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၏ အဓိပ္ပာယ်နှင့် သဘောတရားများကို ကျေညက်နေရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၈)ပါ စားသုံးသူရေးရာ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ အကြောင်း၊ ကော်မတီ၏ လုပ်ပိုင် ခွင့်နှင့် လုပ်ငန်းတာဝန် (၈) ချက်အကြောင်းကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက် လာသောဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေးမေးမြန်းခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း ” အခမ်းအနားကျင်းပ

   ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းခြင်း ” အခမ်းအနားကို ၃၀.၉.၂၀၂၅ ရက်နေ့၊ နံနက် (၉: ၃၀) အချိန်၌ ကျင်းပခဲ့ရာ စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် သက်ဆိုင်ရာ မိတ်ဖက်ဌာနများမှ အကြီးအကဲများ တက်ရောက်ပြီး စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အဆင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောကြားကာ တိုင်းဒေသကြီးအဆင့် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတို့ကို အများ သဘောတူညီချက်အရ ရွေးကောက်တင်မြှောက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/ ၂၀၂၅) အား ကျင်းပ

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ပဲခူးတိုင်းဒေသကြီး၏ စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၉/၂၀၂၅)အား ၂၉.၉.၂၀၂၅ ရက်နေ့တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စားသုံး သူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး တက်ရောက်ကာ အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

          ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးနှင့် တာဝန်ခံဦးစီးအရာရှိများက ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စီးပွားရေးရာဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်(၃)ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကျင်းပပြုလုပ်သော ရုံးလုပ် ငန်း ညှိနှိုင်းအစည်းအဝေးကို Online (Zoom Meeting)ဖြင့် တက်ရောက်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှုးရုံးများရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများနှင့် လစဉ်ပုံမှန်ပြုလုပ်လျက်ရှိသည့် ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆.၉. ၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးက Online (Zoom Meeting)ဖြင့် ဦးဆောင် ကျင်းပခဲ့ ကြောင်း သတင်းရရှိပါသည်။

   အဆိုပါ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးသည် ညောင်လေး ပင်ခရိုင်၏ တစ်လတာ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထိုရုံးလုပ်ငန်း အစည်းအဝေးသို့ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Online (Zoom Meeting)ဖြင့် ပြုလုပ်

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှုးရုံးများရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများနှင့် လစဉ်ပုံမှန်ပြုလုပ်လျက်ရှိသည့် ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆.၉. ၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးက Online (Zoom Meeting)ဖြင့် ဦးဆောင် ကျင်းပခဲ့ ကြောင်း သတင်းရရှိပါသည်။

   အဆိုပါ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြ ကြရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ ထိုရုံးလုပ်ငန်းအစည်းအဝေးသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံများ၊ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသော “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” ဒုတိယနေ့ အား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ငွေစာရင်းဘာသာရပ် နှင့် ပြင်ပဌာနများမှ ဘာသာရပ်များဖြစ်သည့် စည်ပင်သာယာရေး ဘာသာရပ်၊ FDA ဘာသာရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို ဒုတိယနေ့တွင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဟောပြောပို့ချရာတွင် ငွေစာရင်းဘာသာရပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်း ဌာန ခွဲမှ  တာဝန်ခံကလည်းကောင်း၊ စည်ပင်သာယာရေး ဘာသာရပ်ကို တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့က ၎င်း၊ FDAဘာသာရပ်ကို တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ၎င်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၎င်း၊ အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ အဆိုပါ သင်တန်း သို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၃)ဦးသည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦး သည် Imperson စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ် ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” ဒုတိယနေ့ အား ဆက်လက်ကျင်းပ

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ငွေစာရင်းဘာသာရပ် နှင့် ပြင်ပဌာနများမှ ဘာသာရပ်များဖြစ်သည့် စည်ပင်သာယာရေး ဘာသာရပ်၊ FDA ဘာသာရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို ဒုတိယနေ့တွင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

   ဟောပြောပို့ချရာတွင် ငွေစာရင်းဘာသာရပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်း ဌာန ခွဲမှ  တာဝန်ခံကလည်းကောင်း၊ စည်ပင်သာယာရေး ဘာသာရပ်ကို တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့က ၎င်း၊ FDAဘာသာရပ်ကို တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ၎င်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၎င်း၊ အသေးစိတ် ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေး မေးမြန်းခဲ့ပါသည်။ အဆိုပါ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦး သည် Imperson စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ