အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၈.၅.၂၀၂၅)ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဉီးဆောင်ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဆက်စပ်ဌာနအဖွဲ့အစည်းများတက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌမှ ဆွေးနွေး ပြောကြားရာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများ ကွင်းဆင်းစစ်ဆေး ရန်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် ချက်ချင်းအကြောင်းကြား ရန်၊ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲကျင်းပပြုလုပ်ရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျောင်း အပ်နှံကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက အကြံပြုသုံးသပ် တင်ပြခြင်း၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို ညနေ (၅:၀၀)နာရီ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)