Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူဘေးကင်းရေး အသင့်စားမုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အရေးပါသော အသင့်စားမုန့်များ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ချောက်မြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

             စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် သက်ဆိုင်ရာဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးနှင့် အခြားပစ္စည်းအမျိုးမျိုးတို့ကို (၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချန်တွင် ကုန်စုံဆိုင်များ အားအဓိကထား၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်အမှတ်အသား ပြည့်စုံမှုရှိ/မရှိ၊ စားသုံးသူကာ ကွယ်ရေးဥပဒေ (၂၀၁၉)နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)တို့နှင့်အညီ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲအပါအဝင် လိုအပ် သောအချက်အလက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖြစ်စေ ပြည်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို အသေးစိတ်စစ်ဆေးခဲ့သည်။ အထူးသဖြင့် ကလေးငယ်များ ဘေးအန္တယ်ရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများပါဝင်မှု သို့မဟုတ် မလုံခြုံသော ထုတ်လုပ်မှုများရှိ/ မရှိကိုပါ ကြီးကြပ်စစ်ဆေးခဲ့သည်။ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ရာတွင် လုပ်ငန်းရှင်များအား စားသုံး သူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ အထူးသဖြင့် ကုန်အညွှန်းအမှတ်အသားပြည့် စုံစွာဖော်ပြရန် လိုအပ်ချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ စည်း ကမ်းနှင့်မကိုက်ညီသော ကုန်ပစ္စည်းများကို ရောင်းချဖြန့်ဖြူးခြင်းမပြုလုပ်ရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

KORE Art & Fashion Online Shop အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် ရန်အေးလမ်း၊ (၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိ “    KORE Art & Fashion Online Shop” မှ “အဝတ်အထည်”များ အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိစစ်ဆေးခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများအား Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ စိစစ်ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ZK3 Online Shop အား Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၃.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ZK3 Online Shopမှ အဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများအား အမှတ်(၆၆)၊ မြဝတ်ရည် လမ်း၊ (ဆ/ခ)ရပ်ကွက်၊  သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက် ၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြို့ပင်ကောက်မြို့ရှိ အ.မ.က ကျောင်းများသို့ စားသုံးသူအသိပညာပေးဆောင်ရွက်

   ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊သဲကုန်းရပ်ကွက် အ.မ.က သဲကုန်း ကျောင်းနှင့် အရှေ့မြို့ပတ် အ.မ.က ကျောင်းများသို့ (၉.၁၂.၂၀၂၅) ရက်နေ့ နေ့လည်ပိုင်းတွင် မွေးကုဌာနမှ ခလေးများအဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွားနို့တိုက်ကျွေးပွဲအား စားသုံးသူ ရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဆောင်ရွက်ပြီး ကျောင်း(၂) ကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ (၁၆၅)ဦးတို့အား စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများနှင့် အစားအသောက်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ကြည့်ရှု့မှု့အလေ့အကျင့်များ ရှိစေရန် နမူနာမုန့်ထုတ်များဖြင့် ပြသရှင်းလင်းအသိပညာပေး ဆောင်ရွက်ခဲ့ပြီး ခလေးများက သိလိုသည်များကို မေးမြန်းဆောင်ရွက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ကျောင်းမုန့်ဈေးတန်းများကိုလည်း စစ်ဆေးခဲ့ပါသည်။

DOCA(ပဲခူး)

ThitSar Online Shop အား   အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို(၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၄၀)အချိန်တွင် ThitSar Online Shop မှ အဝတ်အထည်နှင့်အထည်အလိပ်များ အမှတ် (၃၇၁)၊ မာဃ(၁၄)လမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက် များကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကြို့ပင်ကောက်မြို့ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချ သော ဆီအသင်းအဖွဲ့ လက်ကားကိုယ်စားလှယ်နှင့် လက်လီကိုယ်စားလှယ်တို့အား (.၁၂.၂၀၂၅) ရက်နေ့ နေ့လည်(:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ တွေ့ဆုံအစည်း အဝေးပြုလုပ်ခဲ့ပါသည်။တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်နှင့် မြို့နယ်ဆီလုပ်ငန်းရှင် အသင်းဥက္ကဌ ဦးတင်လှထွန်းနှင့် ဆီလက်လီ/လက်ကားကိုယ် စားလှယ်(၁၈)ဦး တက်ရောက်ခဲ့ကြသည်။

    လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေး ဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှု့အတိုင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးအတွက် ဒေသပေါက်ဈေးနှုန်းအပေါ် % အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး၊လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု့မရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း စားအုန်းဆီသည်အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် ဈေးနှုန်း အမြင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသာမသော လုပ်ဆောင်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု့ ဥပဒေအရ အရေးယူ‌ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စားအုန်းဆီရောင်းချသည့်ကုမ္ပဏီများမှ လက်ကားကိုယ်စား လှယ်များအနေဖြင့် လက်လီစာရင်းမှန်၊နေရာမှန်၊အချိန်မှန်၊ဈေးနှုန်းမှန်၊အရေအတွက်မှန်၊အချိန်အ တွယ်နှင့် အရည်အသွေးမှန် စသည့်မှန်(၆)မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ဖြန့်ဝေပေး စေရန် လိုအပ်ပါကြောင်း မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများကိုလည်း အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စနစ်တကျတစ်ပတ်ခါ သတ်မှတ်ထားသော ဈေးနှုန်းပါဗီနှိုင်းများ ချိတ်ဆွဲ၍ ရောင်းချပေးကြစေရန်နှင့် မြို့နယ်အသင်းအနေဖြင့်လည်း ပူးပေါင်းပါဝင်စေလိုပါကြောင်းနှင့် တက်ရောက် လာသူလုပ်ငန်းရှင်များကလည်း အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)

Online  မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည်(အမှတ်(၁၈၉/၂)၊ မြင်သာ(၁၁)လမ်း၊ (၁၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့သွားရောက်၍   THOON Silk and Fabric   online shop မှ အဝတ်အထည်နှင့် အထည်အလိပ်များ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးပြီးမှသာOnline Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်ရှိ FAIRDEAL ဆေးကုမ္မဏီအား   အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦး စီးမှူး)နှင့်ဝန်ထမ်းများသည်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး (၂.၁၂.၂၀၂၅ )ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင်  အမှတ် ၃၉/၄၀၊ သာကေတစက်မှုဇုန်၊ သာကေတမြို့နယ်ရှိ FAIRDEAL  ဆေးကုမ္မဏီအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများအားလက်ကား ဈေးအပေါ်တွင် ဒေသပေါက်ဈေး ထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံများနှင့် ပူးပေါင်း၍   FAIRDEAL ဆေးကုမ္မဏီအားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးဝါးများဈေးနှုန်းအတက်/ အကျဖြစ်ပေါ်မှုအခြေအနေနှင့်၊ ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အုတ်တွင်းမြို့၊တလုတ်ကုန်းမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗသုသုတများအား အသိပညာပေး ဟောပြောခြင်းများကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ တလုတ်ကုန်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက် များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

          ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ နှင့် လူငယ်ဆိုင်ရာ ဗဟုသုတများကို ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၂၅ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေး

     ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်ခရိုင်အတွင်း၌ ကော်ဖီ စိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို (၂၄.၁၁.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိ သူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်- မော်တင်ကားလမ်းဘေး (၂၈)မိုင်ရှိ Myanmar Agri-Tech Ltd ၏ သ‌ဘာဝတောနှင့် ထပ်မံ စိုက်ပျိုးထားသည့် အပင်များအောင်တွင် စိုက်ပျိုးထားသည့် ရိုဘက်စတာ မြေပြန့်  ကော်ဖီပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကော်ဖီပင်အောက်ခြေပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ ကော်ဖီသီး များ စတင်ခူးဆွတ်အခြောက်ခံခြင်းများကို ကြည့်ရှုအားပေး ခဲ့ရာ  တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ရိုဘက်စတာ Robusta (TR4/TR9) တစ်ဧကလျင် ကော်ဖီပင်( ၄၃၅)ပင်စီဖြင့် ၃၁၀ ဧက စိုက်ပျိုးထားရှိမှု၊ အပင်သက်တမ်း သုံးနှစ်ကျော်ချိန်မှ စတင်၍ အသီးမှည့် ခူးဆွတ်လာခဲ့ရာ နှစ်စဉ် တိုးတက်လာမှု၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုး၊ မြေဩဇာ၊ ဆေးဝါးသုံးစွဲမှု၊ ရေလိုအပ်မှုနှင့် ပျိုးခြံတွင် ပျိုးထောင်မှုတို့အားရှင်းလင်း တင်ပြခဲ့ပါသည်။

          တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးတွင် ကော်ဖီသီးနှံများလည်း စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ပါကြောင်း၊ ဥယျာဉ်ခြံများ၊ နှစ်ရှည်သစ်‌ေတာစိုက်ခင်းများအတွင်း မြေပြန့် ကော်ဖီ (ရိုဘက်စတာမျိုး) များကို စိုက်ပျိုးဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပြီး ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း၊ ကော်ဖီစံပြစိုက်ခင်းများ ထူထောင် လုပ်ကိုင်မည်ဆိုပါက ကော်ဖီစိုက်ပျိုးရေးကိုစိတ်ဝင်စားသည့် လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူ များကလည်း ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် -မော်တင်ကားလမ်းဘေး (၂၂)မိုင်ရှိ Myanmar Agri-Tech Ltd သို့သွားရောက်၍ Robusta ကော်ဖီမျိုးအား မြေပြန့်ချယ်ရီပင်၊ လဲမှို့ပင်စသည့် အရိပ်ရပင်များအောက်တွင် စိုက်ပျိုးထားထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီး‌နောက်  ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကော်ဖီပင်စိုက်ပျိုးထားရှိမှု၊ ကော်ဖီအသီးမှည့် ခူးဆွတ်ရရှိမှု အခြေအနေများ၊ ကုန်ကြမ်းအဖြစ် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချမှု၊ ပျိုးခင်းများအတွက် မျိုးစေ့များအဖြစ်ရောင်းချပေးမှု၊ ကော်ဖီမှုန့်များထုတ်လုပ်ရောင်းချမှု အခြေ အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့် နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးနိုင်ရေး နှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊  အောင်မြင်ဖြစ်ထွန်းသည့်နေရာများတွင် တစ်ဆက်က်တစ်စပ်တည်း စိုက်ပျိုးနိုင်ရေး၊ အရိပ်ရပင်များအောက်တွင် ကော်ဖီပင်အပြင် ငရုတ်ကောင်းပင်များပါ စိုက်ပျိုးနိုင် ရေးတို့ကို မှာကြားခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ