Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online Sale မှတ်ပုံတင်နှင့်စပ်လျဉ်း၍  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

  (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၆:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန် မှုရှိ/မရှိကို  Coo Coo Online Sale  မှ “အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ” အား  အမှတ်(၁၀)၊ ပုသိမ်(၂) လမ်း၊ မင်္ဂလာတောင် ညွန့်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အ လက်များ ကိုက်ညီမှု ရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထား လာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ် ကြောင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ် ငန်းရှင်၏ မခံချက်များအချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA (ရန်ကုန်)

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေးရှိ ဆေးဆိုင်များအား လက်ကားဈေး အပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့၊ အမှတ် (၁) အောက်ဈေးရှိ ဆေးဆိုင်များတွင် လက်ကားဈေးအပေါ်၌ ဒေသပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်၊ သံလွင်စျေးအတွင်းရောင်းချနေသော “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၁၇.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးနိုင်လင်းထက်သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ သံလွင်ဈေးအတွင်းရှိ “အသင့်သောက် အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော “အသင့်သောက်အချိုရည်အမျိုးမျိုး” ကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

 “စင်ဒရဲလား ရွှေရည်စိမ် ၉၂၅ ရတနာ”   Online shop မှ Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

            (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၆း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “စင်ဒရဲလား ရွှေရည်စိမ် ၉၂၅ ရတနာ”   Online shop အား အမှတ် (၁၁၂)၊ အနော်မာ(၁)လမ်းအရှေ့၊ သာကေတမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ပြီးစီးပွားရေးနှင့်န်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုအဖြစ်သတ်မှတ် ၍လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီ လက်လီ - လက်ကားရောင်းချသည့် “Kaung Hlyan New Asia Co. ltd”မှ ကျိုက်ထိုမြို့ အခွန်လွတ်စျေးတွင် စားအုန်းဆီလက်လီရောင်းခြင်းအား ကွင်းဆင်းကြပ်မတ်

     ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မြောက်ပိုင်း ရပ်ကွက်ရှိ အခွန်လွတ်စျေးတွင် “Kaung Hlyan New Asia Co.ltd”မှ အပတ်စဥ် သောကြာနေ့တိုင်း နံနက် (၇း၀၀)နာရီမှ စတင်၍ စားအုန်းဆီ လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ဖြင့် တစ်ပိဿာလျှင် (၇၂၁၁) ကျပ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ရောင်းချလျှက်ရှိသော အခွန်လွတ်စျေးသို့ စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံမှ သွားရောက်၍ စားအုန်းဆီများ စျေးကွက်အတွင်းဖြစ်သင့် ဖြင့်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ အခွန်လွတ်စျေးသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

 DOCA (မွန်)

ဘီးလင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အာဟာရ နွားနို့တိုက်ကျွေး

      ၁၇.၁၀.၂၀၂၅ ရက်နေ့တွင်    မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခွေးရူးရောဂါ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ခွဲ) လိပ်ခုံးကြီး ကျောင်း၌ ကျင်းပပြုလုပ်သည်။

            ရှေးဦးစွာ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ နှင်းဝေမျိုးနိုင်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။

    ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက ခွေးရူးရောဂါ ကာကွယ်ရေးအသိ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ အာဟာရ နွားနို့တိုက်ကျွေးခြင်းကို ကျင်းပပြုလုပ်ရာ K.G တန်းမှ Grade (2) အထိ ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦးတို့အား  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ ဆရာမများက အာဟာရနွားနို့များကို တိုက်ကျွေးခဲ့ကြကြောင်းသိရသည်။

         DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီများအား ပြည်သူများထံသို့ သက်သာသောရည်ညွှန်းဈေးဖြင့် ရောင်းချနေမှု

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့မှ စားအုန်းဆီရောင်းချသော ကုမ္ပဏီများ ဖြစ်ကြသည့် Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် အပတ်စဉ် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်လီကိုယ်စာလှယ်တို့မှ တစ်ဆင့်ရောင်းချပေးနေကြောင်း သိရပါသည်။

          ထိုသို့ ရောင်းချပေးလျက်ရှိရာ (၁၈.၁၀.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိ သောစားအုန်းဆီ (၄၃) ပေပါအား မြို့နယ်သို့တင်ဆောင်ရောက်ရှိခဲ့ပြီး ထိုနေ့မှစတင်၍ ရပ်ကွက် နှင့် ကျေးရွာများသို့ စားအုန်းဆီရောင်းချရန်အတွက် မြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူ ဌာန ဆိုင်ရာမှ စားအုန်းဆီရောင်းချပေးမည့် နေရာဒေသများအား အညီအမျှ ခွဲတမ်းချအစီအစဉ် ဆောင်ရွက်၍ လက်လီကိုယ်စားလှယ်များအား ရောင်းချစေခဲ့ပြီး၊ ထိုသို့ ရောင်းချနေမှုများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ခွဲတမ်းရ စားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချခြင်း ရှိ/မရှိတို့ကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)

“ စားသောက်ကုန်ပစ္စည်းများ”အား Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့်ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပိုးအိမေမေ Online Shop မှ “စားသောက်ကုန်ပစ္စည်းများ”အား အမှတ်(၁၃၆)၊ သိင်္ဂီ(၄)လမ်း၊ (၅)ရပ်ကွက်၊  သာကေတမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သထုံမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

     ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့ နံနက်က သထုံခရိုင်ပြည်သူ့ ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တက်ထွန်းဝင်းနှင့်  အဖွဲ့ဝင်များ တာဝန်ရှိသူများက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည် ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်‌သာသော ဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံ စားသောက်ကုန်များကို ရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။

    အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

ဇီးကုန်းမြို့တွင်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

   ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာလာစေရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းအား  (၁၄.၁၀.၂၀၂၅)ရက် နေ့လယ်  (၁၃;၀၀)နာရီတွင် ဝက်ကော် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၌ ကျင်းပခဲ့ပါသည်။

          ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆွေက  အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူ   ရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံ  ဒေါ်မြင့်မြင့်ခင်က စားသုံသူကာကွယ်ရေးဆိုင်ရာ  စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအား ကုန်စည်တိုင်းတွင် ပြည့်စုံစွာဖော်ပြ ပါရှိရေး စားသုံးရန်မသင့်သောအစားအစာများ သတင်းအချက်အလက်များကိုလေ့လာ၍ ရွေးချယ်  ဝယ်ယူစားသောက်နိုင်ရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေး   နှင့် ပြန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ   ကိုလည်းကောင်း ၊ ဒုဦးစီးမှူး ဒေါ်ရီရီမြင့်မှ ပုံပြင်စာအုပ်များဖတ်ပြခြင်းဖြင့် ကလေးငယ်များ စိတ်ပျော်ရွင်မှု ရင်းနှီးရိုင်းပင်းစွာ နေထိုင်နိုင်မှု များရရှိလာစေရန်ပြောကြားခဲ့ပါသည်။

          ထိုနောက် ကျောင်းသူ၊ ကျောင်းသားများအား နံရံကပ်စာစောင်များဖြင့် စာအုပ်စာပေ ဖတ်ကြစို့ခေါင်းစဉ်ဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပြသဖတ်ရူစေ၍ အသိပညာပေး  ဟောပြောမှုအားပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ