Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ( ၉ ) ရက်၊ နံနက်( ၁၀:၀၀ )အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးသည် လွိုင်ကော်မြို့၊ လိုင်းပေါင်းစုံ ကားဂိတ်၌ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းလုပ်ငန်းရှင် စုစုပေါင်း(၁၆)ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ဇင်ထွေး( ဒု-ဦးစီးမှူး )က စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေး နှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူအပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်စပ် လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်လည်း ကိုက်ညီရမည်ဖြစ်ကြောင်း၊ အာမခံပေးထား သောအချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စားသုံးသူနှင့်သဘော တူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်ရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာ မခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအား အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား ၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဝန်ထမ်းထုတွေ့ဆုံပွဲနှင့်ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၂၅)ပြုလုပ်

  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၅) ကို ဝန်ထမ်း(၁၃)ဦးဖြင့် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၅)တွင်ဌာနခွဲတာဝန်ခံများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးတင်ပြဆွေးနွေးကြပြီး ရုံးလုပ်ငန်းညှိနှိုင်း အစည်း အဝေးဆုံးဖြတ်ချက်()ချက်ချမှတ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား နေ့လယ်(၁၂:၀၀) တွင် ပြီးဆုံးကြောင်း သိရှိရပါသည်။

DOCA(ကယား)

ဝန်ထမ်းထုတွေ့ဆုံပွဲ(ဒါဘာ) (၁၂/၂၀၂၅)ပြုလုပ်

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းထုတွေ့ဆုံပွဲ(၁၂/၂၀၂၅)ကို ဝန်ထမ်း(၁၂)ဦးဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) (၁၂/၂၀၂၅) တွင် ခေတ္တပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး စီမံရေးရာဌာနခွဲတာဝန်ခံက ယခင်လ ဆောင်ရွက်ပြီးစီးမှုနှင့်ဆောင် ရွက်ရန်ကျန် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

    ဆက်လက်၍ သက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးချင်းက မိမိတို့၏အခက်အခဲများကို တင်ပြကြပြီး ၁၂/၂၀၂၅ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဆုံးဖြတ်ချက်(၅)ချက် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ကယား)

TPPသောက်ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေး သည် ၂၈-၁၁-၂၀၂၅ ရက် နေ့တွင် သောက်ရေသန့်ထုတ်လုပ်သည့် TPP သောက်ရေသန့် စက်ရုံမှ လုပ်ငန်းရှင်(၂)ဦးနှင့်တွေ့ဆုံ၍ စက်ရုံ၌ထုတ်လုပ်သည့်သောက်ရေသန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ဒု-ဦးစီးမှူး ဦးကျော်ဇင်ထွေးက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင် ညွှန်ကြားချက်အမှတ်( ၂/၂၀၁၉ ) အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအရ သောက်ရေသန့်ဗူးများတွင် မဖြစ်မနေဖော်ပြရမည့် ကုန်စည် ၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များအား ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါ သည်။

DOCA(ကယား)

အသား၊ ငါးတန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

   ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းသို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်များဈေးနှုန်း မြှင့်တင် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး အခြေခံစားကုန်ဈေးနှုန်းစာရင်း ကောက်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့် အသား/ငါးတန်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ အသား/ငါးများ ရောင်းချရာတွင် ယင်လုံဇကာများဖြင့် ဖုံးအုပ်ရောင်းချစေရေး၊ လတ်ဆက်သော အသား/ငါးများကိုသာ ရောင်းချစေရေး၊ အသား/ငါးများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေး၊  စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးနှင့် အသား/ငါးများရောင်းချရာတွင်အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန်အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းကိုလည်းသိရှိရပါသည်။

   ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်း များမှာ ကြက်(CP)အသားတိုး (၁)ပိဿာလျှင် ၂၄၀၀၀ ကျပ်၊ ကြက်(CP)ဥနှုန်းကျ (၁)ပိဿာ လျှင် ၂၄၀၀၀ ကျပ်၊ ကြက်(ဗမာ) (၁)ပိဿာလျှင် ၃၅၀၀၀ ကျပ်၊ ဝက်သား (၁)ပိဿာလျှင် ၃၅၀၀၀ ကျပ်၊   အမဲသား(၁)ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ ငါးခူ (၁)ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အာပြဲခြောက် (၁)ပိဿာလျှင် ၃၇၀၀၀ ကျပ်၊ ငါးတံခွန် (၁)ပိဿာလျှင် ၁၈၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အသားနှင့်ငါးများရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၉.၁၂.၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် အတွင်းရှိ လက်လီ ဖြန့်ဖြူးရောင်းချသော ဒေါ်အမာနား (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Gold Roast အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီ တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များဈေးကွက်အတွင်းမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း () ဦးတို့သည် နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ် မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးထွန်းထွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

     စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာလက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဥ်မျိုးဆက် ငွေထည်ကြေးထည်လုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူပေါင်း(၂၅၀) ဦးခန့်ရှိသဖြင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးဆောင်၍ စစ်ကိုင်းမြို့နယ်မြန်မာ့လက်မှုငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့က အလုပ်အမှုဆောင်(၂၁)ဦး၊ အသင်းသား(၆၀)ဦး ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကုန်ချောပစ္စည်းများကို ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီး စသည့်မြို့ကြီး များသို့ရောင်းချသည့်အပြင် ပြည်တွင်းတွင်ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲများ ပြုလုပ်ခဲ့သည့် အကျိုကျေးဇူးကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူဝယ်ယူမှုများ လည်းရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၈.၁၂.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံရပ်ကွက်၊ အ.ထ.က (၆)၊ ကျောင်းမုန့်ဈေးတန်းရှိ‌‌ ဒေါ်ဝင်းလှိုင် (ကျောင်းမုန့်ဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FIRE DRAGON အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်တွင် ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉ )အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မုန့်ဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စစ်ကိုင်းမြို့၊ “စစ်ကိုင်း” မုန့်တိုက်သို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်း ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဇေယျာလမ်းရှိ “စစ်ကိုင်း”မုန့်တိုက်သို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    “စစ်ကိုင်း”မုန့်တိုက်မှ ထုတ်လုပ်သည့် “နံကထိုင်”၁၀ကျပ်သား ကုန်စည်အမျိုးအစားအား စစ်ဆေး    ခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမှတ်တံဆိပ်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉)ညွှန်ကြား ချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက် များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ဒေါ်မီးမီး(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Ve Ve အမှတ်တံဆိပ်ပါ လိုင်ချီးအချိုရည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိ သည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ