Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့ အမှတ်(၅)(အ.လ.က)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)(အ.လ.က)ကျောင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူတို့အား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             တာဝန်ခံဦးမျိုးဝင်းသန်းက ဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားရမည့်ပုံစံများအား အသိပညာ ပေးဟောပြောဆွေနွေးခြင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် Online မှတ်ပုံ တင်ခြင်းနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ Online မှတဆင့်ဝယ်ယူရာတွင် လိမ်လည်မှုမခံရအောင် သိရှိရမည့် အချက်များကို  ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်ရွေးချယ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

    ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်းကို (၂၀၂၅-၂၀၂၈) ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI)   အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။  

   အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်ရှင်များအသင်း အလုပ်အမှုဆောင်များ၊ ဆန်စက် လုပ်ငန်းရှင်များ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး)က ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းထားရှိသည့် အသင်းအဖွဲ့များ၊ အစုအဖွဲ့များအခြေအနေ၊ အသင်းဖွဲ့စည်းခြင်း၏ အကျိုးရလဒ်များကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၏(၂၀၂၂-၂၀၂၅)သက်တမ်းဥက္ကဌ ဦးရဲထွန်းမှ အသင်းပြန်လည် ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းပုံနည်းစနစ်များ၊ ရွေးချယ်ပုံများကို လည်းကောင်း၊ အတွင်းရေးမှူးမှ(၂၀၂၂-၂၀၂၅)သက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးမှ(၂၀၂၂-၂၀၂၅)သက်တမ်းကာလအတွင်း ဘဏ္ဍာရေးရှင်းတမ်း များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။     ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် အလုပ်အမှုဆောင်များကို မဲပေးစနစ်ဖြင့် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ အလုပ်အမှုဆောင်အသစ်များကို နာယကအပါအဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

P&L သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ P&Lသောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် အတွက် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့စစ်ဆေးရာတွင် P&Lသောက်ရေသန့်သည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှု အဆင့်တိုင်းစနစ်တကျရှိစေရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ရန်နှင့်  စားသုံးသူကာ ကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ပင်းတယမြို့ပေါ်ရှိ စားသောက်ဆိုင်များအား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့၊ နံနက် (:၀၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာနတို့နှင့်ပူးပေါင်းကာ ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်ရှိ ပွင့်ဖြူ”   စားသောက်ဆိုင်၊ ဦးအစိတ်စားသောက်ဆိုင် နှင့်ကောင်းကောင်းစားသောက်ဆိုင်  ()ဆိုင်အား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှု ရရှိစေရန် ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချ သည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။         

DOCA(ှရှမ်း)

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

   (၁၄.၇.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၄:၀၀)အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် ပင်းတယမြို့နယ်အတွင်းရှိ ဒေါ်ဆန်သီးနှင့် ဦးသက်မိုးဦး စားအုန်းဆီ လက်လီ အရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

  ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အော်ယောရပ်ကွက် နှင့် ဘောလုံးကွင်းတိုက်တန်း၊ အော်ယောရပ်ကွက် တို့တွင် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ မိမိရရှိသော ခွဲတမ်းများကို သတ်မှတ် ဈေးနှုန်းအပေါ် (၂%)အမြတ်တင်၍ ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ် ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးလျက် ရှိကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာ ချိန်တွယ်ပေးကြောင်း၊ ဆီထုတ်ယူသည့် စာအုပ်မရှိသည့် စစ်ဘေးရှောင် ပြည်သူများကိုလည်း ရောင်းချပေးနေကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါ သည်။

DOCA(ရှမ်း)

မြင်းခြံမြို့၊ မော်မော်ဆီဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့်ဝန်ထမ်းများ သည် (၁၅-၇-၂၀၂၅)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် မြင်းခြံမြို့၊အမှတ်(၇)ရပ်ကွက်ရှိ မော်မော် ဆီအရောင်းဆိုင်သို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
     ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများ ချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ အရေအတွက်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သက်သာသော နှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ် တိုက်ရိုက်ရောက်ရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

   

မြင်းခြံမြို့၊ ရတနာဌေးဆီဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များအပြင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၅-၇-၂၀၂၅ နေ့ (၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ရတနာဌေးဆီဆိုင်၏ စားအုန်းဆီလက်လီရောင်းချနေမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
    ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို စားသုံးသူများမြင်သာအောင် Vinylများ ချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ အရေအတွက်မှန်ကန်စေရေး၊ အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံးစားအုန်းဆီ(၂)ပိဿာရောင်းချနိုင်စေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာရောင်းချစေရေးတို့ကို ကြပ်မတ်စစ်ဆေးခဲ့ ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်အတွင်း၊ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့နှင့်မြို့နယ် မူး/စိတ်/ တား အဖွဲ့ ပူးပေါင်း ၍ကွင်းဆင်းဆောင်ရွက်မှု

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့(၁၃:၂၅)နာရီချိန်၌ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ နယ်အတွင်၊ ညောင်ဦးခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တား ဆီးကာကွယ်ရေးအဖွဲ့သို့ လျှောက်ထားလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ဖြန့်ဖြူးခြင်း နှင့် လက်ဝယ်အသုံးပြုခြင်း ၊ ဘက်ထရီနှင့်အက်စစ်ကွန်ပေါင်းရောင်းဝယ်ရေး လုပ်ငန်းလိုင်စင် (သက်တမ်းတိုး) လျှောက်ထားမှုများနှင့်ပတ်သက်၍ ခရိုင်မူး/စိတ်/တားအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲ တပ်ဖွဲ့မှူး၊ဒုတိယရဲမှူးကြီးအေးမင်းစိုး (အဖွဲ့ခေါင်းဆောင်) ဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင် သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်မူး/စိတ်/ တားအဖွဲ့တို့ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြသည်။  

    အဆိုပါမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာ ကွယ်ရေးပူးပေါင်းအဖွဲ့များသည် ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ဖြန့်ဖြူးခြင်းနှင့် လက်ဝယ် အသုံးပြုခြင်း ၊ ဘက်ထရီနှင့်အက်စစ်ကွန်ပေါင်း ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်(သက်တမ်းတိုး) လျှောက်ထားသည့်  လုပ်ငန်းများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှုရှိ/ မရှိ၊ ရောင်းချမှုမှတ်တမ်းအား သတ်မှတ်ချက်နှင့်အညီ အစီရင်ခံတင်ပြမှုရှိ/မရှိ၊ တရားမဝင်လုပ်ငန်း များသို့ ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို အကြံပြုမှာကြားဆောင် ရွက်ခဲ့ရာ ( ၁၅  : ၂၅ ) ချိန်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ရက်နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  စားသုံးသူပြည်သူများကို စားအုန်းဆီလက် လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိနှင့် စားအုန်းအရည်အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက် မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ် စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၁၅)ပေပါ(သို့) (၁၆၅၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်ှ ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ