Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စပါးစိုက်တောင်သူနှင့် တွေ့ဆုံဆွေးနွေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံနှင့် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁)ဦး တို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင်  စစ်ကိုင်းမြို့နယ်၊ နှစ်(၇၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစု ပုလဲဓာတ်မြေဩဇာ(Urea)နှင့် ဒီဇယ်ဆီပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာသော စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်၊ ကုန်းရွာရှိ ဧရာမင်းစပါး (၆) ဧက စိုက်ပျိုးထားသော တောင်သူ ဦးကျော်ဆန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာရှိ ဆင်းသုခစပါး (၃)ဧကစိုက်ပျိုးထားသော တောင်သူဦးဟန်တင်တိုနှင့်တွေ့ဆုံ၍ စပါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်၊ ကုန်းရွာတွင် စပါးစိုက်ဧက (၆၀၀) နှင့် အထက်ရှိပြီး တစ်ဧကလျှင် (၈၀) တင်းနှုန်းထွက်ကြောင်း၊ ဧရာမင်းစပါးတစ်တင်းလျှင် (၂၆၀၀ဝိ/-)  ဈေးနှုန်းဖြင့်လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာတွင်  စပါးစိုက်ဧက (၅၀၀) နှင့်အထက် ရှိပြီး တစ်ဧကလျှင် (၈၀ မှ ၁၀၀) တင်းနှုန်းထွက်ရှိကြောင်း၊ ဆင်းသုခစပါးတစ်တင်းလျှင် (၂၀၀၀ဝိ/-) ဈေးနှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

ကလေးဝမြို့တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း

              ( ၂.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်စန်းစန်းထွေးဆိုင်သို့ သွားရောက်၍ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတိုဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားပြုလုပ်ကျင်းပ

             ( ၂.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စုပေါင်းရုံးခန်းမတွင် ( ၃.၇.၂၀၂၅ ) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်အဖြစ် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆုရရှိသည့် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများ၊ ကပြဖျော်ဖြေပေးကြသည့် အကအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နီလာခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများ၊ ကပြဖျော်ဖြေပေးကြသည့် အကအဖွဲ့များအား ဆုချီးမြှင့်ပေးခဲ့ပြီး မြို့မိ၊ မြို့ဖအဖွဲ့မှလည်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၇၇)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်(၇၇)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁၀.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၃)ပိဿာ၊ ကုလားပဲ(၁၁)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၅)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၅) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၄၇၃)ပြည်၊ ဆီ (၈၄၄၃) ပိဿာ ၊ ဆား(၂၅၁) ပိဿာ၊ ကုလားပဲ(၈၆၇)ဘူး၊ ငါးပိ(၁၁၃)ပိဿာ၊ ငါးခြောက် (၇၀)ပိဿာ၊ ပုဇွန်ခြောက်(၂၁)ပိဿာ (၉၀) ကျပ်သား၊ ကြက်သွန်နီ (၈၅၈) ပိဿာ၊ အသားတု( ၉၃) ပိဿာ၊ ကြက်ဥ (၉၅၃၆) လုံး၊ ဘဲဥ (၁၃၈၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

    ယနေ့ရောင်းချရာတွင်ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်စစ်ကိုင်းမြို့ရှိ ‌ရွှေမင်းဝံရပ်ကွက်၊ ၁၅လမ်းတွင်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA ( စစ်ကိုင်း )

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မြေငှားရမ်းခြင်း ကြော်ငြာစာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြေ ၁၁၀¢×၇၀¢ အား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်  ၃ နှစ်သက်တမ်း ၁ နှစ်တစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပါသည်။

   အဆိုပါမြေအား ၁၄.၇.၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုလျှောက်လွှာ ဝယ်ယူ ရမည်ဖြစ်ပါသည်။ အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်းဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်တွင် စပေါ်ငွေပေးသွင်းထားသော P.O Cheque ပူးတွဲတင်ပြရပါမည်။ တင်ဒါ ယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံအကြောင်းကြားပါမည်။

   စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်း အဆိုပြုလျှောက်လွှာ ဝယ်ယူနိုင်ပြီး ၎င်းရက်ထက်ကျော်လွန်ပါက လျှောက်လွှာများကို ရောင်းချမည်မဟုတ်ကြောင်း ကြေငြာအပ်ပါသည်။

    အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၇၁-၂၁၀၂၀ နှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

DOCA ( စစ်ကိုင်း )

စစ်ကိုင်းမြို့၊ သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ပါဝင်လှူဒါန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက် (၅:၃၀) နာရီအချိန်တွင်  စစ်ကိုင်းမြို့၊ သဒ္ဒမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် သံယာအပါး(၁၂၅၀)နှင့် သီလရှင်အပါး (၂၇၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အခြေခံ/မွမ်းမံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသည့် အခြေခံ/မွမ်းမံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ( ၁၀..၂၀၂၅ ) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး သင်တန်းသား/သူ ( ၂၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်စိုးတင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးထိုက်တန် ( ခရိုင်ဦးစီးမှူး ) မှ သင်တန်းဖွင့်လှစ်ရသည့် အကြောင်းအရင်းနှင့် အကျိုးကျေးဇူးများအား အကျယ်တဝင့် ပြောကြားခဲ့ပြီး သင်တန်းပို့ချရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အမျိုးအမည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြိုတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း

      ( ၈.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်ယဉ်ယဉ်ဆိုင်သို့ သွားရောက်၍ ဒေါ်ခင်စန်းဝင်း ( ဒု−ကြီးကြပ်ရေးမှူး )မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟု သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( ဒု-ကြီးကြပ်ရေးမှူး ) အနေဖြင့် မိမိတို့ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန် နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်အနေဖြင့် ကျွန်ရွှေဝါရပ်ကွက်အတွင်းရှိ ဒေါ်နန်းထွေးကုန်စုံဆိုင်တွင် ရောင်းချနေသည့် အရန်သင့်အစားအစာများတွင် မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်အစားအသောက်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့ပေါ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်အတွင်း စွမ်းရည် ကုန်စုံဆိုင်သို့ ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် စားသုံးဆီအမျိုးမျိုးတွင် မြန်မာစာဖြင့်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ ကလေးမြို့နယ်တာဝန်ခံ ဒေါ်စန္ဒာမွန်မှ ဦးဆောင်၍ ဇူလိုင်လအတွင်း ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားဖြစ်သည့် စားသုံးဆီအမျိုးမျိုးတွင်  ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် စားသုံးဆီများကိုသာ ရောင်းချရန်နှင့် စားသုံးဆီများကိုလည်း ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ