Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပ

           (၂၅.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာ သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဉီးထူးကျော်၊ မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချ ရေးကော်မတီဝင်များဖြစ် ကြသည့်မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြေစာရင်းဉီးစီးဌာန၊ မြို့နယ် သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စပါးစိုက်တောင်သူများ စုစုပေါင်း အင်အား(၇၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထူးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဦးထွေးအောင်က ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း တက်ရောက်လာကြသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ် ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များမှ တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာများရောင်းချပေး အပ်ခဲ့ရာ အခမ်းအနားကို နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့် စုံဈေးရှိ သစ်ခွဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) သည် ၂၇.၈.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ သစ်ခွဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သစ်ခွဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများဖြစ်သည့် အကိုက်အခဲပျောက်ဆေး၊ ဖျားနာပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ ဆီးချိုဆေး၊ အသည်းအားဆေး စသည့်ဆေးဝါးများမှာ ဈေးကွက်အတွင်းအရောင်းသွက်ကြောင်းနှင့် ရောင်းချနေသော ဆေးဝါးများ၏ဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ဆေးပစ္စည်းများဆိုင်တွင် လက်ကျန်ကျန်ရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊ အမှတ်(၁)ဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သာကေတ မြို့နယ်၊ အမှတ်(၁)ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးမှူးက  စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖော်ပြထားမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေးတွင် ငရုတ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ

        (၂၆-၈-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် အရှေ့ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး အတွင်းရှိ ကုန်စုံဆိုင်များသို့  သွားရောက်၍ ငရုတ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ် ဆေးခဲ့ရာဈေးကွက်အတွင်းရှိ Chill Garfic (ကြက်သွန်ဖြူငရုတ်ဆီ)၊ BRAVO ငရုတ်ဆီ၊  MAEJN (ထိုင်းငရုတ်ဆီ)အစရှိသည့် ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

MAX စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

      ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး) နှင့် ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ် MAX စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၉၁၅ကျပ်)၊ (95-၂၉၅၅ကျပ်)၊ (HSD-၂၅၄၀ကျပ်)၊ (PHSD-၃၁၄၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့် တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

(MOON SUN)စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

         ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)  သည်(၂၆-၈-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်(MOON SUN) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်း ခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းအ ဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

High WAY စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

        (၂၆-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေး ရာဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊  High Way စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီ ဝင်ရောက်မှုနှင့်ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များ ကောင်းမွန်စွာ ထားရှိခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

              စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ခုနှစ် သြဂုတ်လ ( ၂၁) ရက်နေ့မှ ( ၂၂ ) ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။ အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း ဆန်(သစ်) ( ၁ )ပြည်လျှင် ( ၆၆၀၀)ကျပ်၊ ပေါ်ဆန်း ဆန် ( ဟောင်း) ( ၁ )ပြည်လျှင် ( ၅၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ )ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် (၉၀)ဆန်( ၁ )ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အသုံး အဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်း အဖိုး၊ အဖွား များအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA (စစ်ကိုင်း)

                                               

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် နံနက်(၀၈:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၁၈)ပေပါ(သို့) (၁၉၈၀) ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိ သော စားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။       

DOCA (စစ်ကိုင်း)

 

                                                         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ