Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟုမ္မလင်းမြိုတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း

      ( ၈.၇.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်ယဉ်ယဉ်ဆိုင်သို့ သွားရောက်၍ ဒေါ်ခင်စန်းဝင်း ( ဒု−ကြီးကြပ်ရေးမှူး )မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟု သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( ဒု-ကြီးကြပ်ရေးမှူး ) အနေဖြင့် မိမိတို့ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန် နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်အတွင်းရှိ ဖောင်းပြင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်အနေဖြင့် ကျွန်ရွှေဝါရပ်ကွက်အတွင်းရှိ ဒေါ်နန်းထွေးကုန်စုံဆိုင်တွင် ရောင်းချနေသည့် အရန်သင့်အစားအစာများတွင် မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်အစားအသောက်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့ပေါ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်အတွင်း စွမ်းရည် ကုန်စုံဆိုင်သို့ ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် စားသုံးဆီအမျိုးမျိုးတွင် မြန်မာစာဖြင့်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ ကလေးမြို့နယ်တာဝန်ခံ ဒေါ်စန္ဒာမွန်မှ ဦးဆောင်၍ ဇူလိုင်လအတွင်း ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားဖြစ်သည့် စားသုံးဆီအမျိုးမျိုးတွင်  ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် စားသုံးဆီများကိုသာ ရောင်းချရန်နှင့် စားသုံးဆီများကိုလည်း ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်မရော၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုပေးအပ် ပွဲကျင်းပ

  မွန်ပြည်နယ်၊   ကျိုက်မရောမြို့နယ်၊  စိုက်ပျိုးရေးဦးစီးဌာနက ၁၄.၇.၂၀၂၅ ရက်နေ့ နံနက် (၀၈: ၀၀) နာရီတွင် ကျုံစိန်ကျေးရွာအုပ်စု ကွင်းအမှတ်  (၃၈၀) ဦးပိုင် အမှတ်(၄၁/၁)တောင်သူ ဦးသိန်းနိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။အခမ်းအနားတွင် ကျိုက်မရောမြို့နယ် စိုက်ပျိုးရေး ဦးစီးမှုး ဦးလှတင်မောင်က မြို့နယ်၏ သီးနှံစိုကိပျိုး ထုတ်လုပ်မူ အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း အမှာစကား  ပြောကြားခဲ့သည်။  အဆိုပါ မျိုးစေ့ချ ကိရိယာ DrumSeeder ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်ဖြင့် ကြဲခင်းထက် မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန် မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားမှု ဖွံဖြိုးမှု စောစီးစွာ ရရှိစေခြင်း၊ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ် ပိုမိုခိုင်နိုင်ရည်ရှိခြင်း၊ အသုံးပြု မြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမို ကြာမြင့်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ မည်ဖြစ်​ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး မှူးထံမှ သိရသည်။  အဆိုပါ အခမ်းအနားသို့  မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ တောင်သူများ စုစုပေါင်း အင်အား (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

ဟုမ္မလင်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ဟုမ္မလင်းမြို့တွင် ( ၁၀.၇.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်  ပူးပေါင်း၍ ဟုမ္မလင်းမြို့ စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       စားသုံးသူရေးရာဦးစီးဌာနမှ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဦးခင်စန်းဝင်းသည် ဇူလိုင်လအတွင်း ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားဖြစ်သည့် စားသုံးဆီအမျိုးမျိုးအား မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ မိတ်ဖက်ဌာနများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုက်မရော၌ စားသောက်ဆိုင်နှင့် ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

၁၄.၇.၂၀၂၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်အတွင်းရှိ မြို့မစျေးကြီးနှင့်  ကုန်မျိုးစုံဆိုင်၊ စားသောက်ဆိုင်များ၌ ကျန်းမာရေးနှင့်  ညီညွတ်သော အစားအစာများ ရောင်းချရန်နှင့် ကုန်ပစ္စည်းများ ရောင်းချရာ၌ ကုန်အညွှန်းအမှတ်အသားများပါရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မြို့မစျေးကြီးအတွင်းရှိ စားသောက်ဆိုင်နှင့် ကုန်မျိုးစုံဆိုင် များအား ကွင်းဆင်းစစ်ဆေးရာ စျေးဆိုင်ခန်းများ၌ တံဆိပ်အမျိုးမျိုးကပ်၍ ရောင်းချနေသော စားသုံးဆီဘူးများ၊ စံမညီသည့် စားသုံးဆီများ၊ အချိုရည်ဘူးများ မုန့်မျိုးစုံများကို ကုန်အညွန်းအမှတ်အသားများကပ်ထားခြင်း ရှိ/မရှိ၊ ဆိုးဆေးများထည့်သွင်းခြင်း ရှိ/မရှိ အနံတုများ ထည့်သွင်းထားသည့်မုန့်များ၊ ရက်လွန်စားသောက်ကုန်များနှင့်ရက်လွန်ဆေးဝါးများ အားရောင်းချခြင်း ရှိ/မရှိ တို့ကို  ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းကာ ဆိုင်များ၌ အသက်မပြည့်သေးသည့် ကလေးအလုပ်သမားများအားခိုင်းစေခြင်း ရှိ/မရှိတို့ကို ကလေးအလုပ် သမားပပျောက်ရေး ပညာပေးစာစောင်များဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မွန်)

မုဒုံမြို့နယ်တာဝန်ခံမှ မွန်ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခြင်း

  ၁၆.၇.၂၀၂၅ ရက်နေ့ နံနက် (၀၈:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ၏ မုဒုံမြို့နယ်ခရီးစဉ်တွင် လိုက်ပါဆောင်ရွက်ခဲ့သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ဝန်ကြီးချုပ်နှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျှက် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းရှိ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိလာခဲ့ရာ တာဝန်ရှိ သူတို့မှ ကြိုဆိုခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ နှစ်ရှည်ဧည့်ခန်းမ၌ SRI TRANG Co. Ltd ခရမ့်ရော်ဘာအချောထည်စက်ရုံ လက်ထောက်စက်ရုံမှူးနှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၄၅ ဦးတို့နှင့် တွေ့ဆုံကာ မွန်ပြည်နယ်ရင်းနှီးမြှပ်နှံမှု ကော်မတီမှ ခွင့်ပြုထားသော ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် SRI TRANG Co. Ltd ခရမ့်ရော်ဘာ အချောထည်စက်ရုံ လည်ပတ်မှုအခြေအနေ၊ ပြည်ပတင်ပို့မှုအခြေအနေတို့နှင့် ပက်သက်၍ စက်ရုံတာဝန်ရှိသူများမှ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

    ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် (၀၉:၂၅) အချိန် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ SRI TRANG Co. Ltd ခရမ့်ရော်ဘာ အချောထည်စက်ရုံသို့ ထွက်ခွာလာခဲ့ရာ (၀၉:၃၀) အချိန် ရောက်ရှိလာခဲ့ပြီး SRI TRANG Co. Ltd ခရမ့်ရော်ဘာအချောထည်စက်ရုံ လည်ပတ်မှု အခြေအနေနှင့် ပြည်ပတင်ပို့ကုန် ရော်ဘာ အချောထည် ထုတ်လုပ်မှုတို့အား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကာ လက်ထောက်စက်ရုံမှူး ဒေါ်မြကဗျာဟိန်းနှင့် စက်ရုံမန်နေဂျာ ဦးမျိုးမင်းခိုင်တို့မှ စက်ရုံလည်ပတ်မှုနှင့် ရော်ဘာ အချောထည် အဆင့်ဆင့်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့ကုန်အဖြင့် ထုတ်ပိုမှုအခြေအနေတို့အား လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရှိရသည်။

DOCA (မွန်)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ၁၅.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်း ဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

   ရှေးဦးစွာ ရှင်းလင်း‌ဆောင်တွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲ၊ ကျုံကဥယျာဉ်ခြံတာဝန်ခံအရာရှိ ဒေါ်ခင်ချိုလတ်က ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား power pointဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျုံကဥယျာဥ်ခြံစတင်တည်ထောင်ခဲ့သည်မှာနှစ်ပေါင်း(၅၀)ကျော်လွန်ခဲ့ပြီးစတင်ချိန်ကအုန်းမျိုးပွားခြံဖြစ် စတင်ခဲ့ပြီး ယခုအခါ ဒေသတွင်းဖြစ်ထွန်းသည့် မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း သီးနှံများ အစားထိုးစိုက်ပျိုးပြီး မင်းဂွတ်သီးနှံ အဓိကစိုက်ပျိုးသည့်ခြံဖြစ်ကြောင်း၊ ဥယျာဉ်ခြံ သီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ တိုးတက်ပြောင်းလဲလာသောစိုက်ပျိုးနည်းစနစ်များ အား တောင်သူသိရှိနိုင်ရန်ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများ အား အသုံးချသုတေသန (Apply Research) များနှင့် ပေါင်းစပ်၍ သုတေသနရလဒ်များအား တောင်သူလက်ဝယ်အရောက်ပညာပေးခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မွန်)

မုဒုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင် နံရံကပ်ပိုစတာပြပွဲပြုလုပ်

 မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင် နံရံကပ်ပိုစတာပြပွဲ ကို ၁၆.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီက အ.ထ.က (ခွဲ) ဗိုလ်တေဇကျောင်း၌ ကျင်းပသည်။

  ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်နှင့်ပြည်သူများအား သမိုင်းအသိပညာ ဗဟုသုတများကြွယ်ဝစေရန်၊ အမျိုးသား စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးနိုင်ရန်နှင့် အာဇာနည် (၉) ဦး၏ စွန့်လွှတ်အနစ်နာခံမှု အကြောင်းအရာများကိုသိရှိစေရန် ဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။ ထို့နောက် ဒုအလယ်တန်းပြ ဆရာမ ဒေါ်မိုးမိုးဆွေက အာဇာနည်၏ အဓိပ္ပါယ်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိ အကြောင်းအရာ များကို ရှင်းလင်းပြောကြားသည်။

   ဆက်လက်၍ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား/သူများက ပါဝင် ယှဥ်ပြိုင်ကြပြီး ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အကြောင်းအရာများနှင့် ပတ်သက်သည့် နံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုမှတ်သားခဲ့ကြ ကြောင်း သိရသည်။

DOCA (မွန်)

မအူပင်မြို့နယ်ရှိ ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၇.၇.၂၀၂၅ နေ့၊ နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားဆီရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးပူးပေါင်းအဖွဲ့ဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးကောင်းစီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပါဝင်ပြီး မအူပင်မြို့နယ် လက်လီ/ လက်ကားဆီဆိုင် (၈)ဆိုင် အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိမရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး ဒုခရိုင်ဦးစီးမှူးက စားအုန်းဆီ လက်ကား/ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းများဖော်ပြ၍ ရောင်းချမည့် ဆီပိဿာများကို မြင်သာသောနေရာတွင် ချိတ်ဆွဲကာဗီနိုင်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရက်များအတွင်း ဆီစာအုတ်ဖြင့် ဝယ်ယူထားရှိမှု စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ရည်ညွှန်ဈေးထက်ကျော်လွန်ရောင်းချသူများအား သတိပေးစာဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ဆီစာအုတ်များ ပျက်စီးပျောက်ဆုံးခြင်းဖြစ်ပေါ်ဘာပါက  ဆီဆိုင်များမှ မှန်ကန်ကြောင်းထောက်ခံစာ ပေးနိုင်ရန် အသိပေးဆောင်ရွက်ခြင်း၊ ဝယ်သူနှင့် ရောင်းချသူများအကြား တိုင်ကြားခြင်းမျိုး မရှိစေရန် ပညာပေးပြောကြားခဲ့ပြီး၊ မအူပင်ဈေးကွက်အတွင်း ဆီဆိုင်များ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမျိုးကို စစ်ဆေးတွေ့ရှိရပြီး ကုန်ဈေးနှုန်းတည်ငြိမ်းရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ