Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

             ဆန်ဆိုင်များသို့ကွင်းဆင်းခြင်း

      ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးရှိဆန်ဆိုင်(၆)ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပါ၀င်သောပူးပေါင်းအဖွဲ့တို့ဖြင့်(၂၈-၁၁-၂၀၂၅) ရက်၊နံနက်(၀၈:၃၀)နာရီအချိန်တွင်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
     ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင်ဆန်များအားသတ်မှတ်ထားသည့်ဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ဆန်လက်ကျန်အရေအတွက် များမေးမြန်းခဲ့ပြီး ဆန်သိုလှောင်ရုံများမှတ်ပုံတင်သက် တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်ကို ဆိုင်ရှင်များအားမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်သို့စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

      ဖျာပုံခရိုင်၊‌ ဒေးဒရဲစားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဦးသိန်းမောင်သည်၂၀၂၅ခုနှစ်၊ နို၀င်ဘာလ၂၈ရက်နေ့၊ မွန်းလွဲ၁၃:၀၀နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ဆီကိုယ်စားလှယ်၏ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၁)ပေပါ(သို့) (၂၃၁၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးကြခဲ့ပါသည်။
     ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဒေးဒရဲမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိသောစားအုန်းဆီများကို
ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့်စားအုန်းဆီလက်လီ/လက္ကားဆိုင် များသို့ဖြန့်ခွဲရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှစားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းခွဲတမ်းရရှိသောစားအုန်းဆီလက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

   ဒေးဒရဲမြို့နယ်တွင်ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

   ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည်(၂၈-၁၁-၂၀၂၅)ရက် နေ့၊‌ နေ့လယ်(၁၂:၀၀)အချိန်တွင်ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်ရှိဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့်  တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။

     အဆိုပါတွေ့ဆုံ  ဆွေးနွေးရာတွင်မြို့နယ်တာ၀န်ခံက လက်ရှိ စပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှု ဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံ စက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊မြို့နယ် ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေး အတွက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင် ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊  Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊  ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ဒေးဒရဲမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် (၈)ဦးတက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

အရသာမှုန့်နှင့် ဟင်းခတ်မှုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်း စစ်ဆေး

      မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ  ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၁-၁၂-၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ မြို့မဈေးအတွက် ကုန်စုံဆိုင် (၆)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရသာမှုန့် ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     စစ်ဆေးရာတွင် ပန်းတနော် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် မြို့နယ်တာဝန်ခံနှင့် စစ်ဆေးရေးမှူး ဒေါ်သဇင်ဦး ဒုဦးစီးမှူး တို့မှ  ကုန်စုံဆိုင်များမှ ရောင်းချနေ သော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို ဈေးကွက်အတွင်း ရောင်းချသော ကုန်စည်များတွင် ကုန်ပစ္စည်းများမှာလည်း ကုန်အညွှန်း အမှတ်အသားများ အပြည့်အစုံပါရှိရမည်၊ ကုန်အမှတ်တံဆိပ်၊ စားသုံးသူများ သိရှိ လိုက်နာသင့်သည့် အကြောင်းအချက်များနှင့် ထုတ်လုပ်မှု ဆိုင်ရာများအား ကုန်အညွှန်းအမှတ်အသားများ ( Labels) ဖြင့်ဖော်ပြချက်များဖြစ်ကြောင်း၊  ကုန်ပစ္စည်း၏ ပါဝင်ပစ္စည်း၊ အသုံးဝင်မှု၊ အာနိသင်၊ ဆောင်ရန်ရှောင်ရန်၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရရှိမှုအခြေအနေ၊ အသုံးပြုပုံ၊ သိမ်းဆည်း ရမည့်စနစ် စသည့် သတင်းအချက်အလက်များ ပါဝင်ရမည့်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) သည် ကုန်စည်လုံခြုံစိတ်ချမှုအတွက် ပိုမိုတိကျသော ပြဋ္ဌာန်း ချက်များဖြင့် စားသုံးသူပြည်သူများကို ကာကွယ်ပေးထား ကြောင်း ၊  အထူးသဖြင့် အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ (၄၂)နှင့်(၄၃)တို့သည် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာများ တိတိကျကျပါရှိပြီးဖော်ပြထားပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းကို အသိပညာပေးမှာကြားဆွေးနွေးခဲ့သည်။  ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောနှော ရောင်းချနေခြင်း၊ တားမြစ်ကုန်စည်များကိုဈေးကွက်အတွင်းရောင်းချနေကြောင်း  တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အမှတ် (၆၉)၊ ၉၂လမ်း၊ ကန်တော်ကလေးတောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သို့သွားရောက်၍ “မေ၏နတ်သမီးပုံပြင်ကိတ်ဆိုင်” Online shop  အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီး မှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ကောင်မွန်စေရေး အတွက် အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် မအူပင်ခရိုင်အတွင်း ရှိ စားသောက်ဆိုင်များသို့ မိတ်ဖက် ဌာနများ ပူးပေါင်း၍ ခရိုင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ (၁-၁၂-၂၀၂၅) ရက်နေ့က ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးအောင်ဇော်ဦး မှ မအူပင်စားသောက်ဆိုင်များဖြစ်သည့် 3 Season စားသောက်ဆိုင်၊ အိမ်မက်သစ် စားသောက်ဆိုင်၊ မူဆယ်စားသောက်ဆိုင်၊ ဆင်ရေတွင်း စားသောက်ဆိုင်၊ ဖူးမောက်စားသောက်ဆိုင်၊ တစ်တော့ စားသောက်ဆိုင်၊ ရွှေကံကော်စားသောက်ဆိုင်များအား ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်‌ရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ပြီး၊ ချက်ပြုတ်စားသောက်ခန်းများ သန့်ရှင်းမှု ရှိမရှိနှင့်၊ အသားဟင်းရွက်ထားရှိမှု အအနေများ၊ ရေစီးရေလာမြောင်းများအား စစ်ဆေးခြင်း၊ အမှိုက်ပုံး ထားရှိမှု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး၊ စားသောက်ဆိုင်တာဝန်ခံများကို စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ အစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အသင်းအဖွဲ့ဖွဲ့စည်း လုပ်ငန်းဆောင်ရွက်နိုင်မှု စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ အကြောင်းကိုရှင့်လင်းပြောကြားခဲ့ပြီး စားသောက်ဆိုင်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး၊ ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်မှုလုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်နိုင်ရေး ပညာပေးပြောကြားခဲ့ကြောင်း လုပ်ငန်းရှင်များမှလည်း အသင်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဌာနမှ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွာမည်ဖြစ်ကြောင်း စားသောက်ဆိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာနမှConsumerCallCenter(1535) သို့ ဆက်သွယ်ဆောင်ရွကဖွင့်လှစ်မှုအားအသိပညာပေးကူညီဆောင်ရွက်လျက်

     စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဓနုဖြူမြို့နယ် ဒေသတွင်း မုန့်ထုတ်လုပ်သော လပ်ငန်းရှင်များ ဆက်သွယ်ဆောင်ရွက်မှုများကို ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ များက (၂၈-၁၁-၂၀၂၅)ရက်နေ့  နေ့လယ်(၁၂:၀၀)နာရီအချန်က အသိပညာပေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ် ဆောင်ရွက် ဝန်ဆောင်မှုပေးလျက်ရှိသော Consumer Call Center (1535) မှ ဖြေကြားဖြေးရှင်းဆောင်ရွက်ပေးလျက်ရှိပြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းမှ မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသူလုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆက်စပ်နေမှုများ, စီးပွားရေးလုပ်ငန်းရှင်(၃)ဦးမှ သိလိုသည့် အချက်များကို မေးမြန်းဆောင်ရွက်လိုသဖြင့် Consumer Call Center (1535) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ ဦးရဲဝင်း (၁)ရပ်ကွက် နေသူမှ တာဝန်ကျ ဒေါ်စန်းစန်းမော် (အကြီးတန်းစာရေးအား) မေးမြန်းဆောင်ရွက်ခြင်း၊  ဦးစိန်လွင် ရေတွင်းကုန်းကျေးရွာနေသူမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအချက်များကို သိရှိလို၍ တာဝန်ကျသူ ဒေါ်စန်းစန်းမော် အကြီးတန်းစာရေးအား မေးမြန်းဆောင်ရွက်ခြင်း၊  ဦးသက်ကိုကိုဇော် (၁၃)ရပ်ကွက်နေသူမှ တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို တာဝန်ကျသူ ဒေါ်ကေသွယ်ငြိမ်း ဒုဦးစီးမှူးအား ဆက်သွယ်ခဲ့ကြပြီး တာဝန်သူများက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ လည်း Consumer Call Center (1535)  ဆက်သွယ်ခဲ့သော လုပ်ငန်းရှင်များကို Consumer Call Center (1535) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူ စားအုန်းဆီလက်ကား ကိုယ်စားလှယ် များနှင့် တွေ့ဆုံ လုပ်ငန်းရှင် ဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်ခရိုင် ၊  ဓနုဖြူမြို့နယ်စားအုန်းဆီ လက်ကားရောင်းဝယ်ရေး ကိုယ်စားလှယ်လုပ်ငန်းရှင်(၂)ဦး လက်လီရောင်းချသူ လုပ်ငန်းရှင်(၃)ဦး နှင့် မြို့နယ်ဦးစီးမှူးရုံးတွင် (၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် တွေ့ဆုံ၍  လက်လီလက်ကားကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးရာတွင် သတ်မှတ်စည်းကမ်းများတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်၊ ဌာန၏ အမိန့်ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

    မြို့နယ်ဦးစီးမှူးရုံးမှဦးခိုင်လွမ်းမိုးက လုပ်ငန်းရှင်များကို ဆွေးနွေးခဲ့ရာ ဦးစီးဌာန အနေဖြင့် နိုင်ငံတော်မှ အများပြည်သူများ သုံးစွဲနိုင်ရန် စားအုန်းဆီများ ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ကြပ်မတ်ဆောင်ရွက် နေပြီး သတ်မှတ်နေရာများသို့ အမှန်တကယ် ရောက်ရှိရေးကို ထိန်းကြောင်းဆောင်ရွက်လျက်ရှကြောင်း၊ ဆီများကို ဖြန့်ဖြူးရာတွင် ဖြန့်ဖြူးမှု မှတ်တမ်း (၆)မျိုး၊ မှန် ၆မှန် ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း၊ စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆)မှန်  ဖြစ်သော (က) လက်ကား၊ လက်လီစာရင်းမှန်၊(ခ)နေရာမှန်၊(၁) ဈေးကွက်ဖြန့်ဆီ၊ (၂)ဈေးကား ဆီ၊(၃)အရံဆီ၊ (၄)စက်မှုကုန်ကြမ်းဆီ၊(ဂ) အချိန်မှန်၊ဈေးနှုန်းမှန်၊ (ဃ) ဈေးနှုန်းမှန်၊(င)အရေအတွက် မှန်၊ (စ)အချိန်အတွယ်နှင့်အရည်အသွေးမှန်၊ ဖြန့်ဖြူးကြစေရန် ကို အထက်ဌာနမှ လမ်းညွန်မှာကြား ဆောင်ပုဒ်ထား၍ အမှန်တကယ် နေရာများသို့ ရောက်ရှိနိုင်အောင် ဝိုင်းဝန်းစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိ‌ကြောင်း နှင့်  စားသုံးသူကာကွယ်ရေး၊ ဥပဒေ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍  စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး  ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း ‌စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ဧရာဝတီ)

MyRo အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းတနော်မြို့နယ် Community Centre ခန်းမ၌ ၂၇.၁၁.၂၀၂၅ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်တွင် မြန်မာဆန်စပါးအွန်လိုင်း (MyRo) သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဦးစီးအရာရှိ)က ဦးဆောင်ဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ရှိအမိန်ညွှန်ကြားချက်များနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အများပြည်သူသိရှိနိုင်ရန် ဦးအောင်ကျော်သက်က မြန်မာဆန်စပါး အွန်လိုင်း(MyRo ) မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ဆန်တန်ချိန် ၅၀ တန်နှင့်အထက်၊ စပါးတင်း (၅၀၀၀) နှင့်အထက် သိုလှောင်မည့် ဆန်းစပါးလုပ်ငန်းရှင်များ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ရာတွင် လိုအပ်မည့်အချက်အလက်များ၊ မှတ်ပုံတင်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ပြီး သက်တမ်းတိုးဆောင်ရွက်မှု အစီအမံများကိုလည်းကောင်း၊ သိုလှောင်ရုံလုပ်ငန်းရှင်များက လစဉ် လဆန်း(၇)ရက်နေ့တွင် ဆန်၊ စပါးသိုလှောင်ရုံမှ ရ၊ ထုတ်၊ ကျန် စာရင်းများကို ဖြည့်သွင်းဆောင်ရွက်မှု  အကြောင်းအရာများကို ရှင်းလင်းပြီး မှတ်ပုံတင်ဆောင်ရွက်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးသည် ၂၇.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ ရပ်ကွက်ထောက်ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန်း၏ Logo နှင့် မှတ်ပုံတင်ထားသော ကုန်စည်၊ ဝန်ဆောင်မှု ကိုက်ညီမှုရှိ/ မရှိနှင့် အခြားအချက်အလက်များ ပြည့်စုံမှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ