Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.မ.က စက်ရုံကုန်းအခြေခံပညာမူလတန်းကျောင်းသား/သူများအားအသိပညာပေးဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦ (ရုံးအုပ်)သည်(၂၁.၁၀.၂၀၂၅) ရက်နေ့ (၁:၀) နာရီအချိန်တွင် နန်းမားမြို့၊ အ.မ.က စက်ရုံကုန်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေး  ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများ ဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဥ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း စသည့် အချက်များ စားသုံးသူ၏ တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသောအန္တရာယ်ရှိသည့် ဓာတုဆိုးဆေးများအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ၏ အန္တရာယ်များအကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား   1535 Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေး ဟောပြောခဲ့ ပါသည်။

DOCA( ကချင်)

အလှကုန်ပစ္စည်းမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၂၁.၁၀.၂၀၂၅)  ရက်နေ့(၁၀:၀၀)အချိန်တွင်မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်ရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် နှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေး ရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ် ကင်းရှင်းစေခြင်း စသည့်အချက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးခြင်းများဖြစ်သော မိမိ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ မှန်ကန် သော  အတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း နှင့်  ကုန်ည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် အွန်လိုင်းမှတ်ပုံတင်ထားသော လုပ်ငန်းရှင်များအား အသိပညာပေးဟောပြာဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူ ရေးရာဦးစီးဌာနတွင် မြိတ်မြို့ရှိ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားသောလုပ်ငန်းရှင်များအား တွေ့ ဆုံပြီး အွန်လိုင်းဖြင့် မှတ်ပုံတင်ခြင်းနှင့်ရောင်းချနေမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းဆောင် ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

      အသိပညာပေးဆွေးနွေးရာတွင်အွန်လိုင်းဖြင့် မှတ်ပုံတင်ဆောင်ရွက်ရခြင်းအကြောင်းအရင်း၊  သက်တမ်းကုန်ဆုံးပါက ဆောင်ရွက်ရမည့်အချက်များ ၊ မိမိတို့ရောင်းချနေသော ကုန်စည်များအား ဘေးအန္တရာယ်ကင်းစေရေးဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားပါရှိမှသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက် ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က  စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်း စသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေအခန်း(၁၈)၊ ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိရမည့်အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများသည် ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ် ကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး (၁၄-၁၀-၂၀၂၅ ) ရက် နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ 

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စုံဆိုင်ရှိ ကုန်စည် အမျိုးအစားအလိုက်ကုန်ညွှန်းအမှတ်အသား သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး  စားသုံးသူမိဘပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောကုန်စုံဆိုင်များတွင်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ် ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉ ) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း  လိုက်နာဆောင်ရွက်ရန်နှင့်သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ကြံခင်းမြို့နယ်ရှိ “ရွှေဗျိုင်းဖြူ”စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံသည်   (၁၆.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့ တလိုင်းကွင်းကျေးရွာအုပ်စုရှိ “ရွှေဗျိုင်းဖြူ” စက်သုံး ဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ က  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန် အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်း ရှင်များ အနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုစေရေး၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည် နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် “Myanmar Network” သို့ ဆက်သွယ်ရေးဝန်ဆာင်မှုနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ လ ၁၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ သိပ္ပံလမ်း၊ ရွာသစ်ရပ်ကွက်ရှိ  “Myanmar Network” သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော အင်တာ နက်ဝန်ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေး နိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွင်စားသုံးသူအပေါ် အရည်အသွေးပြည့်မီသောကွန်ယက် ချိတ်ဆက်မှုများ ဆောင်ရွက် ထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိကြောင်း၊ တာဝန်ခံလုပ်ငန်းရှင် ဦးပိုင်ငြိမ်းကျော် နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာ ပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့ ရွာသစ်ရပ်ကွက်နှင့်ဆုံလဲအုပ်စုရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုနှင့်ရွာသစ်ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား ဆုံလဲအုပ်စုနှင့်ရွာသစ်ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ် ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ် ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဘက်ရဲမြို့ အမှတ်(၁)နယ်မြေနှင့်တံခွန်တိုင်ရပ်ရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ အမှတ်(၁)နယ်မြေနှင့် တံခွန်တိုင်ရပ်ရှိ ဆီထုတ်ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ် ယူခွင့်စာအုပ် များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေး စေ ရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာ ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး ခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးတွေ့ဆုံဆွေးနွေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  လက်ပံတန်းမြို့နယ်

(၂)လမ်း၊ မြို့မရပ်ကွက် ၌  ဆန်စက်လုပ်ငန်းရှင်များနှင့် (၉.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ၊ဒု-ခရိုင် ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ မှ တွေ့ဆုံ၍  စားသုံးသူကာကွယ်ရေး  ဥပဒေအခန်း ( ၁၈ )ပါ  ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ