Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်ခရိုင် ကြံခင်းမြို့နယ်အတွင်း ဆီဖူလုံရေးနှင့် နေကြာလျာထားချက်ပြည့်မီရေး ဆောင်းနေကြာများစိုက်ပျိုးလျက်ရှိ

     ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်အတွင်းဆီဖူလုံရေးနှင့်နေကြာလျာထား ချက်ပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့် တောင်သူ များပူးပေါင်း၍ (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့နယ် မြို့မရပ်ကွက်၊ တောင်သူ ဦးထွန်းလင်း၏ မြေနုကျွန်းကိုင်းမြေ ကွင်းအမှတ်(၁၈၉၆/က)(၁) ဧက နှင့် ကဇင်းကြီးအုပ်စု၊ သမ္မရာအင်းကျေးရွာ၊တောင်သူ ဦးအောင်ကျော် မင်း၏ လယ်မြေ ၁ ဧက၊ ကွင်းအမှတ် ၃၈၊ ဦးပိုင် ၅၂ တို့တွင်  Supersun 41 ဆောင်းနေကြာမျိုးအား စုပေါင်းစိုက်ပျိုးခဲ့ပြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲ-ကိုးအင်း တံတားဝဲ/ယာ(သီးသန့်)စုစုပေါင်း(၃)ဧက ဆင်းရွှေကြာ - ၂ နေကြာမျိုး ဖြင့် စုပေါင်းစိုက်ပျိုးခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ဥက္ကဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တို့ ကြီးကြပ်စိုက်ပျိုးခဲ့ ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် စားသုံးဆီလက်လီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၂၄.၁၁.၂၀၂၅)ရက်နေ့၊နံနက်(၀၉:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊လယ်တော်ကျေးရွာအုပ်စု၊ ဆီလုပ်ငန်းရှင်အသင်းရုံး၌ စားသုံးဆီလက် လီရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဟင်္သာတမြို့နယ်အတွင်း ကုန်စုံဆိုင်လုပ်ငန်း ရှင်များမှတစ်ဆင့် အိမ်ထောင်စုများအား ဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ စားအုန်းဆီ ရောင်းချသော ကုန်စုံ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထား ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ် မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင် များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်း များတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်းသိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် မုန့်ဖတ်လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ခန်းမဆောင်၌ မုန့်ဖတ်လုပ်ငန်းရှင်(၈)ဦးအား ထုတ် ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင် စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်များ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ပေးစေလို ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များ သိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊သတ်မှတ်ထားသောစံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေးစသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင် များမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

သဘာဝမြေဆီသန့် ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် သဘာဝမြေပဲဆီသန့် ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

     အဆိုပါစစ်ဆေးမှုတွင် သဘာဝမြေပဲဆီရောင်းချသောဆိုင်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ ဖော်ပြထားခြင်း၊ စားသုံးသူကာကွယ်ရေးဥဒေတွင် အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ရောင်းချရန်နှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများကို အရောင်းချရန်တို့ကို မှာကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

       (DOCA) ဧရာဝတီ

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

      အဆိုပါစစ်ဆေးမှုတွင် စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ် လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

       (DOCA) ဧရာဝတီ

ကျောင်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်းရှိ စိန်ငါးပွင့်ဆန်စက်အား ဈေးနှုန်း/ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ စိန်ငါးပွင့် ဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ စိန်ငါးပွင့်ဆန်စက် လုပ်ငန်းရှင်  ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ် သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

       (DOCA) ဧရာဝတီ

“ဆိပ်မ”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

     ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ဆိပ်မ”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

     အဆိုပါတွေ့ဆုံပြောကြားရာတွင် “ဆိပ်မ” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံ မှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ဆိပ်မ”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

စားသုံးသူကာကွယ်ရေးပြည်သူအသိပညာပေး Talk Show ပြုလုပ်

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှ စားသုံး သူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ၂၂အရ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ သိကောင်းစရာခေါင်းစဉ်ဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါပုဒ်မ၂၃၊ပုဒ်မ၂၄ပါ အာမခံချက်ပေးမှုသိကောင်းစရာများကို  ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ဒေးဒရဲမြို့‌“ရွှေမောင်း”စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် အစားအသောက်ရောင်းချသည့် စားသောက် ဆိုင်များအားဈေးကွက်စစ်ဆေးခြင်းကိုမြို့နယ်ကျန်းမာရေးအဖွဲ့နှင့်အတူ  ၂၁-၁၁-၂၀၂၅ နေ့ မွန်းလွဲ(၂)နာရီအချိန်က  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
  ထိုသို့စစ်ဆေးရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစွာရှိရေး၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏တစ်ကိုယ်ရည်သန့်ရှင်းရေး၊အစားအသောက်များ  လတ်ဆတ်သန့်ရှင်းရေး၊ ပေးအပ်သည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက် အလက်များကို အသိပေးဖော်ပြပေးနိုင်ရေး၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား အရွယ်အလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနိုင်ရေး စသည့်အချက်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

လှိုင်သာယာမြို့နယ်ရှိ ဆန်စက်များအား MyRo တွင် ဆန်စပါးလက်ကျန်ဖြည့်တင်းနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

     (၂၇.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးလှစိုးနှင့်ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်စက်များသို့သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး၊ ဦးလှစိုးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့်သတ်မှတ် ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်   ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင် ရေးဆွေးနွေးခဲ့ပြီး၊ ဆန်စပါးလက်ကျန် အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ