Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းစိစစ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် (၄) ရပ်ကွက် ၊ ပိတောက်လမ်းရှိ ဒေါ်တင်ဝေ ပိုင် “စည်းစိမ်” ခေါက်ဆွဲဖိုသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

 “စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန်ဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့ အသုံးပြုမှု အနေဖြင့် ဆန်ကြမ်းအိတ် (၁) အိတ်ခွဲ အသုံးပြုရပြီး မုန့်ပိဿာချိန် (၇၀) ထွက်ရှိပါသည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် တစ်ပိဿာလျှင် (၂၈၀၀) ခန့် မြို့နယ်အတွင်း၌သာ ရောင်းချပါသည်။ လုပ်သားဦးရေ (၅) ဦးထားရှိပြီးတစ်လလျှင်  လုပ်ခအနေဖြင့် (၂) သိန်းကျပ်ပေးရပါသည်။

   ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ အသုံးပြုမှုမရှိစေရေး ၊ အလေးချိန် အချိန်အတွယ် ပြည့်မီမှန်ကန်စေရေး တို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်(၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်း စစ်ဆေး

     ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် (၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဧရာတမာသောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ် အနေဖြင့် (၆)ဘူးပါ ၁လီတာ အကဒ်ရေ (၁၂၀) ကဒ် ထုတ်လုပ်၍ ဒေသအတွင်း ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါ သည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် (၆) ဘူးပါ ၁လီတာ တစ်ကဒ် လျှင် (၂၅၀၀) ကျပ်ဖြင့် လက်ကားရောင်းချပေးလျက်ရှိပြီး လုပ်သားဦးရေ (၂)ဦး ခန့်ထားပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက်ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ် ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

(Doca ဧရာဝတီ)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိရာ (၂၆.၁၀.၂၀၂၅) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏ အခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းအား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသော စားသုံးဆီ(ဘူးသွင်းဆီ) များအား စိစစ်ခြင်း

     ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် မြို့မ (၅) ရပ်ကွက်ရှိ ကုန်မျိုးစုံ ဆိုင်တွင်‌ ရောင်းချနေသော စားသုံးဆီ(ဘူးသွင်းဆီ) များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ရောင်းချနေသော Lotus ၊ Meizan ၊ Duck အမှတ်တံဆိပ်ပါ (ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိမှု အခြေအန၊ အလေးချိန်ကို ပိဿာ (ကျပ်သား) ဖြင့် ဖော်ပြထားရှိမှု အခြေအနေ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်မှု မရှိပါကြောင်း ကွင်းဆင်းခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် Online Sale နှင့် ပက်သက်၍ သင်တန်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်သည် Online Sale ရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား (၂၄.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်  (၁၃:၀၀) နာရီ အချိန်တွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ Online Sale နှင့် ပက်သက်၍ သင်တန်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ သင်တန်းတွင် ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က Online Sale နှင့် ပက်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမည် ၊ လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်မှန်ကန်မှုများ ရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်း၏ အမှတ်တံဆိပ် နှင့် လုပ် ငန်းရှင်၏ မှတ်ပုံတင် မှန်ကန်မှု၊ နိုင်ငံသား ဖြစ်ရန်လိုအပ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့သည်။၎င်းအပြင် လျှောက်ထားသူသည် အမည်ပျက် စာရင်း(BlackList) တွင် ပါဝင်ခြင်းမရှိကြောင်း ထောက်ခံချက်၊ ကန့်သတ်ထားသော ကုန်စည် (သို့) ဥပဒေနှင့် ငြိစွန်းထားသော ကုန်စည် များ ရောင်းချခြင်းမပြုစေရေး နှင့် စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စည်းမျဉ်းစည်းကမ်း များ၊ ပြစ်မှု ပြစ်ဒဏ်များ အကြောင်း အသိပညာပေး  သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်MSMEလုပ်ငန်းဖွံ့ဖြိုးရေး"ဆန်းလှဝေ" ဆန်စက်သို့ ကွင်းဆင်း ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊      ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာ၀န်ခံနှင့်၀န်ထမ်းတို့သည်  ဒေးဒရဲမြို့နယ်  ဘုရားကလေးကွင်းကျေးရွာရှိ"ဆန်းလှ‌ဝေ" ဆန်စက် သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့်   MSMEလုပ်ငန်းဖွံ့ဖြိုးရေးကွင်း ဆင်းလေ့လာ စိစစ်ခြင်းကို (၂၄.၁၁.၂၀၂၅)ရက်နေ့တွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်းလှဝေဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့်ထွက်ရှိလာသောဆန်များကိုရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/ စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကို ဆွေးနွေးပြီးလုပ်ငန်းရှင်တို့ ၏ကုန်စည်အပေါ်အာမခံချက်ပေးနိုင်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

‘ထူးသစ်”ဆန်စက်သို့MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     ဖျာပုံခရိုင်၊  ဒေးဒရဲမြို့နယ် စားသုံးသူ‌ရေးရာဦးစီးဌာနမှ  မြို့နယ်တာ၀န်ခံနှင့်နှင့် ဝန်ထမ်း တို့ သည် (၂၄.၁၁.၂၀၂၅) နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် ဒေးဒရဲမြို့နယ်ဘုရားက‌လေးကွင်း ကျေးရွာ သို့ သွားရောက်၍   ထူးသစ်ဆန်စက်တွင်ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက် အခြေအနေ များ၊  သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊  MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို     ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
       အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင် ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက် ရန် ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပို့မှု အခြေအနေများ၊  ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများကို   စစ်ဆေးခဲ့ပြီး     ဆန်စက် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ကျောင်းကုန်းမြို့နယ်  မော်တော်ယာဉ်အသင်းဥက္ကဌနှင့်တွေ့ဆုံ ကွင်းဆင်းဆွေးနွေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (:၃၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ မော်တော်ယာဉ်အသင်းဥက္ကဌ ဦးစိန်ဝင်းနှင့် ဆွေးနွေးသည်မှာ ယခုအခါတွင် မော်တော်ယာဉ်များ ဆန်များတင်ဆောင်ရာတွင်လည်းကောင်း၊ ဆန်ကွ၊ ဖွဲနုများ တင်ဆောင်ရာတွင် လည်းကောင်း၊ ၎င်းတို့တင်ဆောင်ရာတွင် ကုန်တင်ပို့လွှာများကို ယူဆောင်သွားကြရန်တို့ကို  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များရှိ စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ အခြေခံစား သောက်ကုန်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

   ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများ မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

     ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ /မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်း ရရှိပါသည်။

(DOCA) ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ