Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေပျားပဲငံပြရည်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နေ့လယ် (:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်အမှတ်(၄)ရပ်ကွက်အတွင်းရှိ ရွှေပျားပဲငံပြာရည် ရောင်းချသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

ရွှေပြည့်လျှံနှမ်းကပ်ကွတ်ကီးမုန့်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၅)အတွင်းရှိ ရွှေပြည့်လျှံ နှမ်းကပ် ကွတ်ကီးရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့်ကုန်ဈေးနှုန်းများ တည်ငြိမ် စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချ ရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

လျှော်မွှေးအဝတ်လျှော်ရည်ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ  လျှော်မွှေးဘူးများ ရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

မြို့မဈေးကြီး အတွင်းရှိ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းကောက်ယူခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ အခြေခံစားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသား၊ ငါး အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် အခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်း ဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်း ရရှိပါသည်။

(DOCA) ဧရာဝတီ

ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (10:30)အချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ Myro မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  Myro မှတ်ပုံတင်ရန် လိုအပ်ချက်များကို ပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

       (DOCA) ဧရာဝတီ

 

ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (10:30)အချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဆန်စက် လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ Myro မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  Myro မှတ်ပုံတင်ရန် လိုအပ်ချက်များကို ပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

       (DOCA) ဧရာဝတီ

ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

       (DOCA) ဧရာဝတီ

ဧရာဝတီ ဆန်စက်သိုလှောင်ရုံ ဆန်ပြည်ပတင်ပို့နိုင်မှု အခြေအနေနှင့် သိုလှောင်ရုံ ဆန်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး

    ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ  UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) သိုလှောင်ထားသောဆန်/ ဆန်ကွဲ အခြေအနေများ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေများ မြေပြင်သိုလှောင်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အဖွဲ့စုံဖြင့် ၂၂-၁၁-၂၀၂၅  ရက်နေ့ နေ့လယ်  ၁၂နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ုမီဇင် ဒု-ဦးစီးမှူး လိုက်ပါပူးပေါင်း စစ်ဆေးခဲ့ပြီး UAPPT ဆန်စက်တာရှိရှိသူနှင့်အတူ သိုလှောင်ရုံအခြေအနေများကို ကြည်ရှု စစ်ဆေးပြီး ဆန်/ ဆန်ကွဲသိုလှောင်ထား ရှိမှုမြေပြင်အမှန်တကယ်အခြေအနေများ၊ ပိုကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ သိုလှောင်ရုံ ရထုတ်ကျန်၊ ကုန်ကိုက်ညီမှု ရှိ/မရှိကို ကြည့်ရှုခြင်း၊ ပို့ကုန်နှစ်ဆ နိုဝင်ဘာလအထိ ပြည်ပပို့ကုန် ဆန်/ဆန်ကွဲ၊ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန် တင်ပို့မှုအခြေအနေများကို ကြည်ရှု စစ်ဆေးခြင်း ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားရှိမှု၊ ဆန်စက်မှကြိတ်ခွဲပြီး ဆန်များကို ပြည်တွင်းဈေးကွက်ရောင်းချခြင်းရှိပါက အွန်းလိုင်းရောင်းချမှုလုပ်ငန်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်မှု အခြေအနေများ၊ လစဉ် ရ၊ ထုတ်ကျန် စာရင်းများ MyRo တွင် ဖြည့်သွင်းဆောင်ရွက်ထားရှိမှု စာရင်းများကို ကြည်ရှုစစ်ဆေးခဲ့ပြီး ဌာန၏ လမ်းညွှန်ချက်၊ များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရပ်ကွက်ပြည်သူများအား စားသုံးသူကာကွယ်ရေးနှင့် အွန်လိုင်းကုန်စည်ဝယ်ယူမှု လုပ်ငန်းအကြောင်း အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှာ တာဝန်ရှိသူများသည် ၂၂-၁၁-၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ၇ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ()ရပ်ကွက်နေပြည်သူ (၂၀)ဦးအား ဖိတ်ကြာ၍ စားသုံးသူကာကွယ်ရေးနှင့် အွန်လိုင်း စနစ်ဖြင့် ကုန်စည် ဝယ်ယူရာတွင် စားသုံးသူအခွင့်အရေးမနှစ်နာစေရန် အွန်လိုင်မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်ပြီးသော လုပ်ငန်းရှင်များထံ ကုန်စည်ဝယ်ယူခြင်းဖြင့် အားသာချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

      စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူး ရှိ က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲဖြစ်ပေါ်လာသည့်ကို အကျယ်တဝင့်ရှင်း လင်းပြော ကြားပြီး၊ စားသုံးသူများအနေဖြင့် အွန်လိုင်း မှတဆင့် ဝယ်ယူသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေး ဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့် အချက်များ၊ စားသုံးသူများ လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုကို အသုံးပြုရာတွင် အွန်လိုင်းမှ ဝယ်ယူအသုံးပြုလိုပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချ သော Page များ အွန်းလိုင်းမှတ်ပုံတင်ပြီးစိတ်ချရသော Pageများကသာ ဝယ်ယူ အသုံးပြုရန်၊ စားသုံးသူ များအနေ ဖြင့်  ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူ အသုံးပြုရာတွင် လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချသည့် လုပ်ငန်းရှင်များကြောင့် နစ်နာဆုံးရှုံးမှုရှိပါက မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနရှိ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC)သို့ တိုင်ကြား နိုင်မှုနှင့် တိုင်းဒေသ ကြီးဦးစီးမှူးရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်ရှိ Website နှင့် အခြားတိုင်ကြားနိုင်သည့် နည်းလမ်းများ ဌာန၏ လက်ရှိ လုပ်ဆောင်ချက်များ ကိုရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ပဲလုပ်ငန်းရှင် များနှင့် တွေဆုံ၍ ဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၁.၁၁.၂၀၂၅ )ရက်နေ့၊ နေ့လယ်  ()နာရီအချိန်တွင် ညောင်တုန်းမြို့   ပဲလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ ၍  အသင်း၏လက်ရှိ ဆောင်ရွက်နေမှုများနှင့် ပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက် အခြေအနေများအာ အသင်းရုံးအဖွဲ့ဝင်များ ရပ်ကွက် နေအိမ်တွင် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆွေးနွေးရာ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက မြို့နယ် ဒေသတွင်း  ၂၀၂၅-၂၀၂၆ခုနှစ် ပဲစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် ထွက်ရှိလာသော ပဲများကို ရောင်းဝယ်နေမှုမှ  ရန်ကုန်တင်ပို့မှုအခြေအနေများ၊ ပဲပြည်ပတင်ပို့ရာတွင် အရည်အသွေးပြည့်မီသော ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိနိုင်ရေးကို ဆွေးနွေးခြင်း၊ ပဲပေါ်ရာသီတွင် ပဲဈေးနှုန်း ခိုင်မာလာစေရေးတို့ကို ဆွေးနွေးခြင်း ပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ ဧကကုန်ကျစရိတ်သက်သာရေး၊ ပဲအထွက်တိုးရေး၊ဈေးနှုန်းဈေးကွက် ကောင်းမွန်ရေး၊ တောင်သူများအကျိုးဖြစ်ထွန်းရေး၊ အသင်းအဖွဲ့များ ရှင်သန်လည်ပတ် ဆောင်ရွက်မှု အားအောင်မှု လုပ်ငန်းဖွဲ့ဖြိုးတိုးတက်စေရေးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး  သက်ဆိုင်ရာဌာနဆိုင်ရာများမှ စိုက်ပျိုးမှုနည်းပညာများကို လိုက်နာဆောင်ရွက်ပြီး မျိုးကောင်းမျိုး သန့်ရရှိရေး၊ အထွက်နှုန်းကောင်းစေရေး၊ ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများအား၊ ပဲများထွက်ရှိလာပါက စိုက်ပျိုးမှု ကုန်ကျစရိတ်နှင့် အထွက်နှုန်း အကျိုးအမြတ် အခြေအနေများကို ကွင်းဆင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ